မြန်မာနိုင်ငံရဲ့ ဒုက္ခသည်ပြဿနာဟာ ကမ္ဘာကို ပြီးခဲ့တဲ့နှစ်က ရိုက်ခတ်ခဲ့တဲ့ ရိုဟင်ဂျာအရေးသာမက ပြည်တွင်း တိုင်းရင်းသားတွေ အနေနဲ့ လည်း ဆယ်စုနှစ်နဲ့ချီ အိုးအိမ်မဲ့ စစ်ဘေးရှောင်တွေ ဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး Yanghee Lee က ဆိုးလ်မြို့တော်မှာ ကြာသပတေးနေ့က သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။ မြန်မာ စစ်တပ်ရဲ့ အကြမ်းဖက်မှုကနေ ထွက်ပြေးနေကြ ရတဲ့ ပြည်တွင်း တိုင်းရင်းသားဒုက္ခသည်တွေရဲ့ စိတ်ဖိစီးမှုဝေဒနာ ကြီးမားကြောင်းလည်း သူက ပြောပါတယ်။
အခုလို အိုးအိမ်စွန်ခွါ ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေ ခံစားကြရတဲ့ စိတ်ဖိစီးမှုတွေ ဘယ်လိုရှိသလဲဆိုတာ ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။