ယူကရိန်းမြောက်ပိုင်း ကူပီယာနက်စ် (Kupiansk) နဲ့ အရှေ့ပိုင်း ဒွန်းညက် (Donetsk) ဒေသ Lyman (လီမန်) မှာ လာမယ့်နှစ်ထဲ ရုရှားဘက်က ထိုးစစ်တွေ ပိုပြီး ပြင်းပြင်းထန်ထန် ဆင်နွှဲလာဖွယ်ရှိတဲ့ အထောက်အထားတွေ တွေ့ရှိရကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနကယူကရိန်း ဆိုင်ရာ နေ့စဉ်ထောက်လှမ်းရေးအစီရင်ခံစာမှာ စနေနေ့ကပြောပါတယ်။ဒေသတွင်းမှာ ရုရှားရဲ့ ဦးတည်ချက်က အနောက်ပိုင်းဒေသမှာ Oskil (အော်စကီလ်) မြစ် အထိ ထိုးစစ်ဆင်ပြီး Luhansk (လူဟန့်စ်) ဒေသတဝိုက်မှာကြားခံဇုန်တစ်ခုဖန်တီးဖို့ ဖြစ်ကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနကပြောပါတယ်။
တခါ ရုရှား ထိန်းချုပ်ထားတဲ့ ယူကရိန်း အရှေ့ဘက်ခြမ်းမှာ ရုရှားဘက်ကထပ်မံထိုးစစ်ဆင်ဖို့ အသင့်ဖြစ်နေပြီလို့လည်း ယူကရိန်း စစ်တပ်မြေပြင်တပ်မှူးဗိုလ်မှူးကြီး Oleksandr Syrskyi (အိုလီဆန်ဒါး ဆီရက်စကီ) က သောကြာနေ့က ပြောပါတယ်။
SEE ALSO: ရုရှားအတွင်းပိုင်းလေတပ်စခန်းကို တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းမီဒီယာဖော်ပြ"Kupiansk (ကူပီယာနက်စ်)နဲ့ Lyman လမ်းကြောင်းတွေမှာ ပြင်းပြင်းထန်ထန်တိုက်ပွဲတွေ ဖြစ်ပြီး ရုရှားဘက်က အဆုံးအရှုံးတွေ ဖြစ်ခဲ့ပြီး တစ်လအကြာမှာ တပ်ဖွဲ့တွေကိုပြန်လည်စုစည်းကာရုရှားပိုင် နယ်မြေမှာ အသစ်ဖွဲ့စည်းထားတဲ့တပ်မတွေ၊တပ်ခွဲတွေနဲ့အတူတပြိုင်နက်ထိုးစစ် ဆင်နိုင်ဖွယ်ရှိတယ်" လို့ Syrskyi (ဆီရက်စကီ) က Telegram က တဆင့် သတင်းထုတ်ပြန်ပါတယ်။
ရုရှားတပ်ဖွဲ့တွေက အရှိန်မြှင့် တိုက်ခိုက် လာဖွယ်ရှိတယ်လို့ ပြောပေမယ့် အသေးစိတ်ကို ထုတ်မပြောပါဘူး။ လောလောဆယ်မှာတော့ ရုရှားဘက်က အမြောက်တွေ၊ မော်တာကျည်တွေနဲ့ ပစ်ခတ်အပြင်လေကြောင်းကနေလည်းတိုက်ခိုက်မှုတွေဆက်လက်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
Your browser doesn’t support HTML5