သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီမှာ မြန်မာသံအမတ်ကြီး တင်ပြချက်


လုံခြုံရေးကောင်စီမှာ တင်ပြဆွေးနွေးနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်း
လုံခြုံရေးကောင်စီမှာ တင်ပြဆွေးနွေးနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်း

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းက လုံခြုံရေးကောင်စီမှာ သူတင်ပြခဲ့တာနဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်က မေးမြန်းရာမှာ သူက အခုလို စပြောပါတယ်။

ဦးဟောက်ဒိုဆွမ်း။ ။ ဒါက လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့အတွက် ကျနော်တို့ ကန့်ကွက်ပြီးပြောတယ်။ နောက်တချက်က သူ့ရဲ့ အစီရင်ခံစာဟာ ခိုင်လုံမှုမရှိဘူး။ ကျနော်တို့ အစကတည်းက ဒီဟာကို မယုံကြည်ဘူး။ သူရဲ့ mandate ကိုကျနော်တို့က လက်မခံတာဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံကို သွားခွင့်မပေးတဲ့အတွက်ကြောင့် သူတို့က အပြင်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေရဲ့ ထွက်ဆိုချက်တွေနဲ့ ဒါတွေကို တည်ဆောက်ပြီး အမှုကိုတည်ဆောက်ထားတာကိုး။ ဒီဥစ္စာက ဘယ်လိုမှ ခိုင်လုံတဲ့ အထောက်အထား မဟုတ်ဘူးဆိုတာ ကျနော်တို့ ပြောတယ်။ သူ့ရဲ့အစီရင်ခံစာနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်မှူးကြီးအပါအဝင် တပ်မတော်ကနေပြီးတော့မှ ပြစ်မှုတွေကိုကျူးလွန်တယ်၊ Graphic ပုံစံနဲ့ပေါ့ဗျာ၊ ဓာတ်ပုံတွေ ဘာတွေနဲ့၊ Genocide ကို ကျူးလွန်တယ်ဆိုတဲ့သဘောမျိုး … ဒီဟာက ခိုင်မာတဲ့ သက်သေ ပြမှုမရှိသေးဘဲနဲ့ ဒီဟာကို အပြင်ဘက်ကနေပြီးတော့ NGO တို့၊ Activist တို့၊ Human Rights Group တို့ဘာတို့ လုပ်တဲ့ပုံစံမျိုး Pamphlet တွေကို အစည်းအဝေးခန်းထဲမှာ တင်ပြီးတော့လုပ်တာကို မြင်ရတဲ့အခါကျတော့ ဒီဟာကို ကျနော်တို့ အပြင်းအထန် ကန့်ကွက်တယ်လေ၊ ကျနော်တို့ လုံးဝ လက်မခံနိုင်ဘူး။

“Fact Finding Mission ဥက္ကဌအနေနဲ့ကလည်း ဒီလိုလုပ်တဲ့ဟာက ဒါဟာ ကုလသမဂ္ဂက တာဝန်ပေးထားတဲ့ ဝန်ထမ်း တယောက်ရဲ့ ကျင့်ဝတ်သိက္ခာတွေကိုလည်းပဲ ဖောက်ဖျက်ရာရောက်တယ်၊ လုပ်ထုံးလုပ်နည်းလည်း ဖောက်ဖျက်ရာရောက်တယ်၊ လုံးဝ ဂုဏ်သိက္ခာမရှိတဲ့လုပ်ရပ် ဖြစ်တယ်ဆိုတာ ကျနော်တို့က ပွင့်ပွင့်လင်းလင်း ခပ်တင်းတင်းလေး ဝေဖန်ပြီးတော့ ပြောလိုက် တာ။ လုံးဝလက်မခံနိုင်ဘူး။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတနိုင်ငံနဲ့ သူ့ရဲ့ခေါင်းဆောင်တွေကို အဲလိုနာမည်ဖျက်ပြီးလုပ်တာကို ကျနော်တို့က လုံးဝလက်မခံနိုင် ဘူးဆိုတာကို ပြောလိုက်တာ၊ အနှစ်သာရတော့ ဒါပါပဲ။"

အင်ကြင်းနိုင်။ ။ အဲတော့ ခိုင်မာတဲ့ အထောက်အထား၊ သက်သေတွေပြနိုင်ဖို့အတွက် ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဘာတွေလုပ်ပေးနိုင်သလဲ၊ အဲဒီလိုအချက်အလက်တွေ ပြုစုဖို့ရော ဘယ်လို အကြံပေးနိုင်မလဲရှင့်။

ဦးဟောက်ဒိုဆွမ်း။ ။ ကျနော်တို့ အခုစပြီး လုပ်နေပြီလေ။ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ကျနော်တို့ ဖွဲ့ထားပြီလေ။ဖိလစ်ပိုင် နိုင်ငံခြားရေး ဒုဝန်ကြီးဟောင်း မစ္စ ရိုဆာရီယို မယ်နာလို ဦးဆောင်တဲ့ လေးဦးပါတဲ့ အဖွဲ့ ဖွဲ့ထားပြီပဲ။ သူတို့ လုပ်ငန်းလည်း စနေပြီ။ သူတို့ကို လုပ်ပိုင်ခွင့် အပြည့် ပေးထားပြီ။ နိုင်ငံတကာဥပဒေအရ ပြစ်မှုတခုစုံစမ်းဖို့ ဒီလို အများနဲ့ ပတ်သက်တဲ့ စုံစမ်းမှု ဆိုလို့ရှိရင် ပြည်တွင်းမှာ သူက အရင်လုပ်ရမှာလေ။ ပြည်တွင်းမှာ လုပ်လိုတဲ့ဆန္ဒလည်းရှိတယ်။ အရည်အချင်းလည်းရှိတယ်။ ဒါကို သူတို့စောင့်ရမယ်။ ကျနော်တို့ သမာသမတ်ရှိရှိ လုပ်ပြီး အရေးယူတဲ့ဟာကို သူတို့ စောင့်ရမယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG