၁၃ ရာစုနှစ်က ကမ္ဘာ့မြေအကျယ်အဝန်းရဲ့ ငါးပုံတပုံကို အောင်နိုင်သိမ်းပိုက်ခဲ့ပြီး မွန်ဂိုအင်ပိုင်ယာကို ထူထောင်ခဲ့သူ ဧကရာဇ်ဘုရင်ကြီး ဂျင်ဂစ်ခန်ရဲ့ ၈၅၅ နှစ်ပြည့် မွေးနေ့ပွဲကို မွန်ဂိုလီယာနိုင်ငံ၊ Tuv Aimag မှာ ကျင်းပခဲ့တာပါ။ ကမ္ဘာတလွှား ခရီးသွားအစီအစဉ်မှာ ကိုကျော်ကျော်သိန်း တင်ဆက်သွားပါတယ်။
အီဂျစ်နိုင်ငံက ဗလီတခုကို IS စစ်သွေးကြွတွေဝင်ပစ်တာကြောင့် လူပေါင်း ၂၃၅ ယောက်ထက်မနည်း သေဆုံးခဲ့ တယ်လို့ အီဂျစ်သတင်းဌာနတွေက ပြောကြပါတယ်။
Corvette ပြိုင်ကားအမျိုးအစားတွေထဲ အမြန်ဆုံးလို့ဆိုတဲ့ကားမျိုးကနေ ကမ္ဘာ့ ပထမဆုံး တိုင်တေနီယမ်ကိုယ်ထည်နဲ့ လုပ်ထားတဲ့ ကားမျိုးအထိ ဒူဘိုင်းကားပြပွဲမှာ တွေ့နိုင်ပါတယ်။ ကိုကျော်ကျော်သိန်းက ဒူဘိုင်းက ကားပြပွဲအကြောင်း ကမ္ဘာတလွှား ခရီးသွားအစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံခရီးစဉ်အတွက် ပြင်ဆင်နေတာနဲ့အမျှ မြန်မာလူထုအားလုံးကို နှုတ်ခွန်းဆက်သပြီး ချစ်ကြည်ရင်းနှီးမှု သတင်း စကားပါးလိုပါတယ်လို့ အစချပြီးတော့ ပုပ်ရဟန်းမင်းကြီး Francis က သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ်အတွင်း “ပြန်လည်သင့်မြတ်ခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ ငြိမ်းချမ်း ခြင်း” တို့ကို ဆောင်ကျဉ်းယူလာလိုပါတယ်လို့ ကြာသပတေးနေ့က မိန့်ကြားလိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ အတိုက်အခံပါတီကို တရားရုံးချုပ်က ဖျက်သိမ်းလိုက်တာကြောင့် တပါတီစနစ်အုပ်ချုပ်ရေး ကို ပိုပြီး ခိုင်မာသွားစေပြီဖြစ်ပါတယ်။ ဒီလုပ်ရပ်ကြောင့် ကမ္ဘောဒီးယားမှာ ဒီမိုကရေစီကိုတည်ဆောက်ဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်း ခဲ့တာတွေ သဲထဲရေသွန်ဖြစ်သွားပြီလို့ ဝေဖန်သူတွေကပြောပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေး WTO မျှော်စင်ညီနောင် အဆောက်အဦးတွေကို ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်တာကိုပုံဖော်တဲ့ အနုပညာပြပွဲတခုကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ ကျင်းပခဲ့တာပါ။ ကိုကျော်ကျော်သိန်းက ကမ္ဘာတလွှားခရီးသွားအစဉ် တင်ဆက်ပေးထားပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် သန်းဝက်ကျော်ထဲမှာ သုံးပုံတပုံဟာ အထူး ကူညီထောက်ပံ့မှုတွေ လိုနေတယ်လို့ ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNHCR က ကောက်ယူတဲ့ စစ်တမ်းတခုမှာ တွေ့ရပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့ကတည်းကဆိုရင် ရိုဟင်ဂျာဒုက္ခသည် ၆၁၁,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတယ်လို့ ကုလသမဂ္ဂကပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က America First အမေရိကန်ပထမဆိုတဲ့ နိုင်ငံခြားရေးမူဝါဒကို ချမှတ် ထားပေမဲ့လဲ ရခိုင်ပြည်နယ်အရေးကို အမေရိကန်အစိုးရအနေနဲ့ အလေးထား လုပ်ဆောင်နေပါတယ်လို့ နိုင်ငံခြားရေးဌာန၊ အကြီး တန်းတာဝန်ရှိသူတဦးက ပြောလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲမှာ HIV ရောဂါပိုးရှိနေသူတွေကို တွေ့ထားရပြီး သူတို့ကို ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဌာနက ဆေးဝါး ကူညီထောက်ပံ့ပေးနေပါတယ်။ သူတို့တွေဟာ ဒုက္ခသည်စခန်းအသီးသီးမှာ ပြန့်ကျဲနေကြပြီး စခန်းတွေထဲမှာပဲ ဆက်ပြီး နေထိုင်နေကြတယ်လို့ Cox’s Bazar ဒေသ ကျန်းမာရေးတာဝန်ရှိသူတဦးက ဗွီအိုအေ ကိုပြောပါတယ်။
တောင်အာဖရိကမှာ ကမ္ဘာလှည့်ခရီးသည်တွေ ရထားစီးရင်း တောတောင်ရေမြေသဘာဝအလှကို အေးအေးဆေးဆေးခံစားနိုင်အောင် ရေနွေးငွေ့ရထားတွေကို ပြုပြင်ပေးထားလို့ ခရီးသွားတွေသဘောကျပြီး လုပ်ငန်းတိုးတက်မှုတွေရှိပေမယ့် ရေရှည်အတွက်တော့ စိန်ခေါ်မှုတွေရှိနေပါတယ်။ ကိုကျော်ကျော်သိန်းက ကမ္ဘာတလွှားခရီးသွားအစဉ် တင်ဆက်ပေးထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသမှာ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာ ဒုက္ခသည် ကလေးငယ်တွေကို စနေနေ့က ကာလဝမ်းရောဂါ ကာကွယ်ဆေး ဒုတိယအဆင့် တိုက်ကျွေး ခဲ့ပါတယ်။
ဗြိတိန်နိုင်ငံက ချောကလက်ပွဲတော်မှာ ပီကာဆို၊ ဒါဗင်ချီနဲ့ ဗန်ဂိုးတို့လို ကမ္ဘာကျော် ပန်းချီပညာရှင်တွေရဲ့ပန်းချီကားတွေကို ချောကလက်သုံးပြီး ပြန်ရေးဆွဲပြထားသလို ဆန်းသစ်တီထွင်ထားတဲ့ ချောကလက် အမျိုးမျိုးကိုလဲ မြည်းစမ်းကြည့်နိုင်တာပါ။ ကိုကျော်ကျော်သိန်းနဲ့အတူ သွားလေ့လာရအောင်ပါ။
Catalonia ဒေသကို စပိန်နိုင်ငံကနေခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာလိုက်ပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ Catalan အစိုးရကို ထုတ်ပစ်လိုက်ကြောင်းနဲ့ လွှတ်တော်ကိုပါ ဖျက်သိမ်း လိုက်တဲ့အကြောင်း စပိန်ဝန်ကြီးချုပ်က ကြေညာပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရဲ့ အာဖဂန်နစ္စတန်နိုင်ငံ ခရီးစဉ်အတွင်း အာဖဂန်ခေါင်းဆောင် တွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲကို အမေရိကန်စစ်အခြေစိုက်စခန်းထဲမှာ လုပ်ခဲ့တာကိုထောက်ပြပြီး ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက ဝေဖန် ပြောဆိုလိုက်ပါတယ်။ အမေရိကန်နဲ့ ပါကစ္စတန် နှစ်နိုင်ငံအကြား ဆက်ဆံရေးနဲ့ပတ်သက်လို့ ပါကစ္စတန်ရဲ့ ရပ်တည်ချက် ကိုလဲ ပါကစ္စတန်လွှတ်တော်မှာ နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
Wi-Fi သုံးပြီး အင်တာနက်ချိတ်ဆက်ချိန်မှာ အဲဒီ Wi-Fi ဆက်သွယ်ရေးမှာ ရှိနေနိုင်တဲ့ လုံခြုံရေးပိုင်း အားနည်းချက်ကို အသုံးပြုပြီး မသမာသူတဦးဦးက ခိုးဝင်နိုင်တဲ့ အန္တရာယ်အကြောင်း ဒီသီတင်းပတ် ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ ကိုကျော်ကျော်သိန်းက မအင်ကြင်းနိုင်နဲ့အတူ တင်ပြထားပါတယ်။
ချက်သမ္မတနိုင်ငံ၊ Prague မြို့တော်မှာ နှစ်စဉ်ကျင်းပနေကျ မီးအလှပွဲတော်ကို အောက်တိုဘာလ ၁၂ ရက်နေ့က နေ ၁၅ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ Prague မြို့တော်ကအထင်ကရနေရာတွေမှာလုပ်တဲ့ ဒီပွဲတော်ဆီကို ဒီသီတင်းပတ် ကမ္ဘာတလွှား ခရီးသွားအစီအစဉ်မှာ ကိုကျော်ကျော်သိန်းနဲ့အတူ ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေ သွားလေ့လာရအောင်ပါ။
မြန်မာ့နိုင်ငံရေးပါတီတွေနဲ့ တရုတ်ကွန်မြူနစ်ပါတီကြား ပူးပေါင်းလုပ်ဆောင်ရေးကို အလေးထား တဲ့အကြောင်း ပါတီ ထိပ်တန်းတာဝန်ရှိသူတဦးက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်