သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာပြဿနာ လုံခြုံရေးကောင်စီ ဆွေးနွေးမှု တရုတ်ဝေဖန်


မြန်မာ့အရေး လုံခြုံရေးကောင်စီ ဆွေးနွေးမှု ( အောက်တိုဘာ ၂၄-၂၀၁၈)
မြန်မာ့အရေး လုံခြုံရေးကောင်စီ ဆွေးနွေးမှု ( အောက်တိုဘာ ၂၄-၂၀၁၈)

ရိုဟင်ဂျာအကျပ်အတည်းနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ ပြောဆို လုပ်ဆောင်ချက်တွေဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ညှိနှိုင်းဆောင်ရွက်မှုတွေကို အထောက်အကူပြုတဲ့ နည်းလမ်းမျိုးနဲ့သာ ဖြစ်သင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒီကိစ္စ ဆွေးနွေးတဲ့အပေါ် ဝေဖန်လိုက်ပါတယ်။

“ရိုဟင်ဂျာကိစ္စမှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်သင့်ပြီး ဒီလို နည်းလမ်းနဲ့ လုပ်ဆောင်ချက်အားလုံးဟာ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်တို့အကြား ဆွေးနွေးညှိနှိုင်းတာနဲ့ ပူးပေါင်းဆောင်ရွက်တာကို အထောက်အကူဖြစ်စေသင့်ဆိုတာ တရုတ်နိုင်ငံက အမြဲပြောလာတာပါ။ ဒါ့အပြင် လူ့အခွင့်အရေးကိစ္စတွေကို လုံခြုံရေးကောင်စီ မှာ ဆွေးနွေးတာ မသင့်လျော်ပါဘူး။ လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့က လုံခြုံရေးကောင်စီကို တင်ပြတာ ဟာလည်း လုံခြုံရေးကောင်စီရဲ့ လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီပါဘူး။ ဒါဟာ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်အကြား စေ့စပ်ပြောဆိုတဲ့ လုပ်ငန်းစဉ်ကို အနှောက်အယှက်ဖြစ်စေပြီး ဒီကိစ္စအပေါ် သင့်လျော်တဲ့ ဖြေရှင်းမှုတခုရရေး လုပ်ငန်းစဉ်ကို ထိခိုက်စေပါတယ်။ ဒီကိစ္စအပေါ်မှာ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေအားလုံး သဘောတူညီမှုရတဲ့ အခြေအနေ ခုထိမရောက်သေးပါဘူး။” လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Hua Chunying က ကြာသပတေးနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားတာပါ။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က လုံခြုံရေးကောင်စီကို ဗုဒ္ဓဟူးနေ့မှာ တင်ပြတဲ့အပေါ် တရုတ်နိုင်ငံ က အခုလို ဝေဖန်ပြောဆိုတာဖြစ်ပါတယ်။ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ထည့်သွင်းဆွေးနွေးဖို့ မဲခွဲကြချိန်ကလည်း တရုတ် နိုင်ငံဟာ ရုရှား၊ ဘိုလီးဗီးယားနိုင်ငံတို့နဲ့အတူ ကန့်ကွက်မဲပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG