သမ္မတဟောင်းအိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်တို့အပါအဝင် ထင်ရှားတဲ့ လူပုဂ္ဂိုလ်တချို့ဆီ သံသယဖြစ်ဖွယ်အထုပ်တွေ ပို့တဲ့လုပ်ရပ်ကို သမ္မတထရမ့်ပ်က ပြစ်တင်ရှုတ်ချပါတယ်။
ယီမင်နိုင်ငံမှာ အစာရေစာ ငတ်မွတ်ခေါင်းပါးမယ့်အန္တရာယ်နဲ့ ရင်ဆိုင်ရဖွယ်ရှိနေသူ သန်းပေါင်းများစွာ အတွက် အစားအစာနဲ့ အဟာရဆိုင်ရာ အရေးပေါ် အစီအစဉ်ကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က အပြင်း အထန် လုပ်ဆောင်နေပါတယ်။
အိန္ဒိယနိုင်ငံက ရုရှားဆီကနေ ဒုံးလက်နက်ကာကွယ်ရေးစနစ် ဝယ်ယူတဲ့အပေါ် ပါကစ္စတန်က ဝေဖန် ပြောဆိုပါ တယ်။ အိန္ဒိယကတော့ ဒါဟာ သူတို့နိုင်ငံ ကာကွယ်ရေးကို ပိုအားကောင်းစေလိမ့်မယ်လို့ ပြောပါတယ်။
ရုရှားနိုင်ငံဟာ တာလတ်ပစ် နျူကလီးယားတပ်ဖွဲ့များဆိုင်ရာစာချုပ် (INF) ကို ချိုးဖောက်နေတယ်လို့ ဘယ်လ်ဂျီယမ်နိုင်ငံမှာ ကြာသပတေးနေ့ကလုပ်တဲ့ မြောက်အတ္တလန်တိတ်စာချုပ် NATO အဖွဲ့ အစည်းအဝေးတခုအတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး James Mattis က ပြောပါတယ်။
၂၀၁၈ ခုနှစ်၊ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် အမည်စာရင်း တင်သွင်းခံထားရသူတွေထဲမှာ ဂျာမန်ဝန်ကြီးချုပ်၊ ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးနဲ့ ထင်ရှားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးရှေ့နေတဦးတို့လည်း ပါနိုင်ခြေရှိတယ် ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ထားပါတယ်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ပတ်သက်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ဒ်က အပြင်းအထန် ဝေဖန် ပြောဆိုသွားပါတယ်။
ပါကစ္စတန်နိုင်ငံ၊ Swat တောင်ကြားက ဗုဒ္ဓရုပ်တုတခုကို အီတလီ ရှေးဟောင်းယဉ်ကျေးမှုပညာရှင်တွေ မကြာ သေးခင်ကပဲ ပြန်ပြီး ပြုပြင်ထိန်းသိမ်းလိုက်ပါတယ်။ အဲဒီရုပ်တုကို ဒေသတွင်းမှာ ဒုတိယအမြင့်ဆုံးရုပ်တုအဖြစ် ယူဆကြပါတယ်။ Swat ဒေသကနေ Fayaz Zafar ပေးပို့တဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားဝင် သတ်မှတ်ရေးဟာ အမေရိကန်အစိုးရအတွက် နောက်လုပ်ရမယ့်အဆင့် ဖြစ်ရပါမယ်။ ဒီဆိုးသွမ်းရက်စက်မှုတွေကို တကယ်ဖြစ်ထားတဲ့အတိုင်း သတ်မှတ်ရေးဟာ အဲဒီလုပ်ရပ်တွေ ရပ်ဆိုင်းသွားအောင် လုပ်ဖို့အတွက် နိုင်ငံတကာလူထု သတိပြုမိအောင်နဲ့ ထောက်ခံမှုရအောင် လုပ်တဲ့နေရာမှာ သိပ်ကိုအရေးကြီးပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ လာမယ့်ဧပြီလကျရင်ကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလ တနင်္ဂနွေနေ့မှာ တရားဝင် စတင်ပါပြီ။ “Jokowi” လို့ခေါ်ကြတဲ့ လက်ရှိသမ္မတ Joko Widodo နဲ့ စစ်တပ်ဗိုလ်ချုပ်ကြီးဟောင်း တဦးတို့ကြား အဓိက ယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲဖြစ်ပါတယ်။
ရခိုင်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို တရားဥပဒေနဲ့ အညီ အရေးယူဖို့ မလုပ်နိုင်ဘူးဆိုရင် နိုင်ငံတကာရာဇဝတ်တရားခုံရုံး ICC ကို လွှဲပြောင်းတာအပြင် တခြားနည်းလမ်းတွေကို ရှာဖွေရမယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို တရားဥပဒေနဲ့ အညီ အရေးယူဖို့ မလုပ်နိုင်ဘူးဆိုရင် နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး ICC ကို လွှဲပြောင်းတာအပါအဝင် လုပ်ဆောင်နိုင်မယ့် တခြားနည်းလမ်းတွေကို ရှာဖွေရမယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံတွင်း ဘယ်လိုကိစ္စတွေမှာ တိုးတက်မှု မြင်တွေ့လိုတယ်ဆိုတာကို အရင် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး Boris Johnson နဲ့ တခြားဝန်ကြီးတွေ မကြာသေးခင်ကာလတွေအတွင်း ပြောဆိုထားဖူးတာတွေထက် ပိုပြီးခိုင်မာတဲ့၊ ပိုပြီးထောက်ပြဝေဖန်တဲ့ နည်းမျိုးနဲ့ Jeremy Hunt က ပြောဆိုမယ်လို့ ကျနော်ယူဆပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်ကို စပြီးချုပ်ဆိုခဲ့ချိန်ကနေ ဒီကနေ့အချိန်ထိ စာချုပ်ရဲ့ အရေးပါမှုနဲ့ပတ်သက်လို့ ပြောဆိုတာမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာတွေကို အဓိက ထောက်ပြပြီး လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးကပြောသွားတဲ့အကြောင်း ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
ကွယ်လွန်သူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ရဲ့ နာရေးအခမ်းအနားကို သူ့ရဲ့ဇာတိမြေ ဂါနာမှာ လူမျိုးစု ဓလေ့ထုံးတမ်းတွေအနေနဲ့အညီ ကျင်းပခဲ့ပါတယ်။ ဂါနာနိုင်ငံသား တွေကတော့ ဂုဏ်ထူးဆောင် နိုင်ငံသားတဦးကို ဂါရဝပြုနှုတ်ဆက်နေကြသလို ဂုဏ်ယူတဲ့အကြောင်း ကိုကိုကျော်ကျော်သိန်းက စုစည်းတင်ပြထားပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှု Genocide တားဆီးရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်ကို စပြီးချုပ်ဆိုခဲ့ချိန်ကနေ ဒီကနေ့အချိန်ထိ စာချုပ်ရဲ့ အရေးပါမှုနဲ့ပတ်သက်လို့ ပြောဆိုတာမှာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာတွေကို အဓိက ထောက်ပြပြီး လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးက ပြောဆိုသွားပါတယ်။
ကိုဖီ အန်နန်ဟာ သိပ်ကိုကောင်းမွန်တဲ့ စံနမူနာပြ လူပုဂ္ဂိုလ်တဦးပါ။ ခေါင်းဆောင်တိုင်း သူ့ကိုအတုယူသင့်ပါ တယ်။ လူတယောက်အနေနဲ့ မဟာ လူပုဂ္ဂိုလ်တဦးဖြစ်ဖို့ဆိုရင် အဲဒီလိုဖြစ်ထားပြီးသားလူတဦး ရှိနေဖို့လိုပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ တခြားအဆင့်မြင့်တာဝန်ရှိသူတွေဟာ ဗုဒ္ဓဟူးနေ့က ပါကစ္စတန် မှာ အစိုးရထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် အိန္ဒိယကို ဆက်ထွက်သွားကြပါပြီ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသမှာရောက်နေတဲ့ ကလေးငယ်တွေဟာ သူတို့အနာဂတ်ကောင်းမွန်ရေး အတွက်လိုအပ်တဲ့ ပညာသင်ကြားခွင့်မရတာကြောင့် ဆုံးရှုံးနစ်နာရတဲ့မျိုးဆက်တခု ဖြစ်လာလိမ့်မယ်လို့ ကုလသမဂ္ဂ ကလေး သူငယ်များရန်ပုံငွေအဖွဲ့ UNICEF က သတိပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်