သိပ္ပံပညာဟာ သာမာန်အားဖြင့် အမျိုးသားတွေအားသန်တဲ့ဘာသာရပ်လို့ ယူဆရပေမဲ့အမျိုးသမီးတွေလည်း သိပ္ပံပညာမှာထူးချွန်နိုင်ကြတာဖြစ်ပါတယ်။ “ သီရိလင်း” ဟာ အမေရိကန်ပြည်ထောင်စု Georgia ပြည်နယ်ရှိ Augusta တက္ကသိုလ်မှာ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ပါရဂူဘွဲ့ကို ပြီးခဲ့တဲ့နှစ်က ရရှိခဲ့ပါတယ်။
သိပ္ပံပညာကိုအထူးပြုလေ့လာရာမှာ သူ့ရဲ့ပညာသင်ကြားမှု အတွေ့အကြုံနဲ့ပတ်သက်လို့ “သီရိလင်း” ကို ဆက်သွယ်မေးမြန်းခဲ့တာကို ဒီသီတင်းပတ်အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း ကတင်ပြထားပါတယ်။