မြန်မာနိုင်ငံမှာ အထူးသဖြင့် အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ ထင်သလောက် မရတာ အရင်းခံအချက် သုံးချက်ရှိတယ်လို့ ပြည်ပစီးပွားရေးလုပ်ငန်းတွေကို ဥပဒေရေးရာ ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီကို ပူးတွဲ တည်ထောင်သူ ဥပဒေပညာရှင်တဦးက ပြောပါတယ်။
သုံးခြောက်ထောက်ခုံလို့ သူတင်စားပြောဆိုထားတဲ့ အဲဒီ အရင်းခံအချက် သုံးချက်က ဘာတွေပါလဲ …
HRMR ဥပဒေအကျိုးဆောင်ကုမ္ပဏီကို ပူးတွဲတည်ထောင်ပြီး မြန်မာနိုင်ငံမှာ ငါးနှစ်ကြာ ရုံးခန်းဖွင့် လုပ်ဆောင်ခဲ့ပြီးတဲ့နောက် မကြာသေးခင်ကမှ မြန်မာပြည်ရုံးကို ပိတ်လိုက်တဲ့ HRMR ကုမ္ပဏီရဲ့ ပြည်ပ ဥပဒေပညာရှင် Eric Rose ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်စီးပွားရေးအစီအစဉ်မှာ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
Your browser doesn’t support HTML5