မြန်မာစစ်ဘက်နဲ့ရဲဘက် ထိပ်တန်းအရာရှိကြီးလေးဦးနဲ့တပ်မနှစ်ခုကို အမေရိကန်က ဒဏ်ခတ် အရေးယူမှုချမှတ်လိုက်ပြီးတဲ့နောက် မြန်မာတာဝန်ရှိသူတွေအနေနဲ့ အရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းတာမှာ ပိုပြီးသတိကြီးဖို့နဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံပြီး ယုံကြည်မှု ပိုရအောင်ဆောင်ရွက်ဖို့ မြန်မာ့အရေးလေ့လာသူတွေက အကြံပြုကြပါတယ်။
မကြာသေးခင်က ကျင်းပပြီးစီးသွားတဲ့ ကမ္ဘောဒီးယား ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတမှုမရှိ၊ ဒီမိုကရေစီ နည်းမကျတဲ့အပြင် မသမာမှုတွေနဲ့ ပြည့်နေတယ်ဆိုပြီး အဲဒီလိုလုပ်ရပ်တွေ လုပ်ဆောင်တာမှာ ပါဝင်ပတ်သက်သူတွေအပေါ် ပြည်ဝင်ခွင့်ဗီဇာကန့်သတ်ချက်တွေကို အမေရိကန်အစိုးရက ချမှတ်လိုက်ပါတယ်။
သတင်းအချက်အလက် ရယူရေးကိစ္စတွေမှာ စိန်ခေါ်မှုတွေရှိကြတယ်လို့ ဆိုတယ်ခင်ဗျ။ နောက်ပြီး သူတို့ သတင်းထောက်တွေဆီက တက်လာတဲ့ သတင်းတွေကို မျှမျှတတ ဖြစ်ဖို့အတွက် လုပ်ရတဲ့အခါမှာ သူတို့ အခက်အခဲတွေရှိကြတယ်လို့ ပြောပါတယ်။ နောက်တခုက သတင်းသမားတွေ ဘေးကင်းလုံခြုံရေး မှာလည်း စိန်ခေါ်မှုတွေရှိကြတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသ ဒုက္ခသည်စခန်းတွေထဲက ထောင်ပေါင်းများစွာသော ရိုဟင်ဂျာ ဒုက္ခ သည်တွေဟာ လိင်လုပ်သားတွေအဖြစ်၊ အတင်းအကျပ် အလုပ်ခိုင်းစေခံရသူတွေအဖြစ် အနိုင်ကျင့် အမြတ်ထုတ်မယ့် လူမှောင်ခိုကူးသူတွေလက်ထဲ ကျရောက်မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ IOM ရဲ့ မကြာသေးခင်က အစီရင်ခံစာတခုမှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo တာဝန်ယူကျင်းပတဲ့ ဘာသာရေးလွတ်လပ်ခွင့် တိုးတက်ဖြစ်ထွန်း ရေးဆိုင်ရာ ပထမဆုံးအကြိမ် ညီလာခံ ပြီးဆုံးသွားပြီဖြစ်ပြီး ရိုဟင်ဂျာအရေးဟာ ညီလာခံအတွင်းမှာ အလေးထား ပြောဆိုဆွေး နွေးကြတဲ့ ကိစ္စရပ်တခုဖြစ်တယ်လို့ အမေရိကန်တာဝန်ရှိသူတဦးကပြောပါတယ်။
ဘာသာရေးလွတ်လပ်ခွင့်အတွက် ကျနော်တို့ရဲ့ သန္နိဋ္ဌာန်အပေါ် အစစ်မှန်ဆုံးတိုင်းတာချက်ဟာ တခြားဘာသာ ရေးတွေရဲ့ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးရေးကိစ္စ ဦးစားပေးအဖြစ် ကျနော်တို့သတ်မှတ်ထားတာပဲဖြစ်ပါတယ်။ ဘာသာ ရေးတခုအပေါ် တိုက်ခိုက်မှုဟာ အဆုံးမှာ ဘာသာရေးအားလုံးကို တိုက်ခိုက်တာပဲဖြစ်တယ်ဆိုတာကို အခိုင်အမာ ဆုပ်ကိုင်ထား တာကြောင့်ပဲဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ အမျိုးသမီးတွေအတွက် ကမ္ဘာပေါ်မှာ အန္တရာယ်အကြီးဆုံးတိုင်းပြည် ဖြစ်တယ်ဆိုတာ Thomson Reuter Foundation ရဲ့လေ့လာချက်အသစ်တခုကနေ တွေ့ရပါတယ်။ ဒီစစ်တမ်းကောက်ယူပုံအပေါ် အိန္ဒိယအစိုးရနဲ့ ကျွမ်းကျင်သူတွေကမေးခွန်းထုတ်ကြပါတယ်။ Ritul Joshi ပေးပို့ထားတဲ့ သတင်း လွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
ခရိုအေးရှားအသင်းဟာ ဆီမီးဖိုင်နယ်လ်မှာ အင်္ဂလန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲ တက်သွားပါပြီ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ ဇူလိုင်လ ၆ ရက်၊ သောကြာနေ့မှာ ပြုံယမ်း မြို့တော်ကို ရောက်မှာဖြစ်ပြီး မြောက်ကိုရီးယား တာဝန်ရှိသူတွေနဲ့ နှစ်ရက်ကြာ တွေ့ဆုံ ဆွေးနွေးမှာဖြစ်ပါတယ်။ ဒါဟာ ဝန်ကြီး Pompeo ရဲ့ တတိယအကြိမ် မြောက်ကိုရီးယားခရီးစဉ်ဖြစ်ပြီး သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ Kim Jong Un တို့ ဇွန်လ ၁၂ ရက် နေ့က စင်္ကာပူမှာ ထိပ်သီးအစည်းအဝေး လုပ်ပြီးတဲ့နောက် ပထမဆုံးပါ။
တနင်္လာနေ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွေအပြီး ဘရာဇီးလ်နဲ့ ဘယ်လ်ဂျီယမ်တို့ ကွာတားဖိုင်နယ် တက်သွားကြ ပြီး အင်္ဂါနေ့မှာ ဆွီဒင်နဲ့ ဆွစ်ဇာလန်၊ အင်္ဂလန်နဲ့ ကိုလမ်ဘီယာတို့ ဒုတိယဆင့် ရှုှုံးထွက်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွေအဖြစ် ယှဉ်ပြိုင် ကစားကြမှာဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်တွေအားလုံး ပြီးသွားပြီးတဲ့နောက် လာမယ့်စနေ ဇွန်လ ၃၀ ရက်နေ့ကစပြီး ဒုတိယ ဆင့် ရှုံးထွက်ပွဲတွေကို ယှဉ်ပြိုင်ကစားကြရတော့မှာဖြစ်ပါတယ်။ လက်ရှိချန်ပီယံ ဂျာမနီ အုပ်စုအဆင့်ကနေ ထွက်သွားရပြီးတဲ့ နောက် ဒုတိယအဆင့်ကိုကျော်ပြီး ဘယ်အသင်းတွေ ကွာတားဖိုင်နယ်အဆင့်ရောက်ဖို့ အလားအလာရှိနေပါသလဲ။
ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို စာနာမှုအကူအညီတွေပေးဖို့အတွက် လုံလောက်တဲ့ ရန်ပုံငွေပမာဏာကို အချိန်မီမရဘူးဆိုရင် လုပ်ငန်းတွေ ရပ်သွားမှာဖြစ်ပြီး ဒါဟာ အန္တရာယ်ကြီးတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ IOM ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အကြီးအကဲကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ မြန်မာနိုင်ငံကဒုက္ခသည်တိုင်းလိုလိုဟာ မူလနေရာတွေဆီကို ပြန်သွား ချင်ကြပေမယ့် သိပ်ကို စိုးရိမ်ပူပန်နေကြတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေ ထိုင်သူများဆိုင်ရာအဖွဲ့ IOM ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အကြီးအကဲ Giorgi Gigauri က ဗွီအိုအေကို ပြောပါတယ်။
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေကို ကြည့်ရှုဖို့ နိုင်ငံအသီးသီးက ဘောလုံးပရိသတ် ထောင်ပေါင်းများစွာ ရုရှားနိုင်ငံ မှာ ရောက်နေကြပါပြီ။ တချိန်ထဲမှာပဲ ရုရှားဘောလုံးလောကမှာ လူမျိုးရေးခွဲခြားမှုနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ဖူးတဲ့ သမိုင်းကြောင်း ရှိထားတာကြောင့် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို သူတို့ရဲ့ မူရင်းနေရာတွေဆီ ပြန်ပို့ရေး ပူးပေါင်း ဆောင်ရွက် ကြဖို့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ မြန်မာအစိုးရတို့ကြား လက်မှတ်ရေးထိုးထားပေမဲ့ ဒုက္ခသည်တွေ ဘက်က ပြန်လာဖို့ တွန့်ဆုတ် နေဆဲပါ။
ဇွန်လ ၁၂ ရက်နေ့ စင်္ကာပူမှာ Kim Jong Un နဲ့ ထိပ်သီးအစည်းအဝေး လုပ်မယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က အတည်ပြု ကြေညာသွားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လက်ရှိ အပြင်းအထန် လုပ်ဆောင်နေတဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး စီမံချက်မှာ အတိုက်အခံတွေအပေါ် တိုက်ခိုက်တာအပါအဝင် ဥပဒေမဲ့ သတ်ဖြတ်တာတွေ ကျူးလွန်ထားတယ်လို့ လူ့အခွင့်အရေး လှုပ်ရှား သူတွေကပြောပါတယ်။ မူးယစ်နှိမ်နင်းရေး တပ်ဖွဲ့တွေကတော့ သေဆုံးသူတွေဟာ မူးယစ်မှောင်ခိုတွေသာဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှုတွေမှာ သေဆုံးတာလို့ ဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်