မြန်မာနိုင်ငံမှာ NLD ဦးဆောင်တဲ့ အရပ်သား အစိုးရသစ် တက်လာပြီးတဲ့နောက် ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်နေတာမှာ ပြည်ပနိုင်ငံတွေကို သွားလည်ကြမယ့် မြန်မာနိုင်ငံသားတွေအတွက် ခရီးစဉ်တွေကို မြန်မာ ခရီးသွားလုပ်ငန်းရှင်များအသင်းက အားပေး လုပ်ဆောင်လာနေပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအတွင်းက ခရီးသွားလုပ်ငန်းထဲကို ဒေသတွင်း နိုင်ငံတွေက ကုမ္ပဏီကြီးတွေ ထိုးဖောက် ဝင်ရောက်လာနေတဲ့အတွက် ရေရှည်မှာ မြန်မာနိုင်ငံက အသေးစားနဲ့ အလတ်စား ခရီးသွားလုပ်ငန်းတွေ ကွယ်ပျောက်သွားနိုင်တယ်လို့ Authentic Myanmar Travel & Tours ကုမ္ပဏီက ဒါရိုက်တာ ဒေါ်သတိုးသူဇာအောင်က ပြောပါတယ်။ ဒီအကြောင်း အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
Your browser doesn’t support HTML5