မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြု ၂၀,၀၃၃ ဦး၊ သေဆုံး ၄၇၁ ဦး

ရန်ကုန်မြို့ Quaratine Center တခုတွင် တာဝန်ထမ်းဆောင်နေကြသော PPE ဝတ်စုံနှင့် လုပ်အားပေးများ။ (အောက်တိုဘာ ၀၅၊ ၂၀၂၀)

[Zawgyi/Unicode]

ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ဒီကနေ့ COVID-19 အတည်ပြုလူနာသစ် ၁,၂၅၂ ယောက်နဲ့ သေဆုံးသူ ၂၇ ယောက်ရှိတဲ့အတွက် အခုထိ အတည်ပြု လူနာ စုစုပေါင်း ၂၀,၀၃၃ ယောက်နဲ့ သေဆုံးသူက ၄၇၁ ယောက်ရှိပါတယ်။ အောက်တိုဘာလ ၆ ရက်နေ့အတွက် ဓါတ်ခွဲနမူနာက ၁၀,၀၇၄ ခု စစ်ဆေးခဲ့တာမှာ အခုလို လူနာသစ် ၁,၂၀၀ ကျော်ထပ်ပြီး အတည်ပြုခဲ့တာပါ။ အခုအချိန်ထိ COVID-19 ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၃၄၂,၀၀၀ ကျော်ပြုလုပ်ခဲ့ပြီး အတည်ပြုလူနာတွေထဲ ရောဂါပိုးကင်းစင်လာသူ ၅,၇၈၂ ယောက်ရှိပါတယ်။

COVID-19 ကူးစက်ပြန့်ပွါးမှုကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး လျှော့ချနိုင်ဖို့ ပြည်သူတွေအနေနဲ့ နေအိမ်အပြင်ကိုထွက်တိုင်း ပါးစပ်နဲ့ နှာခေါင်းစည်း မဖြစ်မနေ ဝတ်ဆင်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

SEE ALSO: ကပ်ရောဂါအပြင် တခြားကျန်းမာရေးဝန်ဆောင်မှု မထိခိုက်ရေးစီစဉ်နေရ

နိုင်ငံတွင်း လတ်တလော COVID-19 ရောဂါ ကူးစက်မှုများနေတာကို ထိန်းချုပ်ဖို့ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်တဲ့ လက်ခ စားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်သူတွေကို အောက်တိုဘာလ ၂၁ ရက်နေ့အထိ လုပ်ငန်းခွင် မဝင်ကြဖို့ ရက် တိုးမြှင့်သတ်မှတ်ထားပါတယ်။ ရောဂါ ကူးစက်ခံရသူတွေ ပိုများလာတာနဲ့ ရောဂါကူးစက်ခံထားရပြီး ရောဂါ လက္ခဏာ မပြဘဲ ပုံမှန် သွားလာနေကြသူတွေ ရှိနေတဲ့အတွက် ထိန်းချုပ်မှုတွေ ဆက်လက် ထားရှိဖို့ လိုအပ်လို့ အခုလို ရက်တိုးမြှင့်လိုက်တာဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အောက်တိုဘာလ ၅ ရက်နေ့က ကြေညာထုတ်ပြန်ခဲ့ပါတယ်။

[Unicode Version]




SEE ALSO: ရန်ကုန်တိုင်း လက်ခစားဝန်ထမ်းများ နောက်ထပ် ၂ ပတ်ဆက်အလုပ်မသွားဖို့ အစိုးရအမိန့်ထုတ်
