မြန်မာနိုင်ငံတဝှမ်းလူတန်းပေါင်းစုံအမျိုးသမီးတွေဟာ ဒီကနေ့ကာလမှာ သူတို့ရဲ့စွမ်းဆောင်နိုင်မူတွေ ဖောက်ထွက်နိုင်မူတွေအတွက် ယုံကြည်မူတွေပိုရှိလာပြီး အပြောင်းအလဲတွေဖော်ဆောင်ဖို့ဆက်လုပ်ဆောင်သွားမယ့်အကြောင်းနဲ့သူတို့ကို ကမ်ဘာကြီးက မမေ့လျော့အောင်ဖို့အတွက် တက်ကြွလှုပ်ရှားသူ အမျိုးသမီးတွေက နိုင်ငံတကာအမျိုးသမီးများနေ့မှာ ပြောဆိုကြပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာသတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ်နိုင်ငံရေးအပြောင်းအလဲဖြစ်အပြီးမှာတော့ အမျိုးသမီးတွေဟာရှေးရိုအစဉ်အလာအတိုင်းမဟုတ်တော့ပဲ နိုင်ငံရေးစစ်ရေး လူမူရေးကိစ္စရပ်တိုင်းမှာ အမျိုးသားတွေနဲ့တန်းတူ လုပ်ဆောင်နိုင်ခဲ့ပြီလို နိုင်ငံတကာအမျိုးသမီးများနေ့မှာ တက်ကြလှုပ်ရှားသူအမျိုးသမီးတွေကပြောပါတယ်။ သူတို့ အနေနဲ့ စွမ်းဆောင်နိုင်မူတွေ အတွက်ယုံကြည်မူတွေပိုရလာသလို အမျိုးသမီးတွေ ဖိနှိပ်အကြမ်းဖက်ခံနေရတာရှိနေသေးတဲ့အတွက် ကမ်ဘာကြီးက သူတို့ကိုမမေ့လျော့အောင်ဆိုပြီး မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂများအဖွဲ့ချုပ် FGWMရဲ့ တွဲဘက်အတွင်းရေးမှူး မအိက နိုင်ငံတကာအမျိုးသမီးများနေ့မှာ အခုလိုပြောပါတယ်။
"နွေဦးတော်လှန်ရေးမှာလည်းကျမတို့အလုပ်သမားအမျိုးသမီးထုဟာရှေ့ဆုံးကနေ ဦးဆောင်ဦးရွက်ပါဝင်ကြတယ်၊အခုတော်လှန်ရေး၂နှစ်ကျော်ကြာကာလအတွင်းမှာလည်းနေရာပေါင်းစုံကနေ စစ်အာဏာရှင်ကိုတော်လှန်နေကြတယ်၊တချို့အမျိုးသမီးတွေလည်းအိမ်တွင်းအကြမ်းဖက်ခံနေရတယ် တချို့လုပ်ငန်းခွင်ကအမျိုးသမီးတွေဆိုရင်လည်း လူသားလိုအသိမှတ်ပြုမခံရပဲ ဖိနှိပ်ခံနေရတယ်။ ဒါကိုကမ္ဘာကြီးက မမေ့လျော့အောင် ဒီနေ့ပွဲလေးကျင်းပခဲ့တာဖြစ်ပါတယ်။"
တက်ကြွလှုပ်ရှားသူ အခြေခံပညာဦးစီးဌာနက ကျောင်းဆရာမတဦးကတော့ မြန်မာနိုင်ငံရေးအရွေ့တခုမှာအမျိုးသမီးတွေအားသွန်ခွန်စိုက်ပါဝင်ခဲ့ကြတာကြောင့် အနာဂတ်မှာ အပြောင်းအလဲတွေအများကြီးကိုကြုံတွေ့ရတော့မယ်လို့ဆိုပါတယ်။
"တော်လှန်ရေးမှာကျတော့တန်းတူပါဝင်ကြတယ်။ တော်လှန်ရေးမှာကျတော့အပြောင်းအလဲဖြစ်သွားတာကတော့ အမျိုးသားရယ်အမျိုးသမီးရယ်မဟုတ်ဘူး။ နိုင်ငံသားအဖြစ်နဲ့တန်းတူညီမျှ ဖြစ်သွားကြတယ်။ ဒီအရွေ့တခုဖြစ်ပြီးသွားရင်တော့ ကျွန်မတို့ရဲ့ရှေးရိုးစွဲအစဉ်လာကြီးတွေ ဖြစ်နေတဲ့နိုင်ငံမှာ အမျိုးသမီးအမျိုးသားဆိုတာတွေကအပြောင်းအလဲတွေအများကြီးဖြစ်သွားလိမ့်မယ်"
ဒဂုံတကသိုလ်ဓါတုဗေဒဌာန ကတိကတဦးဖြစ်တဲ့ဒေါက်တာခိုင်ဇာသွယ်ကတော့ အမျိုးသမီးတွေအနေနဲ့ ဖိနှိပ်ခံရမှုတွေအကြမ်းဖက်ခံရမူတွေကြုံရင် စိတ်ဓါတ်မကျဖို့ အခုလိုအားပေးစကားပြောခဲ့ပါတယ်။
"တချို့အမျိုးသမီးတွေဆိုရင်အကြမ်းဖက်ခံရမူတွေကြံရတဲ့အခါမှာ စိတ်ဓါတ်ကျမနေပဲ ငါတို့ ပြိုလဲနေတာကို ဘယ်လို ထူထောင်နိုင်မလဲ ဘယ်လိုသန်မာအာင်လုပ်ကြမလဲဆိုပြီးစာတွေများများဖတ်ရမယ် အဓိကကတော့အမြင်ကျယ်လာရင်တော့ကျွန်မတို့ရင်ဆိုင်တဲ့အခါမှာပိုပြီးသတ္တိရှိလာမယ်လို့ထင်တယ်"
တက်ကြွလှုပ်ရှားသူအမျိုးသမီးတဦးကတော့ အိမ်တွေ ဖျက်ဆီးခံရတာ သားသမီး၂ဦးနဲ့အတူရင်ဆိုင်ပြီးအခက်အခဲကျော်လွားခဲ့ရချိန် ကြောက်ရွံ့စိတ်တွေရှိခဲ့ပေမယ့် ဒီစိတ်တွေကိုတွန်းလှန်အနိုင်ယူနိုင်ခဲ့တယ်လို့ ပြောပြပါတယ်။
"ပထမဒီကရှောင်လာတုန်းက ကြောက်ရွံ့စိတ်ရှိတယ် ၊လမ်းတလျောက်လုံးကြောက်တယ် ဖမ်းမှာကြောက်တယ် ကျွန်မအရွယ်က အသက်၅၀ကျော်ဆိုရင် ဖမ်းရင်သေမှာပဲ ဒီဒဏ်တွေမခံနိုင်တော့ဘူး ကျွန်မက အခုတော့ပိုခိုင်မာလာတယ်။ ကျွန်မအသက်ရှင်နေဖို့လိုတယ်။ ကျွန်မရှင်သန်နေမှာအားလုံးကိုတွန်းလှန်နိုင်မှာ တော်လှန်နိုင်မှာလေ ကျွန်မရှင်သန်နေမှာအားလုံးလုပ်နိုင်မှာ"
တက္ကသိုလ်ပါမောက္ခတဦးကတော့ မြန်မာ့နိုင်ငံရေးမှာအမျိုးသမီးတွေဟာအမျိုးသားတွေနဲ့တန်းတူ ဖောက်ထွက်လုပ်ဆောင်နိုင်ခဲ့တာကို ကျေနပ်စွာမြင်ခဲ့ရသလို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်လုပ်ဆောင်နိုင်ဖို့ အားအင်တွေပိုပြီးတော့ဖြစ်လာတယ်လို့အခုလိုပြောခဲ့ပါတယ်။
"ယောက်ကျားတွေနဲ့တန်းတူဖောက်ထွက်နိုင်ခဲ့ပြီသူတို့ ရှိသမျှစွမ်းအားနဲ့လုပ်ဆောင်နိုင်ခဲ့ပြီဆိုတာကို ပြသတယ်လို့သဘောပေါက်ထားပါတယ်။ အမျိုးသမီးတယောက်အနေနဲ့လည်း စွမ်းဆောင်နိုင်သလောက်စွမ်းဆောင်ခဲ့ကြိုးစားခဲ့တယ်။ ဒီအတွက်ဘယ်တော့မှာနောင်တမရဘူး၊ ရှေ့ဆက်ပြီးကျွန်မတို့ကကိုယ့်စွမ်းအားတွေကိုထုတ်သုံးမယ်လို့ပြောချင်တယ်၊ အမျိုးသမီးတွေကခံစားမှုများတယ် ဖိနှိပ်မှုများလေ ကိုယ့်ခံရတာများလေ ဖောက်ထွက်မှုများလေပါပဲ"
နိုင်ငံတကာအမျိုးသမီးများနေ့ကို မြန်မာပြည်တွင်းမှာလည်းကျင်းပခဲ့သလို ထိုင်းမြန်မာနယ်စပ်မဲဆောက်နဲ့ ဘန်ကောက်ချင်းမိုင်စတဲ့နေရာတွေမှာလည်းအခမ်းအနားတွေလုပ်ပြီးကျင်းပခဲ့ကြပြီးအမျိုးသမီးတွေ အသံတွေကိုထုတ်ဖော်ပြသခဲ့ကြပါတယ်။ ဒါကတော့နိုင်ငံတကာအမျိုးများနေ့မှာ ပြည်တွင်းပြည်ပမှာရှိနေတဲ့ အလွှာပေါင်းစုံကအမျိုးသမီးတွေကိုဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။