အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ Uttar Pradesh ပြည်နယ်၊ Lucknow မြို့မှာ မင်္ဂလာပွဲတွေ အတွင်း လော်စပီကာတွေဖွင့်ခွင့်ရဖို့ ခရိုင်အုပ်ချုပ်ရေးရုံးမှာ လူတွေ တန်းစီပြီးတော့ လျှောက်လွှာတင်နေကြရပါတယ်။
အသံဆူညံမှုကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အနေနဲ့ ပြည်နယ်ရဲ့ အမြင့်ဆုံးတရားရေးအဖွဲ့ဖြစ်တဲ့ Allahabad တရားရုံးချုပ်က ဆူညံတဲ့ လော်စပီကာတွေ ပြည်နယ်တွင်းမှာ အသုံးပြုတာကို ပိတ်ပင်ထားတာပါ။
ဒီပိတ်ပင်ကန့်သတ်ချက်ဟာ ဘာသာရေးဆိုင်ရာ နေရာဌာနတွေအပြင် မင်္ဂလာဆောင်တွေ၊ ပါတီပွဲတွေနဲ့လည်းဆိုင်တယ်လို့ ပြည်နယ်အစိုးရက မကြာသေးခင်က ပဲ အမိန့်ထုတ်ပြီး ရှင်းလင်း ပြောဆိုထားပါတယ်။ ဒါကြောင့်လည်း မြို့မှာ ဆူညံတဲ့ လော်စပီကာတွေကို အသုံးပြုမယ်ဆိုရင် ပွဲစီစဉ်သူတွေဟာ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ ဆီကနေ ခွင့်ပြုချက် ကြိုတင်ယူကြရမှာဖြစ်ပါတယ်။
ဒီအမိန့်ကြောင့် မကြာခင် လက်ထပ်ထိမ်းမြားမယ့်သူတွေ အခက်ကြုံနေကြရပါတယ်။ ဒီနှစ် မင်္ဂလာဆောင်ရာသီအတွင်း အဲဒီ ခရိုင်တွင်းမှာ မင်္ဂလာပွဲ ၂၀,၀၀၀ ကျော်လုပ်ဖို့ စီစဉ်ထားပါတယ်။
ဒါကြောင့်လည်း မင်္ဂလာပွဲကျင်းပမယ့်သူတွေဟာ ဂီတဝိုင်းတွေ၊ DJ တွေနဲ့ ဖျော်ဖြေ တင်ဆက်နိုင်ဖို့အတွက် တချို့ဆိုရင် ရှေ့နေ တွေငှားပြီးတော့တောင်မှ အုပ်ချုပ်ရေး ရုံးတွေနဲ့ တခြားအာဏာပိုင်တွေဆီကနေ ခွင့်ပြုချက်ရဖို့ ကြိုးစားနေကြပါတယ်။
Your browser doesn’t support HTML5