သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး နိုင်ငံတကာနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်မည် (ကုလဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး)


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာကျင်းပနေတဲ့ ကုလလုံခြုံရေးကောင်စီအစည်းအဝေးတခု (နိုဝင်ဘာ ၂၁၊ ၂၀၂၂)
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာကျင်းပနေတဲ့ ကုလလုံခြုံရေးကောင်စီအစည်းအဝေးတခု (နိုဝင်ဘာ ၂၁၊ ၂၀၂၂)

အာဆီယံအဖွဲ့ဝင်နိုင်ငံလည်းဖြစ်၊ အခုနှစ် ၂၀၂၃ ကနေ ၂၀၂၅ ခုနှစ်အထိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံလည်းဖြစ်တဲ့ ဗီယက်နမ် နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ လတ်တလော ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ကျော်လွှားနိုင်ရေး၊ တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပေါ်လာရေးနဲ့ နားလည်မှုတည်ဆောက်ပြီး သဘောထားကွဲပြားမှုတွေ လျော့ချနိုင်ရေးတို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်း ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ်အမြဲတမ်းကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်တာကာလအတွင်း ယိုးယွင်းလာနေတဲ့ စီးပွားရေးအခြေအနေအပြင် စာနာမှုဆိုင်ရာ အကူအညီတွေ ကြီးမားစွာလိုအပ်နေတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေ တိုးတက်မှု ရှိမလာတဲ့အပေါ် ဗီယက်နမ်အနေနဲ့ စိုးရိမ်မိကြောင်း အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ မနေ့ မတ်လ ၁၆ ရက်နေ့က ကျင်းပတဲ့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အလွတ်သဘော ဆွေးနွေးပွဲမှာ သံအမတ်ကြီး Dang Hoang Giang က ပြောပါတယ်။

မြန်မာလူထု လိုလားတောင့်တနေတဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိနိုင်ရေးအတွက် အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး အဓိပ္ပါယ်ရှိပြီး အားလုံး ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပေါ်လာနိုင်ဖို့ နှစ်ဘက်စလုံးက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့လည်း သံအမတ်ကြီး Giang က တိုက်တွန်းပါတယ်။

သက်ဆိုင်သူအားလုံးက အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်နိုင်ရေး ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ ဗီယက်နမ်နိုင်ငံက တိုက်တွန်းကြောင်း ပြောကြားပြီး ၊ လက်ရှိ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံရဲ့ မြန်မာ့အရေး ကြိုးပမ်း လုပ်ဆောင်မှုတွေကို ဗီယက်နမ်က ထောက်ခံ အားပေးသလို၊ အာဆီယံနဲ့ ကုလသမဂ္ဂတို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တွေ အချင်းချင်းကြား ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ထောက်ခံ အားပေးကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ် အမြဲတမ်းကိုယ်စားလှယ်က ပြောကြားခဲ့ပါတယ်။

{Unicode}






XS
SM
MD
LG