လက်နက်ပစ္စည်း ရောင်းဝယ်မှုကလွဲရင် ဗမာအစိုးရကို ဒဏ်ခတ်အရေးယူတာ အားလုံး ရုတ်သိမ်းကြောင်း EU ခေါ် ဥရောပနိုင်ငံများ သမ္မဂအဖွဲ့က လွန်ခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က ကြေညာပါတယ်။ အနှစ် (၂၀) နီးပါး ကန့်သတ်ချုပ်ချယ်မှု restrictive measure လုပ်ထားတာကို (၂) နှစ်အတွင်း ရုတ်သိမ်းနိုင်အောင် စွမ်းဆောင်နိုင်တဲ့ ဦးသိန်းစိန်အစိုးရကို ချီးကျူးသူတွေ ရှိပါတယ်။ လူ့အခွင့်အရေး ချိုးဖျက်မှုတွေ ရှိနေတုန်း ဒဏ်ခတ်အရေးယူမှုကို မရုတ်သိမ်းသင့်ကြောင်း ဝေဖန်ကြသူတွေလည်း ရှိပါတယ်။ အထူးသဖြင့် ရခိုင်၊ မိတ္ထီလာ၊ ကချင် နဲ့ ရှမ်းပြည်မှာ အကြမ်းဖက်မှုတွေ ရှိနေတာကို ထောက်ပြကြပါတယ်။
အမေရိကန်ကတော့ ဥရောပသမဂ္ဂအဖွဲ့လို အပြီးအပိုင်း ရုတ်သိမ်းတာမျိုး မလုပ်ဘဲ ပြုပြင်ရေးလုပ်တဲ့ အတိုင်းအတာကိုကြည့်ပြီး ဒဏ်ခတ်အရေးယူမှုကို ရုတ်သိမ်းတာ ရှိသလို၊ မရုတ်သိမ်းတာ ရှိသေးတဲ့အပိုင်းလည်း ရှိမယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဥရောပကုမ္မဏီတွေနဲ့ ရင်းနှီးမြှုပ်နံှမှု တိုးပွားလာနိုင်သလို၊ မြန်မာထွက်ပစ္စည်းတွေလည်း ဥရောပဈေးကွက်ကို အဟန့်အတားမရှိ ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်က ရုတ်သိမ်းတဲ့ ကုန်သွယ်ရေးအခွင့်ထူး GSP Generalized System of Preferences ပြန်ရတာဟာ လတ်တလော အကျိုးအမြတ် ဖြစ်ပါတယ်။
GSP ကုန်သွယ်ရေးအခွင့်ထူးဆိုတာ မြန်မာပြည်လို ဖွံ့ဖြိုးစနိုင်ငံက တင်ပို့တဲ့ကုန်ပစ္စည်းကို အကောက်ခွန် ကင်းလွတ်ခွင့် သို့မဟုတ် လျှော့ခွင့်ပြုတာဖြစ်လို့ မြန်မာ့ပို့ကုန်လုပ်ငန်းကို အားပေးတဲ့ စနစ်ဖြစ်ပါတယ်။ အကောက်ခွန် ပေးစရာမလိုဘဲ အကန့်အသတ်မရှိ ဥရောပကို ကုန်တင်ပို့နိုင်တဲ့ ဆင်းရဲသားနိုင်ငံစာရင်းမှာ မြန်မာပြည်မပါတာ (၁၆) နှစ် ရှိနေပါပြီ။ မြန်မာကျွန်းသစ်ကို လူကြိုက်များတာမို့ ၂၀၀၆ အထိ ကန့်သတ်ချုပ်ချယ်တဲ့ စာရင်းမှာ ထည့်မထားပါဘူး။ ၂၀၀၇ ဆန္ဒပြပွဲကို အကြမ်းဖက်နှိမ်းနှင်းတော့မှ သစ်၊ သတ္တု နဲ့ ကျောက်မျက်ရတနာ တင်သွင်းခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာသစ်လုံးကို အိမ်နီးချင်းနိုင်ငံတွေမှာ ကုန်ချောအဖြစ် အသွင်ပြောင်းပြီး တင်ပို့ရောင်းချတာကြောင့် ဥရောပသမဂ္ဂအဖွဲ့ရဲ့ ကန့်သတ်ပိတ်ပင်ချက်ဟာ မထိမရောက် ဖြစ်ခဲ့ရပါတယ်။
မြန်မာ့သစ်နဲ့ ကျောက်မျက်ဟာ ပိတ်ပင်ထားတဲ့ကြားက ဥရောပနဲ့ အမေရိကန်ဈေးကွက်အထိ ရောက်လေ့ရှိပါတယ်။ အကြောင်းကတော့ ဘယ်နိုင်ငံကလာတယ်ဆိုတာကို စစ်ဆေးဖို့ ခက်ခဲလို့ပါ။ ဒီလို ကန့်သတ်ချုပ်ချယ်တာမျိုးကို မထိရောက်မှန်း သိပေမယ့် နိုင်ငံရေးအရ မှန်ကန်တယ်လို့ ယုံကြည်ပြီး လုပ်ကြတာဖြစ်ပါတယ်။ ဥရောပသမဂ္ဂအဖွဲ့က မဆက်ဆံဖို့ ပိတ်ပင်ထားတဲ့ မြန်မာကုမ္မဏီနဲ့ လူပုဂ္ဂိုလ်စာရင်းဟာ စာမျက်နှာ (၁၀၀) နီးပါ ရှိပါတယ်။ စစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်းနဲ့ Crony ပိုင်လုပ်ငန်းတွေကို မဆက်ဆံဖို့ ပိတ်ပင်ထားတာမို့ ဒဏ်ခတ်မှု ရုတ်သိမ်းလိုက်တဲ့ အကျိုးအမြတ်ကို ဒီလူတွေပဲ အရင်ဆုံး ခံစားရမှာ ဖြစ်ပါတယ်။ ဦးတေဇ၊ ဇေကမ္ဘာဦးခင်ရွှေ၊ ဦးထွန်းမြင့်နိုင်၊ ဦးဇော်ဇော်၊ ဦးအောင်သောင်း မိသားစု၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစု စတဲ့ ပုဂ္ဂိုလ်တွေ အရင်ဆုံးအကျိုးအမြတ် ခံစားရမှာ ဖြစ်ပါတယ်။
ဥရောပသမဂ္ဂအဖွဲ့ဟာ အမေရိကန်လို မြန်မာနဲ့ ကုန်သွယ်မှု ပိတ်ပင်ခဲ့တာ မဟုတ်ဘဲ၊ ကန့်သတ်ထားတာသာ ဖြစ်တဲ့အတွက် အလျှော့အတင်းလုပ်တာမျိုးတွေ အရင်ကတည်းက ရှိခဲ့ပါတယ်။ ဥပမာ အစိုးရ crony သူဌေးဦးတေဇ မိသားစုကို ပြည်ဝင်ခွင့်ပိတ်ပင်ထားပေမယ့် ဗီဇာပယ်ချခံရသူ ဦးတေဇ သားက ဥရောပသမဂ္ဂအဖွဲ့ တရားရုံးမှာ အယူခံဝင်တဲ့အတွက် ပြည့်ဖြိုးတေဇနဲ့ မိသားစုဝင်အချို့ ဥရောပမှာ လည်ပတ်ခွင့်ရသွားတဲ့ သာဓကရှိပါတယ်။ အခုတော့ စစ်အုပ်စုပိုင်လုပ်ငန်းတွေကို ငွေထုတ်မချေးဖို့၊ အတတ်ပညာ အကူအညီမပေးဖို့၊ စစ်အုပ်စု အသိုင်းအဝိုင်းကို ဥရောပဝင်ခွင့်မပြုဖို့ ကန့်သတ်ချုပ်ချယ်ထားတာတွေ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။ စစ်လက်နက်ပစ္စည်း အရောင်းအဝယ်လုပ်မှုကလွဲရင် ဥရောပ-မြန်မာ ဆက်ဆံရေးမှာ လုပ်ချင်သလို လုပ်နိုင်တဲ့အနေအထားကို ရောက်သွားပြီ ဖြစ်ပါတယ်။
ဥရောပသမဂ္ဂအဖွဲ့ရဲ့ လက်နက်ရောင်းဝယ်မှု ပိတ်ပင်ချက်ဟာ ထိရောက်မှာ မဟုတ်ပါဘူး။ ဒဏ်ခတ်အရေးယူနေတုန်း ဥရောပအဖွဲ့ဝင်အချို့က လက်နက်ပစ္စည်း ခိုးရောင်းခဲ့တဲ့ အစဉ်အလာ ရှိပါတယ်။ တရုတ်၊ မြန်မာ နဲ့ အာဖရိကနိုင်ငံအချို့ကို လက်နက်ခယမ်း မရောင်းဖို့ ပိတ်ပင်ထားပေမယ့် ရောင်းဝယ်မှု ရှိမရှိ စောင့်ကြည့်နိုင်တာ မဟုတ်တဲ့အတွက် ဟာကွက်ကိုရှာပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ စစ်ပစ္စည်း တင်ပို့နေကြပါတယ်။ မြန်မာ နဲ့ တရုတ်ကို စစ်ပစ္စည်းရောင်းချရာမှာ ပြင်သစ်ဟာ နံမည်ကြီးပါတယ်။ ကုလသမဂ္ဂ ကုန်သွယ်မှုစာရင်းအရ ၁၉၉၉-၂၀၀၀ အထိ (၃) နှစ်အတွင်း လက်နက်ခယမ်း ဒေါ်လာ နှစ်သိန်းဖိုး ပြင်သစ်က ဗမာအစိုးရကို ရောင်းချခဲ့ကြောင်း သိရပါတယ်။
စစ်ဖက်နဲ့ အရပ်ဖက် သုံးနိုင်တဲ့ ပစ္စည်းမျိုးကိုလည်း မြန်မာနဲ့ တရုတ်ကို မရောင်းဖို့ ဥရောပသမဂ္ဂအဖွဲ့က ပိတ်ပင်ထားပေမယ့် လက်တွေ့ကျင့်သုံးဖို့ မလွယ်ပါဘူး။ အတတ်ပညာနဲ့ ထုတ်လုပ်မှု ပြန့်ပွားနေတဲ့ခေတ်မှာ ဥရောပအဖွဲ့ဝင်တွေ ထုတ်လုပ်တဲ့ပစ္စည်းကို အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေမှာ အသုံးပြုတာ ကြာပြီဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို လက်နက်ခယမ်း မရောင်းဖို့ ပိတ်ပင်ထားချက် အောင်မြင်ဖို့ဆိုတာဟာ အဖွဲ့ဝင် (၂၇) နိုင်ငံလုံးက ဖိဖိစီးစီး စောင့်ကြည့်စစ်ဆေးမှသာ ဖြစ်နိုင်ပါလိမ့်မယ်။