၂၀၀၉ ခုနှစ်ကစလို့ သမ္မတသက်တမ်း ၂ ဆက် ထမ်းဆောင်ခဲ့တဲ့ အမေရိကန်သမ္မတ Barack Obama ရဲ့ ချီကာဂိုမှာ ပြောကြားခဲ့တဲ့ နှုတ်ဆက်မိန့်ခွန်းမှာ သူ့ရဲ့ဇနီးသည် Michelle Obama ဟာ စံထားဖွယ် ဇနီးကောင်းတဦး ဖြစ်သလို၊ မိခင်ကောင်းတဦးလည်းဖြစ်တဲ့ ဂုဏ်ယူဖွယ် သမ္မတကတော်တဦးဖြစ်ကြောင်း ပြောဆိုသွားပါတယ်။
သမ္မတကတော် Michelle Obama ရဲ့ အတုယူစရာကောင်းတဲ့အကြောင်း တစေ့တစောင်းကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။