ထိုင်း ကိုဗစ်တတိယလှိုင်းဒဏ်နဲ့ အပြင်းထန်ရင်ဆိုင်နေရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများ

ထိုင်းနိုင်ငံတွင် ကိုဗစ်ရောဂါစစ်ဆေးခံရန် တန်းစီစောင့်ဆိုင်းနေသည့် မြန်မာလုပ်သားများ။ ၂၀ ဒီဇင်ဘာ ၂၀၂၀။

(Zawgyi/Unicod)

ကိုဗစ်တတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြားဟာ စားဝတ်နေရေးအခက်အခဲတွေနဲ့ ပိုရင်ဆိုင်နေကြရပြီး ခွဲခြားဆက်ဆံတာတွေနဲ့လည်း ကြုံနေကြရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေသူတဦးက ဗွီအိုအေကိုပြောပါတယ်။

ကိုယ့်မိခင်နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့အတွက် အမိမဲ့သား ရေနည်းငါးလို အားကိုးအားထား မဲ့နေကြရတယ်လို့လည်း ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေတဲ့ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့က ရုံးတာဝန်ခံ ဦးမိုးကျော်က ပြောပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

...................

(Unicod)





Your browser doesn’t support HTML5

ထိုင်း ကိုဗစ်တတိယလှိုင်းဒဏ်ခံနေရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများ