နိုင်ငံတခုရဲ့ ရေပြင်ပိုင်နက်ထဲဝင်ပြီး ငါးခိုးဖမ်းတာကို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုအဖြစ် သတ်မှတ်ပေးဖို့ အင်ဒိုနီးရှားနိုင်ငံက ကုလသမဂ္ဂကို တိုက်တွန်း လိုက်ပါတယ်။
နိုင်ငံခြား ငါးခိုးလှေတွေကို ဖေါက်ခွဲဖျက်ဆီးရာမှာ နာမည်ကြီးတဲ့ အင်ဒိုနီးရှား ပင်လယ်ပြင် ဆိုင်ရာဝန်ကြီး Susi Pudjiastuti က သူမရဲ့နိုင်ငံ ရေပိုင်နက်ထဲ IUUF ခေါ် တရားလဲမဝင်၊ အကြောင်းလဲမကြားပဲ စည်းကမ်းချက်နဲ့မညီ ငါးခိုးဖမ်းနေ သူတွေဟာ ရာဇဝတ်မှုကို အစီစဉ်တကျ ကျူးလွန်နေသူတွေအဖြစ် ကြေညာပေးဖို့ ကုလသမဂ္ဂကို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
နိုင်ငံတကာ ရာဇဝတ်မှုထဲမှာ IUUF ဆိုတဲ့ သတ်မှတ်ချက်ဟာ အရင်ထဲက ရှိပြီးသားဖြစ် ပါတယ်။ နိုင်ငံ အတော်များများကတော့ ကိုယ့်ရေပိုင်နက်ထဲ ငါးအလွန်အကျွံ ဖမ်းဆီးမှုကို တားမြစ်ဖို့ ကြိုးပမ်းနေချိန်မှာ IUUF တွေနဲ့ပတ်သက်လို့ စိုးရိမ်မှု တိုးပွားလာနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ငါးဖမ်းဆီး တင်ပို့မှုနဲ့ပတ်သက်တဲ့ စာရင်းတွေ အတိအကျ စုဆောင်းဖို့ ခဲယဉ်းနေပေမယ့်၊ ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ စာရင်းအရ ၂၀၁၂ အတွင်း ကမ္ဘာပေါ်မှာ ငါးတန်ချိန် သန်း (၁၆၀)လောက် ထုတ်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၁၂၉)ဘီလျံ ရရှိစေခဲ့ကြောင်း ဖေါ်ပြ ထားပါတယ်။
နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ဒီတပတ်ထဲ ကျင်းပတဲ့ သမုဒ္ဒရာရေပြင်ဆိုင်ရာ ညီလာခံတခုမှာ ဝန်ကြီး Pudjiastuti-က ပိုင်နက်ကျုးကျော်တဲ့ ငါးဖမ်းလှေတွေဟာ ငါးခိုးဖမ်း ရုံတင်မက လက်နက်ရော မူးယစ်ဆေးဝါးပါ မှောင်ခိုရောင်းဝယ်မှု လုပ်ကြသလို၊ လူမှောင်ခိုကူးမှုပါ ကျူးလွန်နေတာကြောင့် ပြည်တွင်း စီးပွားရေးကို လာထိခိုက်ကြောင်း ပြောသွားပါတယ်။
Your browser doesn’t support HTML5