စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ Gen Z မြန်မာလူငယ်တွေအကြောင်း ဒါရိုက်တာ Dylan Chow ရိုက်ကူးထားတဲ့ Zoomers ရုပ်ရှင်ဇာတ်ကားကို အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာ စနေနေ့က ပြသခဲ့ပါတယ်။ အဲဒီရုပ်ရှင်ပြပွဲကိုရောက်နေတဲ့ VOA ဝိုင်းတော်သူ မခင်ဖြူထွေးကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ သမ္မတဟောင်း Donald Trump အနိုင်ရလိုက်တဲ့အတွက် အမျိုးသမီး မဲဆန္ဒရှင်တွေကြား စိုးရိမ်ကြသူတွေ ရှိသလို၊ အကောင်းမြင် မျှော်လင့်ကြသူတွေလည်း ရှိနေပါတယ်။ ဘယ်လို စိုးရိမ်ချက်တွေ ရှိနေတာပါလဲ။ ဘယ်အရာတွေကို အကောင်းမြင် မျှော်လင့်ကြပါလဲ။
ဒီတပတ်မှာတော့ တချိန်က ဧည့်လမ်းညွှန်တယောက် လုပ်ခဲ့တဲ့ မမြရည်နန္ဒာ သူနာပြုအလုပ်ကို ဘာကြောင့် စိတ်ဝင်တစား လေ့လာခဲ့ပြီး ဘာတွေ ရှေ့ဆက် လုပ်ဆောင်သွားဖို့ ရည်မှန်းကြိုးစားနေသလဲ ဆိုတာတွေကို မခင်ဖြူထွေးက မေးမြန်း တင်ဆက်ထားပါတယ်။
ဒီကနေ့ မဲရုံတွေမှာ မဲပေးနေကြတဲ့ အခြေအနေ၊ မဲပေးသူတွေရဲ့ သဘောထား၊ ရွေးကောက်ပွဲ ရလဒ် အလားအလာ ဘာတွေ ခန့်မှန်းနိုင်မလဲ စတာတွေ သိရအောင် မြို့တော် ဝါရှင်တန်နဲ့ မဝေးလှတဲ့ ဗာဂျီးနီးယား ပြည်နယ် အာလင်တန်မြို့က မဲရုံတခုမှာ ရောက်နေတဲ့ မခင်ဖြူထွေးကို ဗွီအိုအေစတူဒီယိုထဲကနေ မမြသဇင်အောင် တိုက်ရိုက်မေးမြန်းထားပါတယ်။
ဆေးကုသခွင့်ရ အမေရိကန် သူနာပြုများအဖွဲ့ American Association of Nurse Practitioners (AANP) ရဲ့ ၂၀၂၄ ခုနှစ်အတွက် ပြည်နယ်အလိုက် ပေးအပ်တဲ့ အကောင်းဆုံး ဆေးကုသခွင့်ရ သူနာပြုဆုကို အီလီနွိုင်းပြည်နယ်က မြန်မာနွယ်ဖွား မမြရည်နန္ဒာ ချီးမြှင့်ခံခဲ့ရပါတယ်။
နယ်စပ်ကုန်ပစ္စည်းမှန်သမျှကို တရားမဝင်ကုန်ပစ္စည်းလို့သတ်မှတ်ပြီး ဖမ်းဆီးနေတဲ့အတွက် ပြည်တွင်း မှာ အရေးပေါ်လိုအပ်နေတဲ့ ဆေးဝါး၊ စားသောက်ကုန်နဲ့ ယာဉ်အပိုပစ္စည်းပြတ်လပ်မှုတွေ ကြုံနေရတယ်လို့ လုပ်ငန်းရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ ခွဲခြား ဆက်ဆံမှုတွေ ကြုံရတဲ့အထဲ ဟိန္ဒူအမျိုးသမီးတွေကတော့ တခြားဘာသာဝင် အမျိုးသမီးတွေထက် ခွဲခြားဆက်ဆံခံရမှုတွေနဲ့ ပိုပြီး ကြုံနေကြရတယ်လို့ အင်ကြင်းမေ ဟိန္ဒူအမျိုးသမီးကွန်ရက်ကို တည်ထောင်ခဲ့တဲ့ ဟိန္ဒူအမျိုးသမီးရေး လှုပ်ရှားသူ ဒေါ်ကက်သလင်းသိန်းက ပြောပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံက အမြွှာအမွေးဆုံးလို့ နာမည်ကြီးတဲ့မြို့မှာ အမြွှာစုဝေးပွဲ ကျင်းပ၊ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဖြစ်တဲ့ လက်ရှိ ဒုသမ္မတ ကာမာလာဟဲရစ်ကို ဂုဏ်ပြုပုံတူ အီတလီပန်းချီဆရာ လယ်ကွင်းထဲမှာ ရေးဆွဲဖန်တီး၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲတွေ ကျင်းပဖို့ သီတင်း ၂ ပတ်ကျော်သာ လိုပါတော့တယ်။ ဒီရွေးကောက်ပွဲမှာမဲပေးကြမယ့် မြန်မာ−အမေရိကန်တွေအများအပြားရှိသလို၊ ဒီအထဲမှာ အမျိုးသမီးတွေလည်း ပါ ပါတယ်။ မြန်မာ−အမေရိကန် အမျိုးသမီးတွေ လာမယ့် ရွေးကောက်ပွဲမှာ ဘယ်လို အမြင်စဥ်းစားချက်တွေနဲ့ မဲပေးကြဖို့ ရှိနေကြပါလဲ။
ချက်သမ္မတနိုင်ငံမှာ ကမ္ဘာ့လှည့်ခရီးသွားတွေ အိမ်ခြေမဲ့တွေရဲ့ဘဝကို ခံစားနိုင်မယ့် ခရီးစဉ်ရှိ၊ ဘော့စနီးယားနိုင်ငံမှာတော့ ကမ္ဘာကျော်ဒက်ချ်ပန်းချီဆရာ ဗန်ဂိုးရဲ့ ဂန္တဝင်လက်ရာ ကြယ်တွေစုံတဲ့ည ပန်းချီကားပုံတူပန်းခြံ ဖန်တီးထား၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
အညာဒေသက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ၊ စစ်ဘေးရှောင်တွေနဲ့ နိုင်ငံတဝန်းက CDM တွေအတွက် လိုအပ်တဲ့ အကူအညီတွေကို ရေရှည် ထောက်ပံ့ ကူညီဖို့ တပ်ပေါင်းစုချီ အညာထီကို စတင်ဖြစ်ခဲ့တယ်လို့ ဦးဆောင် စီစဥ်သူတဦးဖြစ်တဲ့ မနီနီလှိုင်က ပြောပါတယ်။
ကင်ဆာဖြစ်လို့ ကီမိုဆေးသွင်း ကုရသူတွေ ဆံပင်ကျွတ်သက်သာစေတဲ့ ဦးရေပြားအေး ခေါင်းဆောင်းစက်တမျိုး အိုင်ယာလန်အမျိုးသမီး တီထွင်၊ ထိုင်းက ဆိုရှယ်မီဒီယာစတား ရေမြင်းပုလေး Moo Deng ရဲ့ ပုံတူ ပစ္စည်းတွေ၊ စားစရာတွေ ထုတ်လုပ်ရောင်းချ၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
အမေရိကန်အခြေစိုက် Obama Foundation က ပေးအပ်တဲ့ “၂၀၂၄−၂၅ ခုနှစ် အာရှပစိဖိတ်ခေါင်းဆောင်များ” ပညာသင်ဆုကို ထိုင်း−မြန်မာနယ်စပ် မဲဆောက်မြို့အခြေစိုက် Joy House ပီတိအိမ်အဖွဲ့ရဲ့ စီစဥ်ညွှန်ကြားရေးမှူး မနေခြည်ဝင်းက ဒီနှစ် ရရှိလိုက်ပါတယ်။
အမေရိကန်သမ္မတလောင်းတွေဖြစ်ကြတဲ့ Donald Trump နဲ့ Kamala Harris တို့ကြား လဝက နဲ့ပတ်သက်လို့ ချဥ်းကပ်ပုံမတူကြသလို သမ္မတဖြစ်လာသူအပေါ် မူတည်ပြီး ပုံစံမတူတဲ့တင်းကျပ်မှုတွေကြုံလာရနိုင်ကြောင်း အမေရိကားမှာ အခြေချလိုသူမြန်မာတွေအတွက် ဥပဒေ ထောက်ကူအဖွဲ့ USIRD ကို ဦးဆောင်တည်ထောင်သူ ကိုရဲရင့်မြင့်မိုရ်ကပြောပါတယ်။
ဆွစ်ဇာလန်မှာ ကိုယ်ဘာသာကိုယ် သတ်သေနိုင်တဲ့ စက်ကို လူတယောက်က ပထမဦးဆုံးအကြိမ် သုံးပြီးတဲ့နောက် ဒီစက်နဲ့ပတ်သက်တဲ့ လူတွေဖမ်းခံရ၊ ဂျပန်နိုင်ငံ ရထားလမ်းပြုပြင်ထိန်းသိမ်းရေး လူထိခိုက်မှုနည်းအောင် လူတူစက်ရုပ်ကြီး တရုပ် ဖန်တီးထား၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
ကုလအနေနဲ့ မြန်မာ့အရေးကိုင်တွယ်ရာမှာ နိုင်ငံအဖွဲ့ပေါင်းစုံချိတ်ဆက်ပြီး တစုတစည်းတည်း ရှင်းလင်းပြတ်သားတဲ့ ကိုင်တွယ်မှုတွေဖြစ်ဖို့ လိုကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။ မြန်မာ့အရေး ထိရောက်တဲ့ဆောင်ရွက်မှုတွေဖြစ်လာဖို့ ဘာတွေ ဆောင်ရွက်နေပါသလဲ။ ...
ဂျာမဏီနိုင်ငံ ဖရန်ဖို့မြို့မှာ ဓာတ်ရထားမောင်းပြိုင်ပွဲကို စက်တင်ဘာလလယ်က ကျင်းပ၊ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့က လေလံပွဲမှာတော့ ရှေးဟောင်းဒိန်းမတ်အကြွေစေ့ကို ယူရို ၁ သန်း နဲ့ စံချိန်တင် လေလံတင်နိုင်၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို သံအမတ်ကြီးအဖြစ် နောက်တနှစ်သက်တမ်းတိုးဖို့မြန်မာ့အရေးလှုပ်ရှားသူတွေ ဒီကနေ့ ကုလသမဂ္ဂ ရုံးချုပ်အနီးမှာ စုဝေးဆန္ဒပြကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်အဆုံးသတ်ပြီး ဒီမိုကရေစီ ပြန်လည်ထွန်းကားလာစေရေး ကြိုးပမ်းဆောင်ရွက်နေသူ ဒေါ်မီမီဝင်းဘတ်ကို အမေရိကန်အခြေစိုက် East-West Center အဖွဲ့ကြီးက စက်တင်ဘာလ ၈ ရက်နေ့က ဂုဏ်ပြုခဲ့ပါတယ်။ ဒီအကြောင်း အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီးအဖြစ် သူ့ကို နောက်တနှစ် ဆက်ပြီး အသိအမှတ် ပြုလိမ့်မယ်လို့ မျှော်လင့်ထားတဲ့ အကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်