အစ္စရေးလ်သိပ္ပံပညာရှင်တွေဟာလူသားတစ်ရှုးကိုသုံးပြီးသုံးဖက်ရုပ်ကြွပုံနှိပ်ထုတ်ထားတဲ့နှလုံးသားကိုထုတ်ပြလိုက်ပါတယ်။ ဆေးရုံတိုင်းမှာသုံးဖက်ရုပ်ကြွကိုယ်အင်္ဂါအစိတ်အပိုင်းပုံနှိပ်စက်တွေရှိလာရင်အလှူရှင်တွေမလိုတော့ဘဲအင်္ဂါအစားထိုးကုသနိုင်ဖို့မျှော်လင့်ပါတယ်။Faith Lapidusရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းပြောပြပါမယ်။
Facebook တို့လို ဆိုရှယ်မီဒီယာတွေအနေနဲ့ သူတို့ဆိုက်တ်တွေပေါ်မှာ ဘယ်သူတွေက ဘာတင်သလဲဆိုတဲ့အပေါ် ဥပဒေကြောင်းအရ တာဝန်မရှိပါဘူး။ အစိုးရက ပိုတင်းကျပ်တဲ့ စည်းကမ်းတွေ ချလာမှာကို ရှောင်ဖို့ မျှော်လင့်ချက်နဲ့ ကုမ္ပဏီတွေတာဝန်ယူလုပ်ဆောင်လာဖွယ်ရှိပါတယ်။ Michelle Quinn ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်း ပြောပြပါမယ်။
တရုတ်လူထုဟာ ပိုပြီး ကြည်လင်ပြာလွင်တဲ့ ကောင်းကင်၊ ပိုပြီး စိမ်းစိုတဲ့တောင်တန်းတွေနဲ့ သန့်ရှင်းတဲ့ရေကို လိုချင်ကြတယ်လို့ ၂၀၁၉ ခုနှစ်၊ ဘေဂျင်း အပြည်ပြည်ဆိုင်ရာ ဥယျာဉ်စိုက်ပျိုးရေးပြပွဲ ဖွင့်ပွဲမှာ တရုတ်သမ္မတ ရှီ ကျင့်ဖျင်က ပြောပါတယ်။ Zlatica Hoke ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
နှစ်စဉ် ဧပြီလရဲ့ နောက်ဆုံးသီတင်းပတ်ဟာ ကမ္ဘာ့ ကာကွယ်ဆေး ရက်သတ္တပတ်ဖြစ်ပါတယ်။ ကျောက်ကြီးရောဂါကို အမြစ်ပြတ် ရှင်းလိုက်နိုင်သလို ပိုလီယိုရောဂါတိုက်ဖျက်ရေး နိုင်ငံတကာအစီအစဉ်တွေနဲ့ လုပ်ဆောင်နေပေမယ့် ဝက်သက် ကူးစက်ရောဂါပိုးကတော့ ပြန်ဖြစ်လာနေပါတယ်။ Carol Pearson ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်း ပြောပြပါမယ်။
သီရိလင်္ကာနိုင်ငံမှာ တနင်္ဂနွေနေ့က ဗုံးပေါက်ကွဲမှု ၈ ခုကြောင့် သေဆုံးသူ အရေအတွက် ၂၉၀ အထိ ရှိသွားပြီ ဖြစ်ပြီး ဒဏ်ရာရသူက ၅၀၀ ထက်မနည်း ရှိသွားပါပြီ။ ဒီ အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုအပေါ် ကမ္ဘာတဝန်း ပြစ်တင်ရှုတ်ချကြပါ တယ်။ Zlatica Hoke ပေးပို့ထားတဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
ပျောက်ဆုံးနေတဲ့ ဒါမှမဟုတ် အသတ်ခံလိုက်ရတဲ့ ဒေသခံလူမျိုးစုနွယ်ဝင်အမျိုးသမီးတွေနဲ့ပတ်သက်ပြီး လူတွေသတိပြုမိလာစေဖို့ ဝါရှင်တန်ဒီစီမြို့တော်က အမေရိကန်-အင်ဒီးယန်းပြတိုက် အပြင်ဘက်မှာ ဝတ်စုံနီ အထည် ၄၀ ကို ရာသီမရွေး ၂၄ နာရီပတ်လုံး ချိတ်ဆွဲပြသထားတာပါ။ Julie Taboh ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်း ပြောပြပါမယ်။
ဆူဒန်နိုင်ငံမှာ ဆန္ဒပြသူတွေက ခါတွမ် မြို့တော်က စစ်တပ်ဌာနချုပ်အပြင်ဘက်မှာ စခန်းချ ဆန္ဒပြနေဆဲဖြစ်ပြီး အရပ်ဘက်အုပ်ချုပ်ရေးကို ပြန်သွားဖို့ တောင်းဆိုနေကြပါ တယ်။ Zlatica Hoke ရဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
ပြီးခဲ့တဲ့လက နယူးဇီလန်နိုင်ငံ၊ Christchurch မြို့ ဗလီမှာ သေနတ်နဲ့ဝင်ပစ်တာကို ဗွီဒီယိုရိုက်ပြီး တိုက်ရိုက် ထုတ်လွှင့်ခဲ့တဲ့ဖြစ်ရပ်က အစွန်းရောက်ဝါဒစွဲ ထုတ်လွှင့် ဖော်ပြ ပြောဆိုချက်တွေကို စောင့်ကြည့်အရေးယူဖို့ ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေ ဆက်ပြီး ရုန်းကန်နေရတယ်ဆိုတာကို အထူးထောက်ပြနေပါတယ်။
ထိုင်းနိုင်ငံ၊ Samut Prakan ပြည်နယ်က ထိုင်း ဘုန်းတော်ကြီးကျောင်းတခုဟာ ပင်လယ်ရေ ပတ်ပတ်လည် ဝိုင်းထားတဲ့ကြားမှာရောက်နေပြီး နစ်မြုပ်ပျောက်ကွယ်သွားမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအကြောင်း AFP သတင်းဆောင်းပါးကို အခြေခံပြီး ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
အစ္စရေးနိုင်ငံမှာ မနက်ဖြန် အင်္ဂါနေ့ ကျင်းပမယ့်ရွးကောက်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း Benny Gantz တို့ကြား အကျိတ်အနယ် ယှဉ်ပြိုင်ကြရမယ့် အလားအလာရှိပါတယ်။ Linda Gradstein ရဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက တင်ပြပါမယ်။
နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေ ရှိနေပေမဲ့ သမ္မတ Donald Trump ကို တရားစွဲဆိုတဲ့လမ်းကြောင်းကို မလိုက်ဘူးလို့ ဒီမိုကရက်လွှတ်တော်ခေါင်းဆောင်တွေက လက်ရှိအချိန်ထိ ပြောထားပါတယ်။ သမ္မတကို အရေးယူဖို့လုပ်တာဟာ နိုင်ငံရေးအရ စွန့်စားရတဲ့ကိစ္စလည်းဖြစ်ပါတယ်။ Jim Malone ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
ထိုင်းနိုင်ငံမှာ တနင်္ဂနွေနေ့ကလုပ်တဲ့ လွှတ်တော်ရွေးကောက်ပွဲတွေကနေ ကနဦးထွက်လာတဲ့ ရလာဒ်တွေအရ လက်ရှိစစ်အစိုးရနဲ့ ဆက်စပ်တဲ့ပါတီက မဲအများစုနဲ့ ဦးဆောင်နေပါတယ်။ ထိုင်းရွေးကောက်ပွဲ နောက်ဆုံးသိထားရသမျှ အခြေအနေကို ကိုကျော်ကျော်သိန်းက ပြောပြပါ မယ်။
ထိုင်းနိုင်ငံမှာ တနင်္ဂနွေနေ့ကလုပ်တဲ့ လွှတ်တော် ရွေးကောက်ပွဲတွေကနေ ကနဦးထွက်လာတဲ့ ရလဒ်တွေအရ လက်ရှိစစ်အစိုးရနဲ့ ဆက်စပ်တဲ့ပါတီက မဲအများစုနဲ့ ဦးဆောင်နေပါတယ်။
ရှားပါး တောရိုင်းတိရစ္ဆာန်တွေကို တရားမဝင်ကူးသန်းရောင်းဝယ်မှုဟာ အရေအတွက်အရရော၊ တန်ဖိုးအရပါ ပိုများလာတယ်ဆိုတာ မကြာသေးခင်က လေ့လာမှုတခုကနေ တွေ့ထားရပါတယ်။ ဒီအခြေအနေကြောင့် တကမ္ဘာလုံးက ရှားပါးတောရိုင်းတိရစ္ဆာန်တွေ မျိုးတုန်းကွယ်ပျောက်သွားတော့မယ့်အရေး ပိုပြီးစိုးရိမ်စရာဖြစ်လာပါတယ်။
ရုရှား၊ တရုတ်၊ အီရန်နဲ့ မြောက်ကိုရီးယား ဒုံးကျည်စွမ်းရည်ကို ပိုခေတ်မီအောင်နဲ့ တိုးမြှင့်လုပ်နေကြချိန် အမေရိကန်က ဒုံးကျည်ကာကွယ်ရေး အသုံးစရိတ်ကိုလျှော့ချဖို့ ပြင်နေပါတယ်။ ဒီအပေါ်မှာ ကာကွယ်ရေးဆိုင်ရာ လေ့လာသုံးသပ်သူတွေက စိုးရိမ်နေပါတယ်။ Brian Padden ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
ဒုသမ္မတဟောင်း Joe Biden သမ္မတရွေးကောက်ပွဲ ဝင်မယ့်အလားအလာ ပိုနီးစပ်လာနေပြီး မကြာခင် တရားဝင်ကြေညာချက် ထွက်လာဖွယ်ရှိပါတယ်။ မစ္စတာ Biden တကယ်တမ်း ရွေးကောက်ပွဲဝင်တဲ့အခါ ဘာတွေ ရင်ဆိုင်လာရနိုင်ပါသလဲ။ အလားအလာကရော ဘယ်လိုဖြစ်လာနိုင်ပါသလဲ။ Jim Malone ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက တင်ပြပါမယ်။
မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာရာဇဝတ်တရားခုံရုံး ICC ကို လွှဲပြောင်းရမယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး Yang Hee-lee က ပြောသွားပါတယ်။
ရုရှားနိုင်ငံရဲ့စီးပွားရေး ကျဆင်းနေတာ နှစ်အတော်ကြာနေပြီဖြစ်ပေမဲ့ မော်စကိုဟာ ကမ္ဘာတဝန်းက ရွှေ့ပြောင်းလုပ်သားတွေ သွားချင်ကြတဲ့ မြို့တော်တခုအဖြစ် ဆက်ရှိနေဆဲပါ။ ဒါပေမဲ့လည်း သူတို့ထဲက အများစု အတွက် အဆင်ပြေလှတာတော့ မဟုတ်ပါဘူး။ Ricardo Marquina ရဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်း ကတင်ပြပါမယ်။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un တို့ရဲ့ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးဟာ သဘောတူညီချက်တခုခု မရဘဲနဲ့ အဆုံးသတ်သွားပါပြီ။
Trumpနဲ့ Kim တို့ရဲ့ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးမှာ မြောက်ကိုရီးယားအပေါ် ချထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေအားလုံးကို ရုပ်သိမ်းပေးဖို့ Kim ဘက်က တောင်းဆိုပေမယ့် နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်လို့ အမေရိကန်ဘက်က လိုချင်သလောက် ဖျက်သိမ်းပေးဖို့ သဘောမတူခဲ့ဘူးလို့ Trump ပြောပါတယ်။ ကိုကျော်ကျော်သိန်း ဆက်ပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်