IUU လို့ခေါ်တဲ့ တရားမဝင်၊ သတင်းပို့ခြင်း၊ စည်းကမ်းလိုက်နာခြင်းမရှိဘဲ ငါးတွေ အလွန်အကျွံ ဖမ်းဆီးမှုတွေကို တင်းကြပ်စွာ ထိန်းချုပ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ လုပ်ထုံး လုပ်နည်းတွေကို အိမ်နီးနိုင်ငံ အတော်များများက နမူနာယူပြီး လုပ်ဆောင်လာနေကြပြီ ဖြစ်ကြောင်း အင်ဒိုနီးရှား အဏ္ဏဝါနဲ့ ငါးဖမ်းလုပ်ငန်းဆိုင်ရာဝန်ကြီး Susi Pudjiastuti က စနေနေ့မှာ ပြောပါတယ်။
မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံအတော်များများဟာ တရားမဝင် ငါးဖမ်းမှုကို ထိန်းချုပ်နိုင်ရေးအတွက် တရားဝင် ပေါ်လစီတွေ ချမှတ် လုပ်ဆောင်လာနေကြပြီ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေဟာ ငါးဖမ်းလုပ်ငန်းဆိုင်ရာ လုပ်ငန်းအဖွဲ့တွေကိုလည်း ဖွဲ့စည်းလာနေကြပြီလို့ ဝန်ကြီး Padjiastuti က ပြောပါတယ်။
ထိုင်း၊ တရုတ်နဲ့ ဗီယက်နမ် စတဲ့ နိုင်ငံတွေကလည်း ငါးဖမ်း သင်္ဘောတွေကို လိုင်စင် ထုတ်ပေးမှုတွေ ဆိုင်းငံ့တဲ့ ပေါ်လစီတွေကို ချမှတ် အကောင်အထည် ဖော်နေကြပြီလို့ ဆိုပါတယ်။
IUU လို့ခေါ်တဲ့ တရားမဝင်၊ သတင်းပို့ခြင်း၊ စည်းကမ်းလိုက်နာခြင်းမရှိဘဲ ငါးတွေ အလွန်အကျွံ ဖမ်းဆီးမှုတွေကို ဟန့်တားတဲ့နေရာမှာ အင်ဒိုနီးရှားနိုင်ငံဟာ ဦးဆောင် ဦးရွက်ပြု လုပ်ဆောင်တဲ့ နိုင်ငံဖြစ်လာနေကြောင်းလည်း ဝန်ကြီး Padjiastuti က ပြောပါတယ်။
တခြားနိုင်ငံတွေက ငါးဖမ်းသင်္ဘောတွေ အင်ဒိုနီးရှား ရေပိုင်နက်ထဲကို ဝင်ရောက်ခွင့် ပိတ်ပင်ထားကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။
တခြား တိုင်းပြည်တွေက အတုယူလောက်စရာ ပေါ်လစီတွေကို အင်ဒိုနီးရှားနိုင်ငံက ချမှတ် ကျင့်သုံးနေပေမယ့်လည်း အစိုးရက ထုတ်ပေးခဲ့ပြီးသမျှ အဏ္ဏဝါနဲ့ ငါးဖမ်းလုပ်ငန်းဆိုင်ရာ လိုင်စင်တိုင်းကို နှစ်စဉ် ပြန်လည် သုံးသပ်ဖို့ လိုကြောင်း ဝန်ကြီး Padjiastuti က ပြောပါတယ်။