ဟောင်ကောင် တောရိုင်းတိရိစ္ဆာန်ရောင်းဝယ်မှု
ရှားပါး တောရိုင်းတိရစ္ဆာန်တွေကို တရားမဝင်ကူးသန်းရောင်းဝယ်မှုဟာ အရေအတွက်အရရော၊ တန်ဖိုးအရပါ ပိုများလာတယ်ဆိုတာ မကြာသေးခင်က လေ့လာမှုတခုကနေ တွေ့ထားရပါတယ်။ ဒီအခြေအနေကြောင့် တကမ္ဘာလုံးက ရှားပါး တောရိုင်းတိရစ္ဆာန်တွေ မျိုးတုန်းကွယ်ပျောက်သွားတော့မယ့်အရေး ပိုပြီးစိုးရိမ်စရာဖြစ်လာပါတယ်။ ဒီလို အရောင်းအဝယ်လုပ် တာမှာ ဟောင်ကောင်ဟာ အဓိက ဗဟိုချက်နေရာတခု ပိုပိုပြီးဖြစ်လာနေတယ်လို့ လေ့လာချက် အစီရင်ခံစာအသစ်တခုမှာ ဖော်ပြထားပါတယ်။ Kevin Enochs ရဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။