မြန်မာနိုင်ငံမှာ ဒီနှစ်ပိုင်းတွေအတွင်း ခေတ်စားလာတဲ့ Digital Marketing အွန်လိုင်းဈေးကွက်စီးပွားရေးက နိုင်ငံရဲ့နည်းပညာ တိုးတက်မှုကြောင့် ပိုပြီးတွင်ကျယ်လာရတယ်လို့ အွန်လိုင်းဈေးကွက်စီးပွားရေးကျွမ်းကျင်သူ မစန္ဒီစိန်သိန်းကပြောပါတယ်။ Digital Marketing အကြောင်း ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
မဲခေါင်မြစ်ထဲမှာ ၄ နိုင်ငံ ပူးတွဲကင်းလှည့်လုပ်ငန်းကို မပြတ်လုပ်နေပြီး တရုတ်နိုင်ငံဟာ အဓိကအခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ပူးတွဲကင်းလှည့်တဲ့အတွက် မဲခေါင်မြစ်အတွင်း မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်တာနဲ့ တခြား ဒုစရိုက်လုပ်ငန်းတွေ ကျဆင်းသွားတယ်လို့မြင်ကြပါတယ်။ ရိုက်တာသတင်းလွှာကို ကိုကျော်ကျော်သိန်း တင်ပြထားပါတယ်။
နောက်ဆုံးထုတ် ခေတ်မီကားတွေမှာ ပါလာတဲ့ အဆင့်မြင့်နည်းပညာတွေနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ ကမ္ဘာကြီးကို အာကာသထဲကနေ ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကနေ ကမ္ဘာဂြိုဟ် ကောင်းကျိုးဖြစ်အောင် ဘာတွေများ လုပ်ဆောင်နိုင်သလဲ … နည်းပညာလောကမှာ အမျိုးသမီး တွေအတွက် နေရာကောင်းကောင်းရဖို့ လွယ်ပါရဲ့လား … စတာတွေကို ဒီသီတင်းပတ် သိပ္ပံနဲ့ နည်းပညာကဏ္ဍမှာ ကိုကျော်ကျော်သိန်းက တင်ဆက်ထားပါတယ်။
ရခိုင်အခြေအနေကို လူမျိုးတုန်းသုတ်သင်ရှင်းလင်းမှုအဖြစ် လွှတ်တော်အမတ်တွေက ရည်ညွှန်းပြောဆိုမှုရှိပေမယ့်လည်း နိုင်ငံခြားရေးဌာနဘက်ကတော့ တိတိကျကျ မဖြေဆိုသွားပါဘူး။ ကြာသပတေးနေ့က ကျင်းပတဲ့ အမေရိကန် အောက်လွှတ်တော်နိုင်ငံခြားရေး ကော်မတီ ကြားနာပွဲမှာ ပြောဆိုသွားတဲ့ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကအခြေအနေကို Ethnic Cleansing လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုအဖြစ် အမေရိကန်လွှတ်တော်အမတ်တွေက ရည်ညွှန်းပြောဆိုတာတွေ ရှိနေပေမဲ့လဲ အမေရိကန် နိုင်ငံခြားရေးဌာနဘက်ကတော့ ဒါနဲ့ ပတ်သက်ပြီး တိတိကျကျ ဖြေဆိုသွားတာမရှိပါဘူး။ ဒီအခြေအနေဟာ ကြေကွဲဖွယ် လူသားဘေးဒုက္ခတခုဖြစ်တယ်လို့ပဲ နိုင်ငံ ခြားရေးဌာန တာဝန်ရှိသူတဦးက ပြောဆိုပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က အစိုးရအဖွဲ့ထဲကနေ သူ နုတ်ထွက်ဖို့ အခြေအနေထိ ဖြစ်ခဲ့တယ် ဆိုတဲ့သတင်းကို အခိုင်အမာ ငြင်းလိုက်ပါတယ်။ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ သမ္မတရဲ့မူဝါဒတွေကို အခိုင်အမာ ထောက်ခံတဲ့အကြောင်းလဲ ထပ်ပြီး ပြောပါတယ်။
ရခိုင်ပြည်အရေးနဲ့ဆက်စပ်ပြီး မြန်မာနိုင်ငံအပေါ် ဖိအားပေးနေတာတွေနဲ့ ပတ်သက်လို့ မပြတ် ထိတွေ့ဆက်ဆံပြီး တော့ ရှင်းလင်းပြောဆိုသွားမှာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုဆိုင်ရာ၊ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက ဗွီအိုအေကို ပြောပါတယ်။
အမေရိကန်အောက်လွှတ်တော်မှာ လုပ်ခဲ့တဲ့ မြန်မာ့အရေး ကြားနာပွဲအတွင်း မြန်မာအစိုးရဘက်က တဦးဦးသာ ရှိနေမယ်ဆိုရင် မြန်မာအစိုးရဘက်က တုန့်ပြန် ပြောတာကိုလဲ နားထောင်ခွင့်ရမယ်လို့ ကြားနာပွဲ တက်ရောက်တဲ့ လွှတ်တော်အမတ်တချို့က ပြောခဲ့ကြတာပါ။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က အခြေအနေအရပ်ရပ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ စက်တင်ဘာ လ ၂၈ ရက်၊ ကြာသပတေးနေ့က တံခါးဖွင့်အစည်းအဝေးတခုလုပ်ခဲ့ပါတယ်။ ဒီအစည်းအဝေးအတွင်း အတွင်းရေးမှူးချုပ်က ကောင်စီကို အစီရင်ခံတင်ပြသလို လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေကလဲ ရခိုင်ပြည်နယ်အခြေအနေနဲ့ပတ်သက်ပြီး သူတို့ရဲ့ စိုးရိမ်ချက်တွေနဲ့ မြန်မာအစိုးရကို တိုက်တွန်း တောင်းဆိုတာတွေကို အသီးသီးပြောသွားကြပါတယ်။
မြန်မာအစိုးရနဲ့ စစ်ဘက်ဆက်ဆံရေးအပေါ် ပြန်လည်သုံးသပ်ဖို့၊ မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေ ပြဌာန်းဖို့ အမေရိကန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီမှာ ဗုဒ္ဓဟူးနေ့က ကြားနာပွဲကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ပြောပြပါလိမ့်မယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာတွေ၊ ဒုက္ခသည်အခြေအနေတွေနဲ့ပတ်သက်ပြီး အမေရိကန် အောက်လွှတ်တော်မှာ ကြားနာပွဲလုပ်ခဲ့ပါတယ်။
ကိုယ့်ရဲ့ကိုယ်ပိုင် drone ယာဉ်ငယ်ကို တနေ့ကျရင် ကိုယ်ဘယ်သွားသွား ယူသွားလို့ ရလာတော့မှာပါ။ Selfly လို့ခေါ်တဲ့ အဲဒီ drone ယာဉ်ငယ်ကို စမာ့တ်ဖုန်းနဲ့ တွဲထားပြီး ဖုန်းအိမ်ထဲမှာ ထည့်ထားလို့ရပါတယ်။ ဒီအကြောင်း Deborah Block ရဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
ဒီနှစ် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပချိန်ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ဆိုင်ရာလုပ်ဆောင်ချက်တွေ ပိုတိုးလာနေချိန်၊ မြန်မာနိုင်ငံမှာ လူသားဘေးဒုက္ခအကျပ်အတည်း မြင့်မားလာချိန်နေနဲ့တိုက်ဆိုင်နေပါတယ်။ Margaret Besheer ရဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်း တင်ပြထားပါတယ်။
နှစ်စဉ်ကျင်းပနေကျ ကုလသမဂ္ဂအထွေထွေညီလာခံကို ဒီသီတင်းပတ်မှာ စတင်ကျင်းပနေပြီး ကမ္ဘာပေါ်က ပဋိပက္ခအခြေအနေအရပ်ရပ်ကို ကမ္ဘာ့ခေါင်းဆောင်တွေ ဆွေးနွေးကြမှာပါ။
ဓာတ်ပုံသတင်းထောက် ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်တို့အပေါ် သူလျှိုလုပ်မှုနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက စွပ်စွဲထားတာဟာ အဓိပ္ပါယ်မဲ့လွန်းတယ်လို့ ကိုမင်းဇေယျာဦး အလွတ်တန်း ဓာတ်ပုံသတင်းထောက်အဖြစ် လုပ်ကိုင်နေတဲ့ ဗြိတိန် အခြေစိုက် Panos Pictures ဓာတ်ပုံလုပ်ငန်းကုမ္ပဏီ ဒါရိုက်တာက ပြောပါတယ်။
iPhone 8 မှာ ပါလာတဲ့ နည်းပညာသစ်တွေ၊ လက်ဗွေခိုးမယ့် နည်းပညာပေါ်နေသလို ကာကွယ်လို့ရတဲ့နည်းလမ်းလဲ ရှိနေပြီဆိုတဲ့ အကြောင်းနဲ့ မျိုးဆက်သစ်ပညာရှင်တွေအတွက် အာကာသသိပ္ပံဆိုင်ရာ အလုပ်အကိုင် အခွင့်အလန်းတွေ ပေါ်လာတော့မယ့် အကြောင်း ဒီသီတင်းပတ် သိပ္ပံနဲ့နည်းပညာကဏ္ဍမှာ တင်ဆက်ထားပါတယ်။
ဆိုးရွားတဲ့ အကြမ်းဖက် သံသရာ အဆုံးသတ်စေဖို့၊ လုံခြုံရေး ပေးဖို့နဲ့ လိုအပ်နေသူတွေ အားလုံးကို အကူအညီတွေ ပေးဖို့ မြန်မာအာဏာပိုင်တွေ အနေနဲ့ အခိုင်အမာ လုပ်ဆောင်ရပါမယ်။
လက်ဗွေတွေဟာ နေရာအမျိုးမျိုးမှာ ကျန်နေနိုင်တယ်ဆိုတာ ကျနော်တို့သိထားပါတယ်။ ဒါပေမဲ့ အခုတော့ ဒစ်ဂျစ်တယ်လ် ဓာတ်ပုံကနေ လက်ဗွေတွေကို ခိုးယူလို့ရတဲ့ နည်းပညာရှိနေပါပြီ။ ဗွီအိုအေသတင်းထောက် Deborah Block ရဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
Samsung နဲ့ LG တို့က ဒီနှစ်အတွက် သူတို့ရဲ့ဖုန်းသစ်တွေ ထုတ်ထားပြီးပါပြီ။ ဒါကြောင့်လည်း အသစ်ထွက်မယ့် iPhone 8 အပေါ် မျှော်လင့်ချက်တွေက သိပ်မြင့်နေပါတယ်။ iPhone အသစ်မှာ ဘာတွေများ ပါလာပါမလဲ။ ဗွီအိုအေသတင်းထောက် George Putic ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
သုံးပြီးသား ရေဆိုးတွေကို နည်းပညာမျိုးစုံသုံးပြီး ပြန်သန့်စင်နိုင်အောင်လုပ်ဖို့ ကြိုးစားနေကြတဲ့အကြောင်းနဲ့ အင်တာနက် ဆက်သွယ်ရေးနည်းလမ်းနဲ့ တိုက်ရိုက်ချိတ်ဆက်တဲ့ ပစ္စည်းအသစ်တွေ ဒီသီတင်းပတ် သိပ္ပံနဲ့နည်းပညာကဏ္ဍမှာ ကိုကျော်ကျော်သိန်းက စုစည်းတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်