၂၀၁၈ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guteress က အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ တန်းတူအခွင့်အရေးရရှိဖို့၊ အကြမ်းဖက်ခံရမှုတွေ အစော်ကားခံရမှုတွေ အဆုံးသတ်စေဖို့ ဆောင်ရွက်ပေးချိန်တန်ပြီလို့ တိုက်တွန်းခဲ့ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံကနေ ပြည်ပကို သွားရောက်ပြီး လုပ်ကိုင်ကြတဲ့ အိမ်အကူတွေရဲ့ ဘဝလုံခြုံရေး အကာအကွယ်ပေးဖို့ သက်ဆိုင်ရာအာဏာပိုင်တွေ အနေနဲ့ အရေးယူ ဆောင်ရွက်သင့်ပြီလားလို့ မေးစရာရှိပါတယ်။
အကြောင်းစုံကို ဒီသီတင်းပတ်အတွက် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။