နိုင်ငံတကာတရားရုံး (ICJ) မှာ မြန်မာနဲ့ ဂမ်ဘီယာနိုင်ငံတို့ နောက်ဆုံးတကြိမ် အပြန်အလှန် ချေပ တင်ပြခဲ့ကြတာတွေအပေါ် သဘောထားအမြင်တွေကို ဆွေးနွေးထားပါ တယ်။
“ကောလင်းမြို့နယ် ကျောက်ပြင်သာအုပ်စု မင်းကုန်းရွာကနေ စစ်ကောင်စီတပ် သားတွေ ထွက်သွားတဲ့အခါကျမှ အလောင်း ၄ လောင်းကို တွေ့ရတာခင်ဗျ။ လက်ပြန်ကြိုး တုပ်ထားတယ်။ လည်ပင်းမှာ ပြတ်ရှဒဏ်ရာရှိတယ်။ ၄ ယောက်လုံးကတော့ မင်းကုန်းဇာတိတွေပဲ။ စစ်ကြောင်းအဝင်ခံရတဲ့ မင်းကုန်းရွာ ဇာတိတွေပါပဲ။” (ကောလင်းမြို့ဒေသခံ)
“ကျနော်တို့ဟာ ဘယ်သူ့ ကြားခံကိုယ်စားလှယ်မှ မဟုတ်ပါဘူး။ ဒါဟာ ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံကြား အငြင်းပွားမှုပါ။ ရိုဟင်ဂျာတွေရဲ့အခွင့်အရေးအကာအကွယ်ပေးဖို့ ကြိုးစားတာသာမဟုတ်ပါဘူး၊ လူမျိုးတုံးသတ်ဖြတ်မှုကို မကျူးလွန်ဖို့၊ မလှုံ့ဆော်ဖို့၊ တားဆီးဖို့ .....” (ဂမ်ဘီယာကိုယ်စားလှယ် ရှေ့နေချုပ် Dawda Jallow )
“ဓါတ်မှန်စက်တွေ အကုန်လုံးရစရာမရှိအောင် ဖျက်စီးသွားတယ်။ အဆောက်အဦးတခုလုံးကိုလည်း အကုန်လုံးပေါ့နော်။ မှန်တွေဘာတွေအကုန်ရိုက်တယ်။ မီးစက်ဆို ဒီဇယ်မီးစက်က တော်တော်လေးကြီးတယ်။ အဲဒီမီးစက် ကို ဖျက်စီးသွားတယ်။ ဓါတ်ခွဲခန်းမှာ သုံးလို့ဘယ်လိုမှမရအောင် မီးရှို့တယ်။ စစ်တပ်ကဖျက်စီးသွားတယ်။” (ကျန်းမာရေးဝန်ထမ်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် လက်လှုပ်ကျေးရွာအနီးမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ရွာသား ၃၀၀ လောက် ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။
“မဖွင့်နိုင်သေးဘူး။ ကျနော်တို့ မင်းတပ်ရယ်၊ ကန်ပက်လက်ရယ်၊ နောက်ပြီးတော့ ဟားခါးရယ်။ ထန်တလန်ရယ် မဖွင့်နိုင်သေးဘူး။ အဲဒီ (၄) မြို့နယ်တော့ လုံးဝမဖွင့်နိုင်သေးဘူး။” (ချင်းပြည်နယ် ပြည်နယ်ပညာရေးမှူး ဦးဘီကူးဒူ)
မြန်မာနိုင်ငံတွင်း အင်အားစုအသီးသီးကြား မတူကွဲပြားတဲ့ နိုင်ငံရေးရည်မှန်းချက်တွေနဲ့ အရင်က လုပ်ဆောင်လာခဲ့ကြပေမယ့် ဒီနေ့ကာလမှာတော့ တူညီတဲ့ ဘုံသဘောထားတခု ချမှတ်လာနိုင်ကြတာဟာ နိုင်ငံရေးအရ အောင်မြင်မှုဖြစ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က ဗွီအိုအေကိုပြောပါတယ်။
“ပြည်ထောင်စုနေ့ မနက်ပိုင်းမှာ ဗိုလ်ရှုခံသဘင်၊ အလံတင်အခမ်းအနားတွေနဲ့ မိန့်ခွန်းပြောတာတွေပေါ့လေ၊ ညနေပိုင်းမှာ ညစာစားပွဲလုပ်ဖို့ရှိပါတယ်။ ၁၃ ရက်နေ့ကျရင် MICC ခမ်းမမှာ ထာဝရငြိမ်းချမ်းရေးအတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲ လုပ်မယ်ဆိုတာ သိရပါတယ် ” (ကိုမိုးဇော်-ဗွီအိုအေ)
နေပြည်တော်မှာကျင်းပမယ့် ပြည်ထောင်စုနေ့အခမ်းအနားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တက်ရောက်ဖို့ ဖိတ်ကြားထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်မယ်ဆိုတဲ့ အဖွဲ့တွေထဲမှာတောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတော့ မတက်ဘူးလို့ ပြောကြတာတွေရှိပါတယ်။
“အဓိကအချက်ကတော့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအတွက်သော်လည်းကောင်း၊ အဖမ်းခံနေရသော်ငြားလည်း ကျနော်တို့ အထဲထဲကနေ ဒီအာဏာသိမ်းတာနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့လက်မခံတဲ့အတွက် ဆန္ဒပြတာ ဖြစ်ပါတယ်တဲ့။ ဒီနှစ်ချက်ကြောင့်ပါတဲ့။” (ရှေ့နေမှတဆင့် အကျဉ်းသားတဦးရဲ့ပြောပြချက်)
မြန်မာနိုင်ငံရဲ့ ဒီကနေ့အခြေအနေအပေါ် စိတ်ထိခိုက်ရတဲ့အကြောင်း၊ တနိုင်ငံလုံးမှာ ပဋိပက္ခတွေကို တွေ့နေရတာ သိပ် ဝမ်းနည်းရကြောင်းနဲ့ အာဏာသိမ်းစစ်တပ်ဟာ လူထုအပေါ် လွဲမှားစွာအကဲဖြတ်ခဲ့တယ်လို့ ယူဆတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အကြီးအကဲဟောင်း Priscilla Clap က ဗွီအိုအေကိုပြောပါတယ်။
စစ်ကောင်စီ တပ်စွဲထားတဲ့ ယင်းမာပင်ခရိုင် ကနီမြို့နယ် ဝင်မနားကျေးရွာအုပ်စု ဝင်မနားရဲစခန်းကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
စစ်အာဏာရှင်ကို တော်လှန်ရာမှာ ရည်မှန်းချက်တူသူတွေ အားလုံးနဲ့ ပူးပေါင်းသွားဖို့ KIO ကချင်လွတ်လပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်းလိုက်သလို ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုလည်း ပံ့ပိုးရမယ်လို့ ပြောပါတယ်။
ကချင်ပြည်နယ် မြို့နယ် သုံးမြို့နယ်အတွင်းက ရဲစခန်းနဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ဒီကနေ့ မနက်က KIA ကချင်လက်နက်ကိုင်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ မိုးညှင်းမြို့နယ်က မော်ဟန် ရဲစခန်းကို သိမ်းပိုက်ခဲ့တယ်လို့ KIA ကပြောပါတယ်။
စစ်တပ်ကနေ နိုင်ငံတော်အာဏာကိုသိမ်းပိုက်ခဲ့တာ တနှစ်ပြည့်ခဲ့ပြီးနောက် တိုင်းနဲ့ ပြည်နယ်အနှံ့ သပိတ်မှောက်ဆန္ဒပြမှုတွေ လက်နက် ကိုင် ဆန့်ကျင်တော်လှန်မှုတွေလည်း ရှိနေဆဲပါ။ တိုင်းရင်းသားဒေသတွေဖြစ်ကြတဲ့ ကရင်နီ၊ ချင်းနဲ့ ကရင်ပြည်နယ်တို့မှာ လက်နက်ကိုင် တော်လှန်မှု အရှိန်အမြင့်ဆုံးဖြစ်နေပါတယ်။
ကုန်ကျစရိတ် သက်သာပြီး လွယ်လွယ်ကူကူ သိုလောင်ထားနိုင်မယ့် COVID-19 ရောဂါ ကာကွယ်ဆေး သစ်တမျိုးကို ပညာရှင်တစုက ဖန်တီးလိုက်ပါတယ်။ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံကြီးတွေ လို ကာကွယ်ဆေး မသုံးနိုင်တဲ့ ဝင်ငွေ အလယ်အလတ်နဲ့ ဝင်ငွေနည်း နိုင်ငံတွေအတွက် ရည်ရွယ် စမ်းသပ်ခဲ့တာပါ။ ကိုကျော်ကျော်သိန်း တင်ပြပေးပါမယ်။
ပီကင်းမြို့တော်မှာ ကျင်းပမယ့် ဆောင်းရာသီအိုလံပစ်ပွဲတော်၊ မသန်စွမ်းအားကစားပွဲတော် နဲ့ တရုတ် နှစ်သစ်ကူးကာလမှာ နယ်စပ်ဒေသအပါအဝင် မြန်မာနိုင်ငံအဝှမ်း စစ်ပွဲတွေ ရပ်တန့်ထားဖို့ တရုတ်နိုင်ငံရဲ့ တိုက်တွန်းချက်ကို အလေးထားသွားမယ်လို့ KIO ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
ကယားပြည်နယ်အခြေအနေဟာ အခုချိန်ထိ ပုံမှန်အတိုင်း သွားလာလုပ်ကိုင်နိုင်တဲ့ အခြေအနေ မရောက်သေးဘူးလို့ ကယားပြည်နယ်ဘက်မှာ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ ကူညီလုပ်ဆောင်နေသူ ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂ တာဝန်ရှိသူတဦးဖြစ်တဲ့ မအိမ့်သက်မှူးကျော်က ပြောပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
ရန်ကုန်၊ အင်းစိန်ထောင်ထဲကို အမှုစစ်ဆေးရေးကိစ္စနဲ့သွားတဲ့ ရဲအချုပ်ကားတစီးအောက်မှာ အဝေးထိန်းဖောက်ခွဲရေးပစ္စည်း နှစ်ခု တွေ့ရှိခဲ့တဲ့အတွက် ထောင်ဝန်းထဲမှာ ဒီနေ့ ဗုံးလန့်ခဲ့ပြီး ထောင်တွင်းလုံခြုံရေးကိုလည်း အရင်ကထက် ပိုပြီး တင်းကြပ်ထားပါ တယ်။
နောက်ထပ်ကြည့်ရှုရန်