သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓမ္မာရုံအသံချဲ့စက်ကြိုးဖြုတ်သူ နိုင်ငံခြားသား ထောင် ၃လ ကျခံရ


နယ်သာလန်နိုင်ငံသား Klaas Hijtema
နယ်သာလန်နိုင်ငံသား Klaas Hijtema

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်းရှိ ဓမ္မာရုံတခုမှ ဝတ်ရွတ်နေချိန်တွင် အသံချဲ့စက်ကြိုးများကို ဆွဲဖြုတ်ပစ်ခဲ့သည့် နယ်သာလန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်ကို ဘာသာ၊သာသနာရေးဆိုင်ရာ အစုအဝေးကို နှောင့်ယှက်သည့် ပုဒ်မ ၂၉၆အရ ကျူးလွန်ကြောင်းထင်ရှားသဖြင့် ထောင်ဒ ဏ်၃လနှင့် ဗီဇာစည်းကမ်ဖောက်ဖျက်မှုအတွက် ငွေဒဏ်တစ်သိန်း ချမှတ်လိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းက မေခကပေးပို့ထားတာပါ။

နယ်သာလန်နိုင်ငံသား Klaas Hijtema ကို မဟာအောင်မြေမြို့နယ် တရားရုံးက အခုလိုအမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ညမှာ မဟာအောင်မြေမြို့နယ်ရှိ ဓမ္မာရုံအတွင်းဝင်ရောက် ပြီး ဓမ္မာစကြာရွတ်ဖတ်ရာတွင် အသံချဲ့စက်ကြိုးများကို ဆွဲဖြုတ်ခဲ့တာကြောင့် ဒီနယ်သာလန် နိုင်ငံသားကို အခုလိုအရေးယူခဲ့တာပါ။ပရိတ်ရွတ်ဖတ်နေစဉ် ဓမ္မာရုံနှင့် မျက်နှာချင်းဆိုင်ရှိ ဟိုတယ်တွင် တည်းခိုနေတဲ့ ဒီနယ်သာလန် နိုင်ငံသားသည် ဆူညံတယ်ဟုဆိုကာ အသံချဲ့စက်ကြိုးများကို ဝင်ရောက် ဖြုတ်ပစ်ခဲ့ပါတယ်။

သူ့ကို အလုပ်သမားနဲ့လူဝင်မှု ကြီးကြပ်ရေးဌာနက ဗုဒ္ဓဘာသာနှင့် ရိုးရာထုံးတမ်းဓလေ့ကို နှောင့်ယှက်သည်ဆိုကာ ပြည်ဝင်ခွင့် ဗီဇာစည်းကမ်းချိုးဖောက်မှုဖြင့် တရားစွဲဆိုထားသလို၊ ဓမ္မာရုံ ဝတ်ရွတ်အသင်းခေါင်းဆောင်မှလည်း သာသနာညိုးနွမ်းစေမှုပုဒ်မဖြင့် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

မူလက သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ နဲ့စွဲချက်တင်ခဲ့ပေမယ့် ကိုးကွယ်ရာ ဘာသာ၊ သာသနာကို စော်ကားလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာ မဟုတ် တဲ့အတွက် ဘာသာ၊သာသနာရေးဆိုင်ရာ အစုအဝေးကို နှောင့်ယှက်တဲ့ အပေါ်မှာအရေးယူတဲ့ ပုဒ်မ ၂၉၆ နဲ့ပဲ အရေးယူထောင်ချလိုက်တာဖြစ်ပါတယ်။

ရာဇသတ်ကြီးပုဒ်မ (၂၉၆) အရ ထောင်ဒဏ် ၃ လကို မန္တလေး အိုးဘိုအကျဉ်းထောင်တွင် လည်းကောင်း၊ လဝက အက်ဥပဒေ ၁၃ (၁) အရ ဒဏ်ငွေ ၁ သိန်းကို လည်းကောင်း ကျခံရမည်ဟု အမိန့်ချမှတ်လိုက်တာပါ။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ အမှုကြားနာချိန်တွင် Klaas Haytema က မြန်မာနိုင်ငံ၏ ဘာသာရေးနှင့် ရိုးရာယဉ်ကျေးမှုတို့ကို နှောင့်ယှက်ရန် တမင်ရည်ရွယ်၍ ပြုမူခဲ့ခြင်း မဟုတ်ကြောင်း၊ ဒီအဆောက်အအုံကို ဘာသာရေးအဆောက်အအုံဟုမသိခဲ့ကြောင်း၊ သူ့အပြုအမှုအတွက်အနှောင့်အယှက်များ ဖြစ်သွားရတဲ့ အပေါ် များစွာ စိတ်မကောင်းဖြစ်မိကြောင်း ရုံးတော်မှာထွက်ဆိုခဲ့ပါတယ်။

Klaas Haijtema သည် ဗုဒ္ဓဘာသာကို အသရေဖျက်မှုအတွက် တရားစွဲခံရသော ပထမဆုံး နိုင်ငံခြားသားမဟုတ်ပါဘူး။ ပြီးခဲ့သည့်နှစ်က နယူးဇီလန်နိုင်ငံ သား ဘားမန်နေဂျာ Philip Blackwood က သူ့ဘားကြေညာမှာ ဗုဒ္ဓ ရုပ်ပုံအား ဒီဂျေ နားကြပ်တပ်ဆင်ထားသည့် ဓာတ်ပုံကို ဖေ့ဘုတ်စာမျက်နှာတွင် ဖြန့်ဝေခဲ့ တဲ့အတွက် အရေးယူခံခဲ့ရတာလည်းရှိခဲ့ဖူးပါတယ်။

Klaas Haijtema အရေးယူခံရတဲ့အပေါ်မှာ တရားခွင်မှာ သွားရောက်လေ့ လာခဲ့တဲ့ မန္တလေးမြို့ခံ ဦးအေးလွင်ကတော့ အမှုစီရင်မှုနဲ့ပတ်သတ်ပြီးခုလို ပြောပြပါတယ်။

“သာသနာရေးကိုသူက နှောက်ယှက်ဖျက်ဆီးတာလည်းမရှိဘူး၊ ဆင်းတုတော်လည်း ဖျက်ဆီးတာမရှိဘူး ၊ ပုဒ်မ ၂၉၅ ကို မရောက်ပဲနဲ့ သူက သာသနာရေးဆိုင်ရာ အရာဝတ္ထုတွေကို သူက ဖျက်ဆီးတဲ့ ပုဒ်မပေါ့။ ၂၉၆ ဆိုတဲ့ ပုဒ်မ နဲ့ ထောင်ဒဏ် ၃ လ ချခဲ့ပါတယ်။ ပုဒ်မ ၂၉၅ နဲ့ စွဲထားတဲ့ ပုဒ်မက အမှုမမြောက်တဲ့အတွက် အဲဒီ ပုဒ်မနဲ့ မချပဲနဲ့ ၂၉၆ ဆိုတဲ့ ပုဒ်မ နဲ့ ထောင်ဒဏ် ၃ လ အလုပ်နဲ့ ချလိုက်တယ်ဆိုတော့လေ ပုဒ်မ ၂၉၅ နဲ့ မဟုတ်ဘူးဆိုရင် လုံးဝကို လွှတ်ပေးသင့်တယ်လို့မြင်တယ်လေ။”

အမှုနဲ့ပတ်သတ်လို့ တရားခံရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးလှကို ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

လက်ရှိမှာ အခုလို အသံချဲ့စက်ကြောင့် အရေးယူမှုအပေါ်မှာ အမြင်အမျိုးမျိုးကွဲလွဲနေတာတွေရှိပါတယ်။ ဘာသာသာသနာကိုဗန်းပြပြီး အသံချဲ့စက်တွေ ကိုဆူညံစွာဖွင့်တဲ့ဒဏ်တွေကို ခံစားနေရပေမယ့် ထိရောက်တဲ့ အရေးယူမှုတွေမရှိသေးပါဘူး။ တည်ဆဲဥပဒေအရ အသံချဲ့စက် အသုံးပြုသူ များသည် ဒေသခံအာဏာပိုင်ထံမှ ခွင့်ပြုချက်ရရှိရန် လိုအပ်သော်လည်း ဘာသာရေးနှင့် ဆက်နွယ်သော အခင်းအကျင်းများတွင် ထိုစည်းမျဉ်းစည်းကမ်း များကို လိုက်နာမှု မရှိသလို ဒီအပေါ်မှာ ကြပ်ဖို့လိုအပ်တယ်လို့ သုံးသပ်မှုတွေရှိနေကြပါတယ်။

နယ်သာလန်နိုင်ငံသား ထောင် ၃ လချခံရ
please wait

No media source currently available

0:00 0:02:05 0:00
တိုက်ရိုက် လင့်ခ်

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG