ကမ္ဘောဒီးယားနိုင်ငံရဲ့ စီးပွားရေးဟာ ဒီနှစ်မှာ တိုးတက်မှုတွေ အားနည်းမယ်လို့ ခန့်မှန်းနေချိန်မှာပဲ အဓိက ဝင်ငွေရပေါက်ရလမ်း တခုဖြစ်တဲ့ ခရီးသွားလုပ်ငန်းမှာ ပုံစံသစ်နဲ့ ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ဖက်က ကန်ကြီးမှာဆိုရင်လည်း ရှားပါးမျိုးစိတ်တွေ အပါအဝင် ငှက်မျိုးစုံကို သဘာဝအတိုင်း ကြည့်ရှုခံစားနိုင်မယ့် အစီအစဉ်ကိုတော့ မကြာသေးခင်ကပဲ စတင်ခဲ့တာပါ။ ပတ်ဝန်းကျင် ထိန်းသိမ်းရာလည်းရောက် ခရီးသွားလုပ်ငန်းက ဝင်ငွေလည်း ရနိုင်ဖို့ ကြိုးပမ်းနေတဲ့ ကမ္ဘောဒီးယားက ထူးထူးခြားခြား ခရီးသွားလုပ်ငန်း အကြောင်းကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။
ကမ္ဘောဒီးယား နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ ပြီးခဲ့တဲ့နှစ် ၂၀၁၃ ခုနှစ်မှာ ၇.၂% ရှိနေရာက ဒီနှစ်မှာတော့ ၇% လောက်အထိ ပြန်ကျလာနိုင်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကခန့်မှန်းပါတယ်။ နိုင်ငံရေး တင်းမာမှုတွေနဲ့ အလုပ်သမား အခွင့်အရေး လှုပ်ရှားမှုတွေက ကမ္ဘောဒီးယားရဲ့ စီးပွားရေးအပေါ် ရိုက်ခတ်နိုင်တယ်လို့လည်း သတိပေးထားတာပါ။ ဒါပေမဲ့လည်း ခရီးသွားလုပ်ငန်း အပါအဝင် ဝန်ဆောင်မှုကဏ္ဍမှာတော့ တိုးတက်မှုတွေ ရှိနေတဲ့ အကြောင်းလည်း ADB ရဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။
နိုင်ငံခြားဝင်ငွေ ရနိုင်မယ့် ကမ္ဘာလှည့် ခရီးသွား အစီအစဉ်တွေကို တိုးချဲ့လာနေတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာတော့ အခုဆိုရင် Eco-tourism လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်ကို အခြေခံတဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေဟာလည်း တနေ့တခြား ရေပမ်းစားလာ နေတာပါ။ အခုနောက်ဆုံးမှာတော့ သက်ရှိတွေနဲ့ သဘာ၀ အပြန်အလှန် မှီတွယ်နေကြတဲ့ ဂေဟဗေဒ စနစ်တွေရှိရာ နေရာတခု အဖြစ်နဲ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) ကထိန်းသိမ်း စောင့်ရှောက်ဖို့ စာရင်းသွင်းထားတဲ့ Tonle Sap ကန်လည်း ပါဝင်လာပါတယ်။
Tonle Sap ကန်က ခရီးသွားလုပ်ငန်း အစီအစဉ်သစ်ကို ကမကထလုပ်နေတဲ့ Indochine Exploration အဖွဲ့ကို ပူးတွဲတည်ထောင်သူ Nick Butler ကတော့ ရေပျော်ငှက်တွေ မှီတင်းရာ အဓိက နေရာတခု အဖြစ်နဲ့ အများက အာရုံစိုက်လာဖို့ မျှော်လင့်နေတာပါ။
“အခုကျနော်တို့ Tonle Sap ကန်မှာ ရောက်နေတာပါ။ ကမ္ဘောဒီးယားရဲ့ အချက်အခြာဖြစ်သလို၊ အရှေ့တောင် အာရှဒေသမှာ အကြီးဆုံးလည်း ဖြစ်ပါတယ်။ လူတွေအတွက် အသားဓာတ်အဖြစ် ငါးတွေရနိုင်တဲ့ နေရာဆိုတာကို သိကောင်း သိကြပေမဲ့လည်း အရှေ့တောင်အာရှမှာ ရေပျော်ငှက်တွေ အများဆုံး နေကြတဲ့ နေရာတခု ဆိုတာကိုတော့ မသိကြပါဘူး။”
Tonle Sap ကန်ဟာဆိုရင် ခြောက်သွေ့တဲ့ ရာသီ ၆ လလောက်မှာ စတုရန်းမိုင် ၉၀၀ လောက်အထိ ရှိတတ်ပေမဲ့ စိုစွတ်တဲ့ မိုးတွင်းကာလမျိုးမှာတော့ စတုရန်းမိုင် ၄,၀၀၀ လောက်အထိ ကျယ်ဝန်းလေ့ ရှိတတ်ပြီး အာရှမှာ အကြီးဆုံး ရေချိုအိုင်ကြီး တခုပါ။ Tonle Sap ကန်ကိုဖြတ်ပြီး တနာရီလောက် သင်္ဘောနဲ့ မောင်းသွားတယ် ဆိုရင်တော့ ရေပေါ်ရွာ ၁၇၀ လောက်ရှိတဲ့ အထဲက အနောက်မြောက်ဖက်စွန်းမှာရှိတဲ့ Prek Toal ရွာကို ရောက်ပါတယ်။ စည်ပေပါ အဟောင်းတွေပေါ်မှာ ဝါးကြမ်းခင်းပြီး ဆောက်လုပ်ထားတဲ့ အိမ်တွေမှာ နေထိုင်ကြသူ အများစုကတော့ ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးကြတာပါ။ Prek Toal ရွာဟာ ဆိုရင်တော့ ငှက်မျိုးစိတ်ပေါင်း ၁၀၀ လောက် ကျင်လည်ကျတ်စားရာ စတုရန်းမိုင် ၈၀ လောက် အကျယ်အဝန်းရှိတဲ့ နယ်နမိတ်ရဲ့ အဝင်ဝလည်း ဖြစ်ပါတယ်။ ဝန်ပိုငှက်၊ ခရုစုပ်ငှက်၊ တင်ကျီးငှက်၊ လင်းယုန်နဲ့ ရှားပါး ရေပျော်ငှက်တွေရှိရာ ဒီဒေသကိုတော့ ကွယ်လွန်သူ ကမ္ဘောဒီးယား ဘုရင်ဟောင်း Norodom Sihanouk က ၂၀၀၂ ခုနှစ်ကစလို့ ဘေးမဲ့တောအဖြစ် သတ်မှတ်ပြီး စောင့်ရှောက် ထားတာပါ။
ရေတိမ်တဲ့ ဘေးမဲ့တော အတွင်းပိုင်းအထိ ရောက်ဖို့ကတော့ ခရီးသွားတွေ စက်လှေငယ်တွေကို ပြောင်းပြီး စီးကြရပါတယ်။ နာရီဝက်လောက် စက်လှေ စီးပြီးရင်တော့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း (WCS) က တည်ဆောက်ထားတဲ့ ငှက်ကြည့် မျှော်စင်ကို ရောက်ပါတယ်။ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း ကတော့ နှစ်စဉ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ ရောက်လာကြတဲ့ ငှက်ကောင်ရေဟာ ၅ သောင်းကျော်အထိ ရှိတယ်လို့ ခန့်မှန်းထားတာပါ။
ဒီဒေသမှာ လာပြီးနားခိုကြတဲ့ ငှက်တွေရဲ့ ဥတွေကို အခိုးမခံရဖို့ကိုတော့ Chan Dara တို့လို ဒေသခံ တောခေါင်းတွေက ပုံမှန်ကင်းလှည့်ပြီး စောင့်ရှောက်ကြပါတယ်။ ဒီဒေသမှာ ဘေးမဲ့တောအဖြစ် ဖန်တီးပြီး နောက်မှာတော့ ငှက်အကောင်ရေ တိုးလာတယ်လို့လည်း သူကပြောပါတယ်။
“ဘေးမဲ့တောမှာ ပေါက်ပွားကြတဲ့ ငှက်တွေထဲမှာတော့ ငှက်ကြီးတုံးစပ်၊ တုံးမြီးကွက်၊ ငှက်ကျား၊ ငှက်ကြီးဝန်ပိုနဲ့ တင်ကျီးငှက်တွေ ပါကြပါတယ်။”
တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း (WCS) ကတော့ ဘေးမဲ့တောအဖြစ် သတ်မှတ်လာခဲ့တဲ့ ၂၀၀၂ ခုနှစ်ကစလို့ Prek Toal ဒေသမှာ Oriental Darter လို့ခေါ်တဲ့ ဥပန်းငှက် တမျိုးတည်းကိုပဲ ကောင်ရေ ၂ ထောင်ကနေ ၂ သောင်းအထိ တိုးလာခဲ့တဲ့အကြောင်း ပြောပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နိုင်ငံတကာ အဖွဲ့အစည်း တခုဖြစ်တဲ့ (IUCN) ရဲ့ ၂၀၁၂ ခုနှစ် အစီရင်ခံစာမှာတော့ ဥပန်းငှက် အမျိုးအစားဟာ မျိုးတုန်း ပျောက်ကွယ်လုနီးပါး အန္တာရာယ် ကျရောက်နေတာကို မှတ်တမ်းတင် ထားတာပါ။
Indochine Exploration အဖွဲ့က Nick Butler ကတော့ ရှားပါးငှက်တွေအတွက် အဖက်ဖက်က ပြည့်စုံနေတဲ့ Prek Toal ဒေသဟာ ဒီလိုအခြေအနေတွေကို ဟန့်တားနိုင်တယ်လို့ ဆိုပါတယ်။
“ဒီငှက်တွေ အုပ်လိုက်သင်းလိုက် ဒီနေရာကို ရောက်လာကြတာပါ။ ငါးတွေ ပေါက်ကြပွားကြတဲ့ အဓိကနေရာ ဖြစ်တာကြောင့် သူတို့အတွက် အစာကလည်း ပေါပါတယ်။ နားစရာ၊ အသိုက်ဖွဲ့စရာ သစ်ပင်တွေကလည်း ပေါတယ်လေ။”
Indochine Exploration အဖွဲ့နဲ့ Siem Reap မြို့က Amansara ဟိုတယ်လုပ်ငန်းနဲ့ ပူးပေါင်းပြီး ဝန်ဆောင်မှု ပေးနေတဲ့ ရေကြောင်း ခရီးစဉ်မှာတော့ ဘေးမဲ့တောထဲက ရှားရှားပါးပါး ငှက်တွေကို ကြည့်ရှုခွင့်နဲ့ စားစရိတ် အပါဝင် လူတယောက်အတွက် ဒေါ်လာ ၁၄၀ လောက် ကုန်ကျပါတယ်။ မနက်ခင်းမှာ ငှက်တွေရဲ့ သဘာဝကို ကြည့်ခွင့်ရခဲ့ကြတဲ့ ခရီးသွားတွေ အနေနဲ့ကတော့ အပြန်ခရီး စက်လှေပေါ်မှာ ကမ္ဘောဒီးယား ဒေသထွက် အစားအစာတွေကိုလည်း မြည်းစမ်းနိုင်ကြပါတယ်။
မြေထဲပင်လယ်ဒေသ Montenegro က ရောက်လာကြတဲ့ ခရီးသွားတွေ ဖြစ်ကြတဲ့ Dusan Domazetovic နဲ့ Jelena Randjelovic တို့ကတော့ သူတို့အတွေ့အကြုံကို ကျေနပ်နေကြတာပါ။
“အံ့မခန်းလောက်တဲ့ အတွေ့အကြုံပါ။ ငှက်တွေကို ဒီလောက်ကြီး စိတ်မဝင်စားပေမဲ့၊ သွားဖြစ်ခဲ့တာကိုတော့ နောင်တမရမိပါဘူး။ ကန်တလျှောက် ခရီးထွက်ရတာ၊ သစ်ကိုင်းကြို သစ်ကိုင်းကြားက လမ်းကျဉ်းကျဉ်းမှာ လှေစီးပြီး၊ နောက်ဆုံး ငှက်တွေရဲ့ အလှကို သစ်ပင်တွေကြားကနေ ကြည့်ခွင့်ရတာမျိုးကို တခြားလူတွေလည်း စမ်းကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။”
“စိတ်ဝင်စားစရာတွေ အများကြီးတွေ့ရပါတယ်။ ဘေးမဲ့တော တခုတည်း မဟုတ်ပါဘူး။ Tonle Sap ကန်ကြီးအကြောင်း၊ ရေပေါ် ရွာတွေအကြောင်း၊ လူတွေ ဘယ်လိုနေကြထိုင်ကြသလဲ ဆိုတာတွေနဲ့ ကမ္ဘောဒီးယားရဲ့ ရိုးစင်းတဲ့ အလှအပကို တွေ့ခဲ့ရတာပါ။”
၂၀၁၃ ခုနှစ်ထဲမှာ ကမ္ဘာလှည့် ၄ သန်းခွဲလောက် ရောက်လာခဲ့တဲ့ ကမ္ဘောဒီးယားဟာ ခရီးသွားလုပ်ငန်းကနေ ဒေါ်လာသန်း ၃ ထောင်လောက် ဝင်ငွေရခဲ့တဲ့ အကြောင်းလည်း တရားဝင် ကိန်းဂဏန်းတွေက ဖော်ပြခဲ့တာပါ။ ဒါပေမဲ့လည်း နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ အလုပ်သမား ဆန္ဒပြပွဲတွေနဲ့အတူ ကမ္ဘောဒီးယားနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြမယ့် သူတွေအတွက် မရေမရာ အခြေအနေတွေ ကြုံနေရတာတွေက ခရီးသွားလုပ်ငန်း အပေါ်မှာပါ အကျိုးဆက်တွေ ရိုက်ခတ်လာနိုင်တယ်လို့ ADB က သတိပေးထားပါတယ်။ ခရီးသွားလုပ်ငန်းမှာ အားကောင်းလာဖို့ ဆိုရင်လည်း အစိုးရအနေနဲ့ ပုဂ္ဂလိကကဏ္ဍတွေမှာ ဖွံ့ဖြိုးလာစေမယ့် မူဝါဒမျိုးတွေကို ပြောင်းလဲကျင့်သုံးဖို့ လိုအပ်မယ်လို့လည်း ADB ရဲ့ ၂၀၁၄ ခုနှစ်အတွက် စီးပွားရေး ကြိုတင်ခန့်မှန်းချက်က အကြံပြုထားတဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားလိုက်ပါရစေ။