သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မြန်မာအကျပ်အတည်း အချိန် မနှောင်းခင် ဖြေရှင်းဖို့ လူ့အခွင့်အရေး ကိုယ်စားလှယ်တိုက်တွန်း


ယခင်မှတ်တမ်းဓါတ်ပုံ
ယခင်မှတ်တမ်းဓါတ်ပုံ

မြန်မာအကျပ်အတည်း အချိန် မနှောင်းခင် ဖြေရှင်းဖို့ လူ့အခွင့်အရေး ကိုယ်စားလှယ်တိုက်တွန်း

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက နည်းလမ်းသစ်နဲ့ ထိရောက်အောင် ဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကတိုက်တွန်းလိုက်ပါတယ်။

“အချိန်မနှောင်းခင် ပိုမိုခိုင်မာအားကောင်းတဲ့ အရေးယူ ဆောင်ရွက်မှု နည်းလမ်းသစ်တခုကို စဉ်းစားဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။” လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က စစ်အာဏာသိမ်း ၁ နှစ်ပြည့်အဖြစ် အင်္ဂါနေ့က ဗွီဒီယိုနဲ့ သတင်းစကားပါးရာမှာ ပြောဆိုလိုက်တာပါ။

စစ်အာဏာသိမ်းခဲ့တာ ၁ နှစ် ပြည့်တဲ့ အချိန်အထိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လက်နက်တင်ပို့မှု တားမြစ်ရေး ထိထိရောက်ရောက် မလုပ်နိုင်တဲ့အတွက် အပြစ်မဲ့ပြည်သူတွေ သေကျေနေရတယ်လို့လည်း ပြောပါတယ်။ ဒီအတွက် မြန်မာစစ်အာဏာပိုင်တွေ လက်နက်၊ ငွေကြေးနဲ့ တရားဝင်မှု မရအောင် ဖြတ်တောက်နိုင်ဖို့ နိုင်ငံတကာက ဝိုင်းဝန်း ကြိုးပမ်းကြဖို့လည်း တိုက်တွန်းခဲ့တာပါ။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ကလည်း မြန်မာ့အရေး ဖြေရှင်းရာမှာ နိုင်ငံတကာက ထိထိရောက်ရောက် ဆောင်ရွက်ဖို့ အင်္ဂါနေ့မှာပဲ တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံကို စစ်လက်နက် တင်ပို့မှုတွေ ရပ်ဆိုင်းဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့နှစ်ထဲ အမေရိကန်က ပူးတွဲအဆိုပြုခဲ့တာလို ကြိုးပမ်းမှုတွေ ရှိခဲ့ပေမဲ့ လုံလောက်မှု မရှိသေးတာကိုလည်း ထောက်ပြခဲ့တာပါ။

မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ အဆုံးသတ်စေဖို့၊ လက်နက်တင်ပို့မှုတွေ ရပ်ဆိုင်းဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ဖု့ိနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အခိုင်အမာ အရေးယူဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

..............................................

တိုက်ရိုက် လင့်ခ်


{{Unicode}}






XS
SM
MD
LG