Public Service လို့ခေါ်တဲ့ လူထုအကျိုးပြု သတင်းယူမှုကဏ္ဍ Pulitzer ရွှေတံဆိပ်ဆိုကို ဒီနှစ်အတွက် အေပီသတင်းဌာနက ဆုချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံသားအများစုဖြစ်တဲ့ လူကုန်ကူးခံရသူတွေဟာ အင်ဒိုနီးရှားကျွန်းတကျွန်းမှာ တံငါသည်တွေအဖြစ် အတင်းအဓမ္မ ကျွန်ပြုစေခိုင်းတာ ခံနေကြရတဲ့အကြောင်း စုံစမ်းဖော်ထုတ်ပြီး Seafood From Slaves ကျွန်တွေဆီက ပင်လယ်စာ ဆိုတဲ့သတင်းကို ရေးသားဖော်ထုတ်ခဲ့ကြတာပါ။ အခုလို အဖြစ်မှန်ကို ကမ္ဘာကသိအောင် တင်ပြနိုင်ခဲ့တဲ့အတွက် ကျွန်ပြုခံနေရသူပေါင်း ၂ ထောင်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီသတင်းကို စုံစမ်း ထောက်လှမ်းခဲ့ကြတဲ့ အေပီသတင်းထောက် ၄ ဦးစလုံးဟာ အမျိုးသမီးတွေဖြစ်ကြပြီး တဦးကတော့ ကချင်တိုင်းရင်းသူ အက်စတာ ထူးဆန် ဖြစ်ပါတယ်။ သူ့ရဲ့ သတင်းယူမှု အတွေ့အကြုံနဲ့ ပတ်သက်လို့ အက်စတာ ထူးဆန်းနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ဒုတိယပိုင်းကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။