စစ်ကောင်စီလက်အောက် အမျိုးသမီးတွေ နေထိုင်ရေး ကျပ်တည်းလာ

တောတောင်ထဲထွက်ပြေးနေကြတဲ့ ကနီဒေသခံရွာသားများ

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီလက်ထက်မှာ အသက် သေဆုံးရသူ အမျိုးသမီး ၅၀၀ နီးပါးရှိခဲ့တယ်လို့ NUG ကြားကာလ မျိုးသားညီညွတ်ရေးအစိုးရက မနေ့ မတ်လ ၈ ရက်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီအုပ်ချုပ်တဲ့ ကာလအတွင်း အမျိုးသမီးတွေ နေရေး ထိုင်ရေးဟာ ပိုမို ကျပ်တည်းလာတယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်သူ အမျိုးသမီးတွေက ပြောပါတယ်။ လက်ရှိပဋိပက္ခတွေ ပြင်းထန်နေဆဲ မြန်မာပြည်တွင်းမှာ အမျိုးသမီးတွေဘယ်လိုရပ် တည်နေရပါသလဲ။ ဒီအကြောင်း ရန်ကုန်ကပေးပို့ထားတာကို အခြေခံပြီး အလိမ္မာက ပြောပြမှာပါ။

မတ်လ ၈ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်ပါတယ်။ မြန်မာ့အိမ်နီးချင်း နိုင်ငံတွေအပါအဝင် ကမ္ဘာတဝန်းမှာ ဒီနေ့ကို ငြိမ်းချမ်းစွာ ကျင်းပနိုင်ကြပေမယ့် မြန်မာနိုင်ငံက အမျိုးသမီးထုအများစုကတော့ စစ်အုပ်ချုပ်မှုအောက်မှာ ဒီနေ့ကို လွတ်လပ်စွာ ကျင်းပနိုင်ခြင်း မရှိပါဘူး။ အထူးသဖြင့် နိုင်ငံတဝန်း ပဋိပက္ခဖြစ်ပေါ်နေတဲ့ နေရာဒေသတွေက အမျိုးသမီးတွေဟာ ဒီနေ့ကို လွတ်လပ်စွာကျင်းပနိုင်ဖို့ မဆိုထားနဲ့ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် ရုန်းကန်နေကြရတာပါ။

စစ်ကိုင်းတိုင်းထဲမှာလှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်က အမျိုးသမီးငယ်တစ်ဦးကတော့ စစ်ရေး တင်းမာနေတဲ့ စစ်ကိုင်းတိုင်းထဲမှာ အမျိုးသမီးတွေ နေရေးထိုင်ရေးဟာ ပိုမိုကျပ်တည်းပြီး မလုံခြုံမှုတွေနဲ့ ပိုရင်ဆိုင်လာရတယ်လို့ ပြောပြပါတယ်။

"စစ်ကောင်စီအာဏာသိမ်းပြီးနောက်ကျမတို့အမျိုးသမီးတွေမှာ မလုံခြုံတော့ဘူးခံစားရတယ်။ ဘာလို့လဲ ဆိုတော့ ပြည်သူ့အိုးအိမ်စည်းစိမ်တွေကို ခိုးယူတိုက်ဖျက် ဒါတင်မဟုတ်ဘူး အားနွဲ့တဲ့အမျိုးသမီးတွေကို အနိုင်ကျင့်စော်ကားတာတွေနေရာတိုင်းမှာတွေ့နေရတယ်။ ခရီးသွားတာ တောင် မလုံခြုံတော့ဘူး။ စစ်ကောင်စီတပ်သားတွေနဲ့မတွေ့အောင် ရှောင်ကွင်းနေရတယ်။ "

အာဏာသိမ်းကာလ မတိုင်ခင် နှစ်တွေကတော့ ဒီ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို စည်စည်ကားကား ကျင်းပနိုင်ခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ အခက်အခဲတွေကြားမှာဘဲ အကျဉ်းရုံး ကျင်းပခဲ့ပါတယ်။

အခုနှစ်အမျိုးသမီးတွေအတွက် ဆောင်ပုဒ်ဖြစ်တဲ့ “Embrace Equity” ဆိုတဲ့ ခေါင်းစဉ်နဲ့အညီ − အမျိုးသမီးများ ရသင့်ရထိုက်သော တန်းတူညီမျှသော အခွင့်အရေးရဖို့ လိုအပ်နေသလို နေရာတိုင်းမှာ တန်းတူအခွင့်အရေးတွေပေးနိုင်ဖို့ မျှော်လင့်နေတယ်လို့ သူက အခုလို ဆက်ပြောပါတယ်။

"အမျိုးသမီးတွေကို အားလုံးနဲ့တန်းတူထားဖို့လိုတယ်။ တချို့ကရှိတယ်လေ။ အမျိုးသမီးတွေဆို ခေါင်းဆောင်လုပ်လို့မရဘူးဆိုတာမျိုး အဲလိုလုပ်တာတွေကမမှန်ဘူး။ နိုင်ငံရေးမှာဆိုရင်လဲ အမျိုးသမီးတွေဟာ နိုင်ငံခေါင်းဆောင်နဲ့မထိုက်တန်ဘူး။ အဲလိုမျိုးတွေမရှိဘဲ တန်းတူညီမျှထား ပေးကြဖို့ ညီမတိုက်တွန်းချင်တယ်။ "

အမျိုးသားညီညွတ်ရေးအစိုးရက ဒီကာလအတွင်း အသက် သေဆုံးရသူ အမျိုးသမီး ၅၀၀နီးပါးရှိခဲ့ တယ်လို့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့မှာ ထုတ်ပြန်ပါ တယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းစာရင်းတွေအရ ဒီကာလအတွင်း အဖမ်းခံရသူ အယောက် ၄,၀၀၀ ကျော် ရှိနေပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အတွက် အမျိုးသမီးတွေကို အမျိုးသားတွေနည်းတူ ဖမ်းဆီးနှိပ်စက် အကျဉ်းချ ထားတာတွေ လုပ်ခဲ့တာပါ။ စစ်ကြောရေးတွေမှာ ဖမ်းခံရချိန်မှာလည်း ကိုယ်ရောစိတ်ပါ နှိပ်စက်ခံရတာတွေရှိခဲ့တယ်လို့ ပြန်လွတ်လာသူတွေက ပြောပါတယ်။

တချိန်ထဲမှာဘဲ စစ်အာဏာသိမ်းတာကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေမှာလဲ အမျိုးသမီးတွေပါ ပါဝင်နေသလို တချို့လည်း တော်လှန်ရေးအတွက် အသက်ပေးခဲ့ရတာတွေ ရှိနေပါတယ်။ အမျိုးသမီးအရေး လှုပ်ရှားနေသူတစ်ဦးကတော့ ဒီကာလအတွင်း အမျိုးသမီးတွေအတွက် အဆိုးဆုံး အခြေအနေတွေ နဲ့ရင်ဆိုင်နေရသလို အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အသက်ဘေးနဲ့ ပိုနီးကပ်စွာ ရင်ဆိုင်လာနေရတယ်လို့ ပြောပါတယ်။

ဒီလိုအခြေအနေမှာတောင် အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့တန်းတူ ရပ်တည်နိုင်တာမို့ သူတို့ရဲ့ အခန်းကဏ္ဍဟာ ပိုအရေးပါလာသလို ပိုအသိမှတ်ပြုဖို့ လိုအပ်တယ်လို့ စစ်ဘေးသင့်ပြည်သူတွေကို ကူညီနေတဲ့ အမျိုးသမီးအရေး လှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

"အမျိုးသမီးတွေကအမျိုးသားတွေထက်အခန်းကဏ္ဍတွေမှာ ပိုလိုတယ်။ ဥပမာ ဒါကဘဲအမျိုးသားတွေလုပ်ရမယ့်ဟာ အမျိုးသမီးတွေမလုပ်ရဘူး ဆိုတာမျိုး တွေကိုကျော်လွှားနိုင်ခဲ့ တယ်။ ဒါတွေကိုရိုက်ချိုးပြီးတော့မှ သူတို့ကိုယ်တိုင်လဲရှေ့ထွက်လာတယ်။ သူတို့ကိုယ်တိုင်ကလည်း ဦး ဆောင်ဦးရွက်ပြုလာတယ် လုပ်နိင်စွမ်းလဲရှိလာတယ်။ လက်နက်စွဲကိုင်တဲ့တပ်ဖွဲ့ဝင်တွေရှိသလိုမျိုး နောက်တန်းမှာလဲ ဆေးဘက်ဆိုင်ရာတပ်သားအနေနဲ့ရှိတာမျိုး ထောက်ပို့အနေနဲ့ ရှိလာတာမျိုး ဒီအပိုင်း တွေအပြင်နေရာဒေသအသီးသီးမှာဆိုရင်လဲ စကစအကြမ်းဖက်ပြီးနောက်မှာ အမျိုးသမီးတွေအနေနဲ့ စိတ်ဒဏ်ရာခံစားမှုအပိုင်းရှိခဲ့တယ်။ ဒါပေမယ့်နောက်ကွယ်ကပြုပြင်ပြောင်းလဲရေးထိန်းသိမ်းရေးအ ပိုင်းတွေမှာလဲ ကျရာအခန်းကဏ္ဍ ရောက်ရာနေရာကနေ ပါဝင်အားဖြည့်တယ်။ သူတို့နူးညံ့သိမ်မွေ့မှု အလျောက် အရင်ကထက်ပိုအားကောင်းလာတယ်။ အရင်ကထက်ပို လုပ်နိုင်စွမ်းတွေချပြနိုင်လာခဲ့ တယ်။ ဒါကြောင့်အမျိုးသမီးတွေအခန်းကဏ္ဍကနေရာတိုင်းမှာ အကျိုးရှိရှိနဲ့ဖြစ်လာတယ်မြင်မိတယ်။"

စစ်ကောင်စီဖမ်းဆီးထားတဲ့ အယောက် ၄,၀၀၀ ကျော်မှာ သေဒဏ်အဖြစ်ချမှတ်ခံထားရသူ ၁၁ ဦးအထိရှိနေပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူလည်း ၁၅ ဦးအထိ ရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်များရဲ့ လိင်ပိုင်ဆိုင်းရာ စော်ကားခံရသူ အမျိုးသမီးဦးရေ ၁၂၂ ဦးရှိတယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။

သိမ်းထားတဲ့ စစ်ကောင်စီလက်ထက်မှာ အသက် သေဆုံးရသူ အမျိုးသမီး ၅၀၀ နီးပါးရှိခဲ့တယ်လို့ NUG ကြားကာလ မျိုးသားညီညွတ်ရေးအစိုးရက မနေ့ မတ်လ ၈ ရက်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီအုပ်ချုပ်တဲ့ ကာလအတွင်း အမျိုးသမီးတွေ နေရေး ထိုင်ရေးဟာ ပိုမို ကျပ်တည်းလာတယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်သူ အမျိုးသမီးတွေက ပြောပါတယ်။ လက်ရှိပဋိပက္ခတွေ ပြင်းထန်နေဆဲ မြန်မာပြည်တွင်းမှာ အမျိုးသမီးတွေဘယ်လိုရပ် တည်နေရပါသလဲ။ ဒီအကြောင်း ရန်ကုန်ကပေးပို့ထားတာကို အခြေခံပြီး အလိမ္မာက ပြောပြမှာပါ။

မတ်လ ၈ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်ပါတယ်။ မြန်မာ့အိမ်နီးချင်း နိုင်ငံတွေအပါအဝင် ကမ္ဘာတဝန်းမှာ ဒီနေ့ကို ငြိမ်းချမ်းစွာ ကျင်းပနိုင်ကြပေမယ့် မြန်မာနိုင်ငံက အမျိုးသမီးထုအများစုကတော့ စစ်အုပ်ချုပ်မှုအောက်မှာ ဒီနေ့ကို လွတ်လပ်စွာ ကျင်းပနိုင်ခြင်း မရှိပါဘူး။ အထူးသဖြင့် နိုင်ငံတဝန်း ပဋိပက္ခဖြစ်ပေါ်နေတဲ့ နေရာဒေသတွေက အမျိုးသမီးတွေဟာ ဒီနေ့ကို လွတ်လပ်စွာကျင်းပနိုင်ဖို့ မဆိုထားနဲ့ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် ရုန်းကန်နေကြရတာပါ။

စစ်ကိုင်းတိုင်းထဲမှာလှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်က အမျိုးသမီးငယ်တစ်ဦးကတော့ စစ်ရေး တင်းမာနေတဲ့ စစ်ကိုင်းတိုင်းထဲမှာ အမျိုးသမီးတွေ နေရေးထိုင်ရေးဟာ ပိုမိုကျပ်တည်းပြီး မလုံခြုံမှုတွေနဲ့ ပိုရင်ဆိုင်လာရတယ်လို့ ပြောပြပါတယ်။

"စစ်ကောင်စီအာဏာသိမ်းပြီးနောက်ကျမတို့အမျိုးသမီးတွေမှာ မလုံခြုံတော့ဘူးခံစားရတယ်။ ဘာလို့လဲ ဆိုတော့ ပြည်သူ့အိုးအိမ်စည်းစိမ်တွေကို ခိုးယူတိုက်ဖျက် ဒါတင်မဟုတ်ဘူး အားနွဲ့တဲ့အမျိုးသမီးတွေကို အနိုင်ကျင့်စော်ကားတာတွေနေရာတိုင်းမှာတွေ့နေရတယ်။ ခရီးသွားတာ တောင် မလုံခြုံတော့ဘူး။ စစ်ကောင်စီတပ်သားတွေနဲ့မတွေ့အောင် ရှောင်ကွင်းနေရတယ်။ "

အာဏာသိမ်းကာလ မတိုင်ခင် နှစ်တွေကတော့ ဒီ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို စည်စည်ကားကား ကျင်းပနိုင်ခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ အခက်အခဲတွေကြားမှာဘဲ အကျဉ်းရုံး ကျင်းပခဲ့ပါတယ်။

အခုနှစ်အမျိုးသမီးတွေအတွက် ဆောင်ပုဒ်ဖြစ်တဲ့ “Embrace Equity” ဆိုတဲ့ ခေါင်းစဉ်နဲ့အညီ − အမျိုးသမီးများ ရသင့်ရထိုက်သော တန်းတူညီမျှသော အခွင့်အရေးရဖို့ လိုအပ်နေသလို နေရာတိုင်းမှာ တန်းတူအခွင့်အရေးတွေပေးနိုင်ဖို့ မျှော်လင့်နေတယ်လို့ သူက အခုလို ဆက်ပြောပါတယ်။

"အမျိုးသမီးတွေကို အားလုံးနဲ့တန်းတူထားဖို့လိုတယ်။ တချို့ကရှိတယ်လေ။ အမျိုးသမီးတွေဆို ခေါင်းဆောင်လုပ်လို့မရဘူးဆိုတာမျိုး အဲလိုလုပ်တာတွေကမမှန်ဘူး။ နိုင်ငံရေးမှာဆိုရင်လဲ အမျိုးသမီးတွေဟာ နိုင်ငံခေါင်းဆောင်နဲ့မထိုက်တန်ဘူး။ အဲလိုမျိုးတွေမရှိဘဲ တန်းတူညီမျှထား ပေးကြဖို့ ညီမတိုက်တွန်းချင်တယ်။ "

အမျိုးသားညီညွတ်ရေးအစိုးရက ဒီကာလအတွင်း အသက် သေဆုံးရသူ အမျိုးသမီး ၅၀၀နီးပါးရှိခဲ့ တယ်လို့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့မှာ ထုတ်ပြန်ပါ တယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းစာရင်းတွေအရ ဒီကာလအတွင်း အဖမ်းခံရသူ အယောက် ၄,၀၀၀ ကျော် ရှိနေပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အတွက် အမျိုးသမီးတွေကို အမျိုးသားတွေနည်းတူ ဖမ်းဆီးနှိပ်စက် အကျဉ်းချ ထားတာတွေ လုပ်ခဲ့တာပါ။ စစ်ကြောရေးတွေမှာ ဖမ်းခံရချိန်မှာလည်း ကိုယ်ရောစိတ်ပါ နှိပ်စက်ခံရတာတွေရှိခဲ့တယ်လို့ ပြန်လွတ်လာသူတွေက ပြောပါတယ်။

တချိန်ထဲမှာဘဲ စစ်အာဏာသိမ်းတာကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေမှာလဲ အမျိုးသမီးတွေပါ ပါဝင်နေသလို တချို့လည်း တော်လှန်ရေးအတွက် အသက်ပေးခဲ့ရတာတွေ ရှိနေပါတယ်။ အမျိုးသမီးအရေး လှုပ်ရှားနေသူတစ်ဦးကတော့ ဒီကာလအတွင်း အမျိုးသမီးတွေအတွက် အဆိုးဆုံး အခြေအနေတွေ နဲ့ရင်ဆိုင်နေရသလို အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အသက်ဘေးနဲ့ ပိုနီးကပ်စွာ ရင်ဆိုင်လာနေရတယ်လို့ ပြောပါတယ်။

ဒီလိုအခြေအနေမှာတောင် အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့တန်းတူ ရပ်တည်နိုင်တာမို့ သူတို့ရဲ့ အခန်းကဏ္ဍဟာ ပိုအရေးပါလာသလို ပိုအသိမှတ်ပြုဖို့ လိုအပ်တယ်လို့ စစ်ဘေးသင့်ပြည်သူတွေကို ကူညီနေတဲ့ အမျိုးသမီးအရေး လှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

"အမျိုးသမီးတွေကအမျိုးသားတွေထက်အခန်းကဏ္ဍတွေမှာ ပိုလိုတယ်။ ဥပမာ ဒါကဘဲအမျိုးသားတွေလုပ်ရမယ့်ဟာ အမျိုးသမီးတွေမလုပ်ရဘူး ဆိုတာမျိုး တွေကိုကျော်လွှားနိုင်ခဲ့ တယ်။ ဒါတွေကိုရိုက်ချိုးပြီးတော့မှ သူတို့ကိုယ်တိုင်လဲရှေ့ထွက်လာတယ်။ သူတို့ကိုယ်တိုင်ကလည်း ဦး ဆောင်ဦးရွက်ပြုလာတယ် လုပ်နိင်စွမ်းလဲရှိလာတယ်။ လက်နက်စွဲကိုင်တဲ့တပ်ဖွဲ့ဝင်တွေရှိသလိုမျိုး နောက်တန်းမှာလဲ ဆေးဘက်ဆိုင်ရာတပ်သားအနေနဲ့ရှိတာမျိုး ထောက်ပို့အနေနဲ့ ရှိလာတာမျိုး ဒီအပိုင်း တွေအပြင်နေရာဒေသအသီးသီးမှာဆိုရင်လဲ စကစအကြမ်းဖက်ပြီးနောက်မှာ အမျိုးသမီးတွေအနေနဲ့ စိတ်ဒဏ်ရာခံစားမှုအပိုင်းရှိခဲ့တယ်။ ဒါပေမယ့်နောက်ကွယ်ကပြုပြင်ပြောင်းလဲရေးထိန်းသိမ်းရေးအ ပိုင်းတွေမှာလဲ ကျရာအခန်းကဏ္ဍ ရောက်ရာနေရာကနေ ပါဝင်အားဖြည့်တယ်။ သူတို့နူးညံ့သိမ်မွေ့မှု အလျောက် အရင်ကထက်ပိုအားကောင်းလာတယ်။ အရင်ကထက်ပို လုပ်နိုင်စွမ်းတွေချပြနိုင်လာခဲ့ တယ်။ ဒါကြောင့်အမျိုးသမီးတွေအခန်းကဏ္ဍကနေရာတိုင်းမှာ အကျိုးရှိရှိနဲ့ဖြစ်လာတယ်မြင်မိတယ်။"

စစ်ကောင်စီဖမ်းဆီးထားတဲ့ အယောက် ၄,၀၀၀ ကျော်မှာ သေဒဏ်အဖြစ်ချမှတ်ခံထားရသူ ၁၁ ဦးအထိရှိနေပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူလည်း ၁၅ ဦးအထိ ရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်များရဲ့ လိင်ပိုင်ဆိုင်းရာ စော်ကားခံရသူ အမျိုးသမီးဦးရေ ၁၂၂ ဦးရှိတယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5