အမေရိကန်ရွေးကောက်ပွဲ အလုပ်သမားသမဂ္ဂတွေရဲ့မဲ
Your browser doesn’t support HTML5
အမေရိကန်ပြည်ထောင်စုတဝန်း ရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့ အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်တွေ ၁၄ သန်းလောက် ရှိပါတယ်။ အလုပ်သမားအခွင့်အရေး ကာကွယ်ဖို့ ဖွဲ့စည်းတည်ထောင်ထားတဲ့ သမဂ္ဂ အဖွဲ့ဝင်တွေပါ။ ဒီ အရေအတွက်က အမေရိကန် ရွေးကောက်ပွဲမှာ ကိုယ်စားပြုတဲ့ ရွေးချယ်နိုင်တဲ့ ပမာဏအရ မပြောပလောက်ဘူးလို့ ပြောနိုင်ပေမယ့် ရွေးကောက်ပွဲ ဝင်မယ့် သမ္မတလောင်းတွေကတော့ ဒီလို အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်တွေရဲ့ ထောက်ခံမှု ရဖို့ အပြင်းအထန် ကြိုးပမ်းကြပါတယ်။ ဒီနှစ် ရွေးကောက်ပွဲမှာ အလုပ်သမား သမဂ္ဂတွေအရဲ့ ရပ်တည်ချက်က ခိုင်မာအင်အားကောင်းတဲ့ အရေးပါတဲ့ အသံတခု ဖြစ်လာတဲ့အကြောင်း VOA လွှတ်တော်ဆိုင်ရာ သတင်းထောက် Katherine Gypson က Nevada ပြည်နယ် ကနေ သတင်းပေးပို့ထားပါတယ်။ ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။