(Zawgyi / Unicode)
အပစ်အခတ် ရပ်စဲကြပါလို့ နိုင်ငံတကာက တိုက်တွန်းနေတဲ့ကြားကပဲ နယ်မြေအငြင်းပွားမှု ဖြစ်နေတဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် နှစ်နိုင်ငံကြား Nagorno-Karabakh ဒေသတဝိုက်မှာ နှစ်ဖက်တပ်တွေ ၇ ရက်မြောက်လာတဲ့အထိ စနေနေ့ကလည်း တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။
အဲဒီဒေသရဲ့ မြို့တော် Stepanakert ဟာ အဇာဘိုင်ဂျန်တပ်တွေ ဗုံးကြဲတိုက်ခိုက်တဲ့ပစ်မှတ် ဖြစ်နေတယ်လို့ အာမေးနီးယားဘက်က ပြောပါတယ်။
SEE ALSO: Nagorno-Karabakh ဒေသတိုက်ပွဲ လေးရက်မြောက်ရှိလာခွဲထွက်ရေးဒေသဖြစ်တဲ့ Nagorno-Karabakh ဒေသရဲ့ ခေါင်းဆောင်တွေက ဒါဟာ သူတို့ရဲ့ နောက်ဆုံးတိုက်ပွဲဖြစ်တယ်၊ နိုင်ငံတကာကလည်း Nagorno-Karabakh ဒေသ လွတ်လပ်ရေးကို အသိအမှတ်ပြုကြပါ၊ ဒါမှ ငြိမ်းချမ်းရေးရမှာ ဖြစ်တယ်လို့ စနေနေ့က နိုင်ငံတကာကို ပြန်လည်တုံ့ပြန် ပြောဆိုခဲ့ပါတယ်။
အခုတိုက်ပွဲတွေအတွက် အမေရိကန်၊ ပြင်သစ်၊ ရုရှားတို့က ရှုတ်ချခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ အိမ်ရှင်အဖြစ် လက်ခံမယ်လို့ ရုရှားဘက်က ကမ်းလှမ်းပါတယ်။ ၁၉၉၀ နှစ်လွန်ကာလတွေကစလို့ Nagorno-Karabakh ဒေသ ပိုင်ဆိုင်မှု အငြင်းပွားလာခဲ့တာ ဆယ်စုနှစ်နဲ့ချီ ရှိလာခဲ့ပါပြီ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စတင်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း လူရာကျော် သေဆုံးခဲ့ရပါတယ်။
Your browser doesn’t support HTML5
------------------------
(Unicode)