သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မတိုင်ခင် နောက်ဆုံးနေ့ အမေရိကန်သမ္မတလောင်းတွေ အပြိုင်မဲဆွယ်


မီရှီဂန်ပြည်နယ်၊ ဒက်ထရွိုက်မြို့မှာ ကြိုတင်မဲပေးနေကြသူများ။ (နိုဝင်ဘာ ၃၊ ၂၀၂၄)
မီရှီဂန်ပြည်နယ်၊ ဒက်ထရွိုက်မြို့မှာ ကြိုတင်မဲပေးနေကြသူများ။ (နိုဝင်ဘာ ၃၊ ၂၀၂၄)

အမေရိကန်မှာ ရွေးကောက်ပွဲကျင်းပဖို့ တရက်သာလိုတော့တဲ့အချိန် နောက်ဆုံးနေ့မှာ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့်ပြည်နယ်တွေမှာ သမ္မတလောင်းတွေ အပြိုင်အဆိုင် မဲဆွယ်ကြမှာဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီက ဒုသမ္မတ Kamala Harris ကတော့ ရွေးကောက်ပွဲရလဒ်ကို အဆုံးအဖြတ်ပေး ရာမှာ အရေးကြီးလိမ့်မယ်လို့ ခန့်မှန်းထားတဲ့ Pennsylvania ပြည်နယ်မှာ ဒီကနေ့ စည်းရုံးရေးဆင်း မှာပါ။ ပြိုင်ဘက် ရီပတ်ဘလစ်ကန်ပါတီက သမ္မတဟောင်း Donald Trump ကတော့ မြောက် Carolina, Pennsylvania နဲ့ Michigan ပြည်နယ် ၃ ခုက ၄ နေရာကို စည်းရုံးရေးထွက်မှာ ဖြစ်ပါတယ်။ ဒီမိုကရက်တစ်သမ္မတလောင်းနဲ့ ဒုသမ္မတလောင်းတို့ရဲ့ Pennsylvania ပြည်နယ်စည်းရုံးရေးခရီးစဉ် မှာတော့ အလုပ်သမားလူတန်းစားတွေရှိတဲ့နေရာတွေကို သွားကြမှာဖြစ်ပြီး ခရီးစဉ် အဆုံးမသတ်ခင် ညဘက် Philadelphia မြို့က မဲဆွယ်ပွဲမှာတော့ နာမည်ကျော် အမေရိကန်အနုပညာရှင်တွေဖြစ်တဲ့ Lady Gaga နဲ့Oprah Winfrey တို့လည်း တက်ရောက်ကြမှာပါ။

သမ္မတဟောင်း Trump ရဲ့ စည်းရုံးရေးခရီးစဉ်ကိုတော့ မြောက် Carolina ပြည်နယ် Raleigh မြို့မှာ စတင်ပြီးPennsylvania ပြည်နယ် Reading နဲ့ Pittsburgh မြို့တွေကို ဝင်ရောက်မှာဖြစ်သလို ဒုသမ္မတ လောင်းနဲ့အတူ Michigan ပြည်နယ်၊ Grand Rapids မှာ ညဘက်မဲဆွယ်ပွဲတွေကို အဆုံးသတ်မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမတိုင်ခင်မှာပဲ ခန့်မှန်းခြေ အမေရိကန်မဲဆန္ဒရှင် ၇၇ သန်းလောက် ကြိုတင်မဲတွေ ပေးခဲ့ပြီးဖြစ်ပါတယ်။ရွေးကောက်ပွမှာ သမ္မတဟောင်း Trump အနိုင်ရခဲ့မယ်ဆိုရင် သမ္မတဟောင်း တယောက် ပထမဆုံးအကြိမ်ရွေးကောက်ပွဲပြန်ဝင်ပြီး အနိုင်ရသူအဖြစ် သမိုင်းဝင်မှာဖြစ်သလို ဒုသမ္မတ Harris အနိုင်ရမယ်ဆိုရင်တော့ ပထမဆုံးအမျိုးသမီးလည်းဖြစ်၊ လူမည်းနဲ့ တောင်အာရှ သွေးပါသူတယောက် ပထမဆုံးအကြိမ် အမေရိကန်သမ္မတအဖြစ်သမိုင်းဝင်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG