ဧရာဝတီမြစ်ကြောင်းပေါ်က မြို့ရွာတွေအတွက် ငလျင်အန္တရာယ် 

ရွှေဘိုခရိုင်၊ ကျောက်မြောင်း မြို့နယ်အတွင်း ဆောက်လုပ်ဆဲ ရတနာသိင်္ခ ဧရာဝတီမြစ်ကူးတံတား ငလျင်ဒဏ်ကြောင့် ကျိုးကျသွားတဲ့မြင်ကွင်း။ (နိုဝင်ဘာ ၁၃၊ ၂၀၁၂) 

{{Zawgyi/Unicode}}

ကမ္ဘာ့ငလျင်ရပ်ဝန်းကြီး ၂ ခုထဲက တခုဖြစ်တဲ့ Alpide ရပ်ဝန်းထဲမှာတည်ရှိနေတဲ့ မြန်မာနိုင်ငံက ဧရာဝတီမြစ်ကြောင်းဟာ စစ်ကိုင်းပြတ်ရွေ့နဲ့အပြိုင်ရှိနေတာကြောင့် ငလျင်အန္တရာယ်ရှိနေပြီး ဒီငလျင်ကြောင့် မြေဆီလွှာအင်အားပျက်သုဉ်းမှု (liquefaction) ဟာ မြစ်ကြောင်းတလျှောက်က မြို့ကြီးတွေအတွက် ဘယ်လို သက်ရောက်မှုရှိနိုင်တယ်ဆိုတာကို ဘူမိနည်းပညာအင်ဂျင်နီယာ ဒေါက်တာချစ်ကိုကို ကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။

မြစ်ချောင်းတွေကို အားကိုးတည်ဆောက် ကြတဲ့ မြို့ ရွာတွေထဲမှာ ဧရာဝတီမြစ်ကြောင်းပေါ်က မြို့ရွာတွေအတွက် စစ်ကိုင်းပြတ်ရွေ့နဲ့အတူတွဲနေတဲ့ ငလျင်အန္တရာယ်ဟာ အတော်စိုးရိမ်စရာကောင်းတယ်လို့ ဘူမိအင်ဂျင်နီယာ ဒေါက်တာချစ်ကိုကိုက ပြောပါတယ်။

ဒေါက်တာချစ်ကိုကို။ ။ အဓိက လူနေအဆောက်အဦးတွေရှိလာတဲ့အတွက်ကြောင့်မို့လို့ ငလျင်လှုပ်ပြီဟေ့ဆိုလို့ရှိရင် အကျိုးဆက်တွေက အဆောက်အဦးတွေပျက်စီးမယ်၊ လူတွေ သေမယ်ပေါ့။ …ဆိုတော့ အဆောက်အဦးတွေပျက်စီးမယ်၊ လူတွေသေမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ လူတွေရဲ့ဆုံးရှုံးမှုကို စိုးရိမ်တာပေါ့။ အဲဒီဆုံးရှုံးမှုက နည်းပညာတွေ ခေတ်မီတိုးတက်လာတာနဲ့အတူ ဆုံးရှုံးမှုတန်ဖိုးကလည်း ကြီးမားလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူနေဦးရေတွေက ထူထပ်လာလို့။ ကမ္ဘာပေါ်မှာကြည့်လိုက်လို့ရှိရင် လူတွေရှိနေတဲ့နေရာတွေမှာ ရေကြီးတယ်တို့၊ ဘာတို့၊ ငလျင်လှုပ်တယ်တို့ ဖြစ်တယ်ပေါ့နော်။ ..ဆိုတဲ့ဟာ သွားတွေ့လိမ့်မယ်။

အဲဒါက အကြောင်းရှိတယ်။ လူတွေက မြို့တွေ၊ ရွာတွေတည်တဲ့အချိန်မှာ ရေနားနီးနီးကိုတည်ရတာ။ ရေအသက်က တမနက်…ဆိုတော့ အဲဒီကနေ နှစ်ပေါင်းများစွာကြာလာတဲ့မြို့ ကြီးတွေ ဘာဖြစ်လာလဲဆိုတော့ တိုးချဲ့လာတယ်။ ခေတ်မီအထပ်မြင့်အဆောက်အဦးတွေ တိုးချဲ့လာတယ်။ တိုးချဲ့လာတဲ့အချိန်မှာ သူနဲ့တွဲပါလာတဲ့ငလျင်ကို သတိမထားမိဘူးပေါ့။ အဲလိုနေရာတွေက များသောအားဖြင့် ငလျင်ကြော သင့်ရာနေရာတွေ ဖြစ်နေတာကို သွားတွေ့ရတယ်။

မြစ်တွေ ချောင်းတွေဆိုတာက ဘယ်တော့မဆို မြေထုအားနည်းတဲ့နေရာတွေမှာ စီးဆင်းတာ။ တိုက်စားရလွယ်တဲ့နေရာတွေမှာ စီးဆင်းတာ။ တိုက်စားရလွယ်တဲ့နေရာတွေသည် ပြတ်ရွေ့ ရှိတဲ့နေရာတွေဖြစ်နေတယ်။ ပြတ်ရွေ့ရှိတဲ့နေရာတွေသည် တိုက်ကြီးများအောက်က ကျောက်ချပ်တွေ လှုပ်ရှားတဲ့နေရာ ဖြစ်တယ်။ ကျောက်ချပ်တွေလှုပ်ရှားတဲ့နေရာသည် ငလျင်နဲ့ ဆက်နွယ်နေတယ်ဆိုတော့ သူတို့က ကျနော်တို့ Geological hazards တွေ၊ ဘူမိအန္တရာယ်တွေ ပေါ့နော်၊ ဘူမိဘေးတွေပေါ့။ ဒါတွေနဲ့နီးစပ်တဲ့နေရာတွေဖြစ်နေတယ်။ အဲလိုနေရာတွေမှာ ဘာဖြစ်မလဲဆိုတော့ ငလျင်လှုပ်မယ်၊ ရေကြီးမယ်၊ ဖြစ်တတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ လူနေထူထပ်လာခြင်း၊ ခေတ်မီတိုက်တာ အဆောက်အဦးတွေ တိုးတက်များပြားလာခြင်း၊ လမ်းပမ်းဆက်သွယ်ရေးတိုးတက်များပြားလာခြင်း၊ အဲဒီအပြင်မကဘူး၊ ဆည်တွေပါ လိုလာတာပေါ့။ ဘာလို့လဲဆို လူထုကိုပေးဖို့ ရေလိုတာကိုး။ ရေလိုတဲ့အခါကျတော့ အဲဒီမြို့ပြတွေရဲ့အနီးအနားတဝိုက်မှာ ဆည်တွေဆောက်ရမယ်။ ဆည်တွေဆောက်ပြီးတော့ ရေတွေပေး ရမယ်။ ဆိုတော့ မြို့တွေနဲ့နီးတဲ့နေရာတွေမှာ ငလျင်လှုပ်ရင် သူ့ရဲ့အကျိုးဆက်တွေက လူတွေတင် သေဆုံးတာမဟုတ်ဘူး၊ တကယ်လို့များ ဆည်တွေက ပေါက်သွားမယ်၊ ကျိုးသွားမယ်ဆိုလို့ရှိရင် အဲဒီကရတဲ့ ဘေးတွေကပါ တခါသင့်မှာဆိုတော့ ကျနော်တို့က အရမ်း သတိထားသင့်တာပေါ့။

ဒေါ်ခင်မျိုးသက်။ ။ အခု မြန်မာနိုင်ငံမှာဆိုလည်း ဧရာဝတီမြစ်ကြောင်းကြီး ဝန်းကျင်မှာပေါ့နော်- စစ်ကိုင်းပြတ်ရွေ့နားမှာ (မြို့) တည်တယ်ဆိုတော့ ဒီမြစ်ချောင်းတွေနဲ့နီးတဲ့နားမှာ မြို့တည်ထားလို့ ငလျင်နဲ့ဆက်စပ်ပြီးတော့ မြေကြီးရဲ့အနေအထားပေါ့ ဘာကြောင့်များ ဒီလောက်တောင် အန္တရာယ်ကြီးလဲဆိုတာ ပြောပြပေးပါ။

ဒေါက်တာချစ်ကိုကို။ ။ ဟုတ်ကဲ့ပါဗျ။ မြစ်တွေ ချောင်းတွေရှိတဲ့နေရာမှာ ရှိတဲ့ မြေလွှာပေါ့… မြေလွှာတွေက များသောအားဖြင့် ကျစ်လျစ်သိပ်သည်းမှု ရှိကောင်းရှိလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုရင် ဖိအားတွေကြောင့်မို့လို့။ သို့သော် သူတို့က တွဲဆက်အားမရှိတဲ့ ကျောက်လွှာတွေဖြစ်နေတယ်။ တွဲဆက်အားရှိလာလို့ရှိရင် ကျောက် အနေအထားအရကိုက ကျောက်တွေဆိုလို့ရှိရင် ကျနော်တို့က တွဲဆက်ပစ္စည်းနဲ့တွဲထားတယ်လေ။ တွင်းထွက်တွေအကုန်လုံးကို တွဲဆက်ထားတာ။ …ဆိုတော့ ဒီ မြန်မာတွေကတော့ မြေဆီလွှာလို့ သုံးတာပေါ့။ soil လို့သုံးတဲ့ဟာတွေက ကျနော်ကြိုက်တဲ့အသုံးနှုန်းကတော့ material အနေနဲ့သုံးတာရှိတယ်။ ဒါကတော့ အင်ဂျင်နီယာတွေအသုံးများတဲ့ terms ပါ။ unconsolidated materials လို့ ခေါ်တယ်။ တွဲဆက်အားမရှိတဲ့ material တွေ။

အဲဒီအပေါ်မှာပဲ မြို့တွေတည်ထားတာများတယ်။ မြစ်တွေချောင်းတွေရဲ့ဘေးမှာရှိတာက ပို့ချတဲ့အနည်တွေလည်း ရှိတာကိုး။ ဒီမြစ်ချောင်းတွေက အမြဲတမ်းလည်း ပြောင်းရွှေ့နေတာ။ သူပြောင်းရွှေ့တဲ့နေရာမှာ သူတို့ (အနည်တွေ) ပို့ချတဲ့အတွက်၊ ဒီ ပို့ချထားတဲ့မြေထုတွေပေါ်မှာ ကျနော်တို့က မြို့တွေတည်ထားတဲ့အတွက်ကြောင့်မို့လို့ အောက်ခံ အဆောက်အဦးတွေဆောက်ထားတဲ့ ဖောင်ဒေးရှင်းတွေသည် အားမကောင်းဘူးဆိုတဲ့ (မြေသား) အပေါ်မှာ ရှိနေတယ်။ အဲလိုရှိတဲ့နေရာမှာ မြေငလျင် လှုပ်လိုက်လို့ရှိရင် မြေငလျင်လှိုင်း p waves နဲ့ s waves ဆိုပြီး လှိုင်းနှစ်မျိုးရှိတယ်။ အဲဒီမှာ s wave ဆိုတာကတော့ short wave ခေါ်တာပေါ့။ အဲဒီလှိုင်းက တကယ်လို့ ကျောက်လွှာတွေက အခုနကလို တွဲဆက်အားလည်း မကောင်းဘူး၊ အဲဒီမှာလည်း သူက saturated ဖြစ်နေမယ်။ saturated ဖြစ်နေမယ် ဆိုတာက အဲဒီမှာ ရေတွေခိုအောင်းနေမယ် ဆိုလို့ရှိရင် သူက liquefaction ဆိုတဲ့ဥစ္စာ ဖြစ်တတ်ပါတယ်။ (အဲဒီလို) ဖြစ်တယ်ဆိုတာနဲ့ သူက သူ့ရဲ့အောက်မှာရှိတဲ့ ဒီနဂိုက ရှိတဲ့အားသည် ဖောင်ဒေးရှင်းရဲ့ စွမ်းအားသည် ပျက်စီးယိုယွင်းသွားတယ်။ ပျက်စီးယိုယွင်းသွားတဲ့အခါမှာ အားမရှိသလောက် ဖြစ်သွားတဲ့အချိန်မှာ အပေါ်က အဆောက်အဦးကို သူက ခံပေးထား နိုင်စွမ်းမရှိတော့ အဆောက်အဦးက ပြိုကျမှာပေါ့။

ဒေါ်ခင်မျိုးသက်။ ။ liquefaction ကို- အဲဒါလေးကို နည်းနည်း ရှင်းပြပေးပါ။

ဒေါက်တာချစ်ကိုကို။ ။ ဒီမြေဆီလွှာထဲ မှာဆိုလို့ရှိရင် မြေအောက်ရေဆိုတာ ရှိတတ်ပါတယ်။ တကယ်လို့ မြေအောက်ရေမရှိဘူးဆိုလို့ရှိရင်တော့ ခုနကပြောတဲ့ liquefaction ဖြစ်ဖို့ အလားအလာ မရှိတော့ဘူး။ ဥပမာ - ဘန်ကောက်မြို့ကြီးက sinking ဖြစ်နေတယ်။(ကျွံကျနေတယ်)။ sink ဖြစ်နေရတဲ့အကြောင်းအရင်းသည် ဘန်ကောက်မြို့မှာ မြေအောက်ရေကို သူတို့က အရမ်းသုံးတယ်။ သုံးတဲ့အခါကျတော့ မြေအောက်ရေရဲ့ water table ကျကျသွားတယ်။ (ရေမျက်နှာပြင်နိမ့်ဆင်းသွားတယ်) အဲဒီလို ကျကျသွားတဲ့အခါကျတော့ အပေါ်မှာရှိတဲ့ အခုနက တွဲဆက်အားနည်းပါးတဲ့ (unconsolidated material ) မြေသားတွေသည် compaction ဖြစ်တယ်။ အဲဒါက ရေ နေရာမှာ ကြပ် သွားတာပေါ့။ ရေရှိနေရင်တော့ ရေက ပရက်ရှာ (ဖိအား) နဲ့သူက ခံထားတာ။ ဟိုမှာတော့ s wave (ငလျင်လှိုင်း) က လှုပ်လိုက်တော့ ဒီရေတွေက လှုပ်ကုန်ပြီးတော့ ပေါ်လာတဲ့ ဖိအား (pressure) သည်၊ အခုနကဥစ္စာရဲ့ ဘယ်လိုခေါ်မလဲ- “ညီမျှခြေ” ပျက်သွားတာ တကယ်တန်းကျတော့။ သူ့မှာ နဂိုက ရှိထားတဲ့ ညီမျှခြေ ပျက်သွားတာ။ ဒီ ဖေါင်ဒေးရှင်းရဲ့ ညီမ ျှခြေ ပျက်သွား ပြီးတော့ ခံထားနိုင်တဲ့ အင်အားမရှိတော့ဘူး။ အဲဒီသဘောဖြစ်တာ။

- ဆိုတော့ မြေအောက်ရေရှိနေလို့ရှိရင် ဒီမြေအောက်ရေက အခုနကပြောတဲ့ unconsolidated material လို့ခေါ်တဲ့ တွဲဆက်မှုမရှိတဲ့ အမှုန်တွေကြား၊ ကျောက်မှုန့်တွေကြားထဲမှာ သူက ရေက ရှိနေတယ်။ အဲဒီရေကလည်း သူက တန်ပြန်ဖိအားကို ပေးနိုင်တဲ့ အင်အားရှိတယ်။ အဲဒါကို ကျနော်တို့က porewater pressure လို့ခေါ်တယ်။ အဲဒီရေထုက တွန်းကန်အား ပေးထားတဲ့ အတွက်ကြောင့်မို့လို့ သူ့အပေါ်မှာ ဆောက်ထားတဲ့ အဆောက်အဦးတွေ ခံနိုင်ရည်ရှိနေတယ်။ ငလျင်လှုပ်လိုက်တဲ့ အခါကျတော့ အခုနကပြောတဲ့ ကျောက်မှုန်ကြားတွေ၊ သဲမှုန်ကြားတွေမှာ ရှိတဲ့ ရေတွေသည် လှုပ်ခတ်သွားတာကိုး။ လှုပ်ခတ်သွားတော့ နဂိုရ်ရှိတဲ့အနေအထားကနေ ဒီရေတွေက ရွေ့လျားသွားတာ။ ရွေ့လျားသွားတဲ့ရေတွေက တနေရာမှာ သွားစုမိလိုက်တဲ့အခါ ကျတော့ နုန်းမြေလိုဖြစ်သွားတယ်။ တနေရာမှာ ရေတွေက များသွားတယ်။ နဂိုရ်က ညီညီမျှမျှ တနေရာတည်းမှာ ရှိနေရာက နေပြီးတော့ ငလျင်ရဲ့လှိုင်းကြောင့် ဒီရေတွေက တနေရာကို ရွေ့လျော စီးသွားတဲ့အချိန်မှာ ဒီရေထုများသွားတဲ့ နေရာမှာ ဘာဖြစ်လဲဆိုတော့ ရွှံ့ နွံလို ဖြစ်သွားပြီးတော့ ပျော့သွားပြီးတော့ အဲဒီပျော့တဲ့ နေရာက အဲဒီ ရွှံ့ နွံ တွေက အခုနကပြောတဲ့ ဒီအဆောက်အဦး တွေကို ထမ်းထားနိုင်တဲ့အင်အား မရှိတော့ဘဲနဲ့ပျက်စီးသွားခြင်း ဖြစ်ပါတယ်။

ဒေါ်ခင်မျိုးသက်။ ။ ဒေါက်တာချစ်ကိုကိုရဲ့ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

Your browser doesn’t support HTML5

ဧရာဝတီမြစ်ကြောင်းပေါ်က မြို့ရွာတွေအတွက် ငလျင်အန္တရာယ်.mp3

====================

{{Unicode}}

ဧရာဝတီမွဈကွောငျးပေါျက မွို့ရှာတှအေတှကျ ငလငြျအန်တရာယျ











