ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု နောက်ဆုံးအခြေအနေ

Your browser doesn’t support HTML5

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေရှိနေတဲ့ နိုင်ငံတွေအားလုံးအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့အတူ လက်တွဲပြီး ဒီဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုတွေကို ထိန်းချုပ်ဖို့နဲ့ အပြီးသတ် တိုက်ဖျက်သွားကြဖို့ WHO က ထပ်မံ အလေးပေး တိုက်တွန်းလိုက်ပါတယ်။ ကိုရိုနာတိုက်ဖျက်ရေး အတွက် WHO က အရှိန်မြှင့်လုပ်ဆောင်နေတဲ့ ဆောင်ရွက်ချက်တွေကို ချပြရင်း ကြာသပတေးနေ့က ခုလို တိုက်တွန်းခဲ့တာပါ။ လက်ရှိ အခြေအနေက စိတ်ချရတဲ့အနေအထား မဟုတ်သေးတဲ့အကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာလုပ်တဲ့ WHO ရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း သတိပေး ပြောဆိုခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် Julie Taboh ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက အပြည့်စုံ တင်ပြပေးပါမယ်။