တရုတ်ဝန်ကြီးချုပ်ဟောင်း လီခေ့ချန်ကွယ်လွန်

ဘေကျင်းမြို့ရှိ သတင်းစာရှင်းလင်းပွဲတခုကိုရောက်ရှိလာစဉ် လက်ဝှေ့ယမ်းပြနေတဲ့ တရုတ်ဝန်ကြီးချုပ်ဟောင်း လီခေ့ချန် (Li Keqiang) (မတ် ၁၅၊ ၂၀၁၇)

တရုတ်ဝန်ကြီးချုပ်ဟောင်း လီခေ့ချန် (Li Keqiang) ဟာ ရုတ်တရက် နှလုံးရောဂါနဲ့ အသက် ၆၈ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။ တချိန်က တရုတ်ကွန်မြူနစ်ပါတီက ထိပ်တန်းခေါင်းဆောင်တယောက်ဖြစ်ခဲ့တဲ့ Li Keqiang ဟာ ၂၀၁၃ ခုနှစ်ကစပြီး ၁၀ နှစ်ကြာ တာဝန်ယူခဲ့မှုအတွင်း တရုတ်နိုင်ငံ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို အဓိကထား လုပ်ခဲ့ပါတယ်။

လက်ရှိသမ္မတ Xi Jinping နဲ့တချိန်က နိုင်ငံရေး ပြိုင်ဘက်ဖြစ်ခဲ့တဲ့ Li Keqiang ကို သမ္မတ Xi ကနောက်ပိုင်းနှစ်တွေမှာ ဘေးဖယ်ထားခဲ့ပုံရခဲ့ပါတယ်။ မတ်လကမှ ဝန်ကြီးချုပ်တာဝန်ကနေ သူအနားယူခဲ့တာပါ။ တရုတ်နိုင်ငံမှာ လူသန်းပေါင်း ၆၀၀ ကျော်ဟာ တလကို အမေရိကန်ဒေါ်လာ ၁၄၀ အောက် ဝင်ငွေပဲ ရနေတဲ့အကြောင်း ၂၀၂၀ ခုနှစ်က Li Keqiang ပြောခဲ့ဖူးပါတယ်။

ဒီပြောဆိုချက်ကြောင့် တရုတ်နိုင်ငံမှာ ဆင်းရဲမွဲတေမှုနဲ့ ဝင်ငွေမမျှတမှုတွေအကြောင်း ငြင်းခုံဆွေးနွေးမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ Li Keqiang ဟာ ၂၀၁၆ ခုနှစ် ဩဂုတ်လက မြန်မာနိုင်ငံက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံခဲ့ဖူးပါတယ်။

ဘေကျင်းမြို့တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့အတူတွေ့ရတဲ့ တရုတ်ဝန်ကြီးချုပ်ဟောင်း လီခေ့ချန် (Li Keqiang) (ဩဂုတ် ၁၈၊ ၂၀၁၆)

လူနည်းစု ထိပ်တန်း အလွှာမှာ ကြီးပြင်းခဲ့သူ ဘေဂျင်းတက္ကသိုလ်က ဘွဲ့ရစီးပွားရေးပညာရှင် Li Keqiang ဟာ တရုတ်ကွန်မြူနစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်အဖြစ် လက်ရှိသမ္မတကို ယှဉ်ပြိုင်လာနိုင်ခြေ ရှိတဲ့သူအဖြစ် အကဲခတ်တွေက ခန့်မှန်းခဲ့ကြပါတယ်။

Your browser doesn’t support HTML5

တရုတ်ဝန်ကြီးချုပ်ဟောင်း လီခေ့ချန်ကွယ်လွန်