မြန်မာနိုင်ငံဟာ ဥတုရာသီ ဖောက်ပြန်မှုတွေကို နှစ်စဉ် နှစ်တိုင်း ဆိုးရွားစွာ ခံနေရပါတယ်။ အခုနှစ် မိုးတွင်းကာလမှာလဲ ပြည်နယ် တိုင်း ဒေသကြီး တော်တော်များများမှာ မိုးသည်း ရေကြီးမှုတွေ ဆိုးရွားစွာ ဖြစ်ပေါ်နေတဲ့အတွက် ပြည်သူ အများအပြား အတိ ဒုက္ခ ရောက်နေကြရ သလို ကောက်ပဲသီးနှံတွေလည်း အများအပြား ပျက်ဆီးနေပါတယ်။ ဒါကြောင့် ရာသီဥတု ဖောက်ပြန်မှုကို တိုက်ရိုက် အကျိုး သက်ရောက် စေတဲ့ သစ်တော ပြုန်းတီးမှုတွေ ဘယ်လောက်အထိ ဖြစ်နေသလဲ၊ ဒါကို ဘယ်လိုဟန့်တားကြမလဲဆိုတာကို မြန်မာ အစိမ်းရောင်ကွန်ယက်က ဆရာမကြီး ဒေါ်ဒေဝီသန့်စင်နဲ့ စိမ်းလန်းအမိမြေ ပတ်ဝန်းကျင်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူတို့နဲ့ ကိုဇော်ဝင်းလှိုင်က ဆွေးနွေး တင်ပြထားပါတယ်။
Your browser doesn’t support HTML5