တူရကီ၊ ဆီးရီးယား ငလျင်ကြောင့် သေဆုံးသူ ၇,၈၀၀ ကျော်အထိတိုး

TURKEY-QUAKE

[[Unicode]]

သေဆုံးသူ ၇,၈၀၀ ကျော်ထိရှိလာတဲ့ တူရကီနဲ့ဆီးရီးယားနိုင်ငံနယ်စပ်က အင်အားပြင်းငလျင်ကြောင့် ပြိုကျသွားတဲ့ အပျက်အစီးပုံတွေအောက်မှာ အသက်မသေကျန်ရစ်သူတွေကို အပူတပြင်းရှာဖွေကယ်ဆယ်နေတာမှာ ချက်ကြိုးတန်းလန်းနဲ့ မွေးကင်းစကလေးတယောက်ကိုပါ အင်္ဂါနေ့က ကယ်တင်နိုင်ခဲ့ပါတယ်။

“အမေကိုဆွဲထုတ်လိုက်တဲ့အခါ အသံကြားတော့ သူ့အမျိုးသားလို့ထင်နေတာ၊ ဒါပေမယ့် ချက်ကြိုးတန်းလန်းနဲ့ကလေးလေးဖြစ်နေပါတယ်။ ဒါနဲ့ကျနော်တို့လည်း ချက်ကြိုးကိုဖြတ်ပြီး ကလေးကို ခေါ်ထုတ်လာတာပါ” လို့ ကလေးကိုကယ်တင်ခဲ့တဲ့ Saleh al-Badran ကပြောပါတယ်။

ကလေးလေးရဲ့မိဘအပါအဝင် မိသားစုဝင် ၇ ဦးစလုံးသေဆုံးသွားတယ်လို့လည်း ပြောပါတယ်။ တနင်္လာနေ့ကလှုပ်သွားတဲ့ ပြင်းအား ၇.၈ ငလျင်ကြောင့် ထောင်နဲ့ချီတဲ့အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့ရတဲ့အတွက် ပိတ်မိနေသူ ဘယ်လောက်ရှိမှန်းမသိရသေးပါဘူး။ ငလျင်ဒဏ်ကြောင့် လူသန်းနဲ့ချီ ထိခိုက်မှုရှိနိုင်တယ်လို့လည်းခန့်မှန်းထားပါတယ်။

ငလျင်ဗဟိုချက်ဖြစ်တဲ့ တူရကီနိုင်ငံ Gaziantep နဲ့ Kahramanmaras မြို့တွေတော့ လူနေတိုက်ခန်းတွေ အတန်းလိုက်ပြိုကျခဲ့ရပြီး အထိအနာဆုံးလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း တူရကီသမ္မတ Recep Tayyip Erdogan က နိုင်ငံအရှေ့တောင်ပိုင်းဒေသ ၁၀ ခုကို ၃ လတာ အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်၊ တရုတ်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း တဒါဇင်ကျော်တို့က ကူညီထောက်ပံ့ပို့ကတိပြုထားကြတာပါ။

လူသားချင်းစာနာမှုအကူအညီတွေနဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေလည်း လေကြောင်းခရီးစဉ်တွေနဲ့ ငလျင်ဒဏ်နဲ့ရင်ဆိုင်နေရတဲ့ဒေသတွေဆီ စတင်ရောက်ရှိလာနေပြီဖြစ်ပါတယ်။

Your browser doesn’t support HTML5

တူရကီ၊ ဆီးရီးယား ငလျင်ကြောင့် သေဆုံးသူ ၇,၈၀၀ ကျော်အထိတိုး.mp3

============

[[Unicode]]
တူရကီ၊ ဆီးရီးယား ငလငြျကွောင့ျ သဆေုံးသူ ၇၈၀၀ ကြောျအထိတိုး




