ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေပြန်စနိုင်ဖို့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့နိုင်ငံရေးဆွေးနွေးမှုတွေလုပ်သွားမယ်လို့ မြန်မာစစ်ကောင်စီက ပြောဆိုကမ်းလှမ်းနေမှုအပေါ် ကြိုဆိုတယ်လို့ ရှမ်းပြည်တောင်ပိုင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတကာဖိအားကို အလေးမထားတဲ့သဘော ပြောခဲ့တဲ့အပေါ် အမေရိကန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌက သဘောမတူပါဘူး။ ကချင်မဟာမိတ်အဖွဲ့ဥက္ကဋ္ဌ ဂွန်ဆမ်းအဲန်စန်းကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
“လေယာဉ်နဲ့က ဒီကနေ့မနက်မှာ လာကြဲသွားတာ ဒီကနေ့မနက် ၁၀ နာရီမှလေ။ မရသိမ် ရွာနဲ့ အနီးတဝိုက်မှာပေါ့။..ရွာက စာသင်ကျောင်းကိုထိတယ်။ ရွာထဲက ၃ အိမ်လောက်ထိတယ်။ လောလောဆယ် ရတဲ့စာရင်းပေါ့ဗျာ။ (ထီးချိုင့်ဒေသခံ)
အမေရိကန်တဒေါ်လာကို ပြင်ပမှာလဲရင် မြန်မာကျပ်ငွေ ၂,၀၀၀ နီးပါးဈေးတက်လာပြန်တက်လာပြီး ရွှေဈေးကလည်း တကျပ်သားကို ကျပ် ၁,၈၇၀,၀၀၀ လောက်ဈေးတက်လာတာကြောင့် စက်သုံးဆီအပါအဝင် တခြားသွင်းကုန်တချို့လည်း ဈေးတွေတက်လာနေပါတယ်။
မတူပီ-ဟားခါး လမ်းမကြီးဘေးမှာ စစ်ကောင်စီတပ်တွေဘက်က ချင်းဒေသခံ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေအပေါ် ထိုးစစ်ဆင်တိုက်ခိုက်နေတာမှာ မနက်ပိုင်းကနေညနေ ၅ နာရီလောက် ရောက်တဲ့အထိ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ မတူပီ CDF ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ကျောထောက်နောက်ခံ Myanmar Beer၊Dagon Beer၊ABC Beer တွေကို ရောင်းဝယ်ဖောက်ကား သယ်ယူပို့ဆောင်တာမလုပ်ဖို့၊ တားမြစ်ချက်ကိုမလိုက်နာရင် ရောင်းဝယ်သူတွေကို ဖမ်းဆီးတာနဲ့ သယ်ယူတဲ့ယာဉ် မျိုးစုံကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ KIO ရဲ့ မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။
အကျဉ်းထောင်တွင်းမှာ ရိုက်နှက်ညှဉ်းပန်းမှုတွေနဲ့ပတ်သက်ပြီး ကျူးလွန်သူတွေကို တချိန်မှာ ဥပဒေကြောင်းအရ အရေးယူနိုင်ဖို့အတွက် ရှေ့နေတချို့က ကြိုးပမ်းထားတာ၊ အသံတိတ်သပိတ်မှာ ပါဝင်ခဲ့လို့ ရိုက်နှက်ခံထားရသူတွေ ရဲ့အခြေအနေ စတာတွေနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားပါ တယ်။
“၂၉ ရက်မှာ ရွာထဲကိုဝင်ရောက်ပြီးမှ ညအိပ်တပ်စွဲတာဗျ၊ တပ်စွဲတဲ့အချိန်မှာ အိမ်ပေါင်း ၄၀ လောက်က တန်ဖိုးကြီး ပစ္စည်းတွေ ဘာတွေပေါ့ ..အကုန်လုံး ကားပေါ်တင်ယူတာတို့၊ ဖျက်စီးတာတို့ ..နောက်ပြီးတော့ ကြက်တွေ၊ ဘဲတွေ၊ ဝက်တွေကို သတ်စားသွားတယ်ဗျ။ အသက် ၄၆ နှစ် ဦးပန်းမောင်ကိုလည်း သတ်ပြီးတော့...” (နှမ်းခါးဒေသခံ)
“ဒီမနက်တိုက်ပွဲဖြစ်တယ်။ ကျနော်တို့လည်း ရွာထဲမှာမနေတော့ဘူး။ မနက်ကတည်းကထွက်ခဲ့တာ။ ရွာထဲမှာမပြောင်းတဲ့သူလည်း (၁၅) ယောက်လောက်ပဲ ရှိတာ။ တခြားနတ်ချောင်း၊ ချောင်းခွ၊ ဟားခါးလေး၊ ရေစို၊ ပါမွန်ချောင်း အဲဒီရွာကတော့အကုန်ပြေးတော့တာ။ (၂,၀၀၀) လောက်တော့ရှိမှာ။” (ဟားခါးလေးရွာ ဒေသခံ)
အမေရိကန် ကာကွယ်ရေးအသုံးစရိတ်ဥပဒေ (NDAA) ထဲမှာပါတဲ့ မြန်မာ့အရေး ပြဌာန်းချက်တွေ အတိုင်း အမေရိကန်အစိုးရက တွန်းအားပေးလုပ်လာမယ်ဆိုရင် အာဏာသိမ်းစစ်ကောင်စီဟာ တရုတ်နဲ့ ရုရှားဘက်ကို ပိုကပ်သွားမယ်လို့ မြန်မာ့အရေးလေ့လာသူနှစ်ဦးက မြင်ပါတယ်။
“အဲဒီ silent strike လုပ်တဲ့သူတွေကိုထောင်တွင်းပြစ်ဒဏ်အနေနဲ့ တိုက်ပိတ်တာတွေရှိတယ်၊ ထောင်ဝင် စာ ဖြတ်တောက်တာ၊ စာတွေ ဖြတ်တောက်တာတွေ ရှိပါတယ်။ ( အကျဉ်းထောင်) အကုန်လုံးနီးပါး ခက်ခဲတာတော့မဟုတ်ဘူး၊ silent strike လုပ်ထားတဲ့သူတွေနဲ့ ပတ်သက်ရင်တော့ တော်တော်လေး စစ်စစ်စီစီ လုပ်နေတာလည်းတွေ့တယ်။” (ရှေ့နေ)
ကုန်ဆုံးတော့မယ့် ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံအခြေအနေအပေါ် သုံးသပ်ချက်နဲ့ လာမယ့် ၂၀၂၂ ခုနှစ်အတွင်း ဖြစ်လာနိုင်ခြေ ခန့်မှန်းခြေတွေကို DVB သတင်းဌာန အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
“ဒီမနက် ၁၀ နာရီခွဲမှာ စပစ်တယ်။ အဖွဲ့ပေါင်းစုံနဲ့ တိုက်ကြတာပေါ့။ သူတို့ ၆၀ မမနဲ့လည်းထုတယ်။ ၄၀ မမလည်းပါတယ်။ အခု ၃ နာရီလောက်က ရဟတ်ယာဉ်နဲ့ ၄ ကြိမ်ရှိပြီ ပစ်နေတာ။ ရွာထဲကအိမ်တွေက လက်နက်ကြီးတွေကျပြီခင်ဗျ။ အားလုံးလည်း လွတ်ရာကို ပြေးနေကြရတယ်။” (နတ်ချောင်းရွာသား)
“စီးစံရွာဘက်မှာဖြစ်တယ်။ သူတို့က လက်နက်ကြီးနဲ့ အချက် (၃၀) လောက်ပစ်တယ်။ ကျနော်တို့ဘက်က PDF နဲ့ပူးပေါင်း တိုက်တာပေါ့နော။ ပူးပေါင်းတိုက်တော့ PDF ဘက်က တယောက်တော့ကျတယ်။ သူတို့ဘက်ကတယောက်တော့ ထိမယ်လို့ ကြားတယ်။” (ချင်းအမျိုးသားကာကွယ်ရေး CDNF ပြန်ကြားရေး တာဝန်ရှိသူ)
အမေရိကန်သမ္မတ လက်မှတ်ထိုး ပြဌာန်းဖို့ရှိနေတဲ့ NDAA ဥပဒေပါ မြန်မာ့အရေး ပြဌာန်းချက်တွေကြောင့် မြန်မာ စစ်အာဏာသိမ်းမှုအပေါ် အမေရိကန်အစိုးရ ပိုပြီး ထိထိရောက်ရောက် လုပ်လာနိုင်ခြေ အလားအလာတွေကို ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံ ဒေသအတော်များများမှာ ဒီကနေ့ အသံတိတ်သပိတ် ဆင်နွှဲခဲ့ကြပေမယ့် ရခိုင်ပြည်နယ်မှာတော့ ဂွမြို့နယ်တခုပဲ သပိတ်မှာပါဝင်ခဲ့ပြီး ကျန်မြို့နယ်တွေမှာတော့ ပုံမှန်အတိုင်း သွားလာလှုပ်ရှားခဲ့ကြပါတယ်။
ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရန်ပုံငွေ ဒေါ်လာ ၃၄၀ ဘီလီယံ သုံးစွဲမယ့် အစီအစဉ်တရပ်ကိုဥရောပသမဂ္ဂ (EU) ကစတင်လိုက်ပါတယ်။ တရုတ်နိုင်ငံရဲ့ ပိုးလမ်းမစီမံကိန်းနဲ့ အပြိုင် အကောင်အထည် ဖော်ဖို့ရည်ရွယ်တဲ့ အစီအစဉ် ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
ကချင်ပြည်နယ် မိုးညှင်း၊ အင်းတော်ကြီးဒေသမှာ စစ်ကောင်စီတပ်နဲ့ ကချင်လက်နက်ကိုင် KIA၊ ဒေသခံကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တွေအကြား နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေနဲ့ ရှမ်းပြည်နယ် သိန္နီမြို့နယ်မှာတာ့ PDF စခန်းနှစ်ခုကို မနေ့ညပိုင်းနဲ့ ဒီမနက်အစောပိုင်းမှာ စစ်တပ်က သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးအနောက်ပိုင်းက ကချင်လက်နက်ကိုင် KIA တပ်ရင်းကို ဒီကနေ့ နိုဝင်ဘာ ၂၅ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြား တိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိထားတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA တောင်ပိုင်းတပ်ဖွဲ့ဝင် ၈ ယောက်ကို ဒီရက်ပိုင်းအတွင်း ပြန်လွှတ်ပေးမယ်လို့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းကပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်