ဂါဇာစစ်ပွဲအတွင်း သတင်းသမားများ သေဆုံးမှု
Your browser doesn’t support HTML5
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစခဲ့တဲ့ ဟားမတ်စ်အဖွဲ့ အကြမ်းဖက် အဖွဲ့ကို တုံ့ပြန်တဲ့ အစ္စရေးရဲ့ တနှစ်ကြာလာပြီဖြစ်တဲ့ စစ်ပွဲဟာ မျက်မှောက်သမိုင်းမှာ သတင်းသမား အသေအပျောက် အများဆုံး စစ်ပွဲ ဖြစ်လာပါတယ်။ အနည်းဆုံး သတင်းသမား ၁၁၆ ယောက် သေဆုံးခဲ့ပြီး အားလုံးနီးပါးဟာ ပါလက်စတိုင်းတွေ ဖြစ်ပါတယ်။ စစ်ပွဲတွေကြား သတင်းယူနေတဲ့ သတင်းထောက်တွေကို VOA က မေးမြန်းထားသလို တိုက်ပွဲတွေအတွင်း ဘာကြောင့် သတင်းထောက်တွေ လွတ်လွတ်လပ်လပ် သတင်းယူခွင့်ရဖို့ အရေးကြီးတယ်ဆိုတာ ပြောပြထားတဲ့ သုံးသပ်သူတွေကိုလည်း VOA က မေးမြန်းထားပါတယ်။ VOA သတင်းထောက် Cristina Caicedo Smit နဲ့ Liam Scott ပေးပို့ထားတဲ့ သတင်းကို ကိုငြိမ်းချမ်း ပြောပြပါလိမ့်မယ်။