လွတ်လပ်ရေးရကတည်းက မြန်မာပြည်မှာ အစိုးရကျောင်းနဲ့ ပုဂ္ဂလိကအလွတ်ပညာသင်ကျောင်းဆိုပြီး ကျောင်းနှစ်မျိုးရှိခဲ့ပါတယ်။ ၁၉၆၂ ခု စစ်အစိုးရအာဏာသိမ်းချိန်ကစပြီး ဆိုရှယ်လစ်စနစ် နိဂုံးချုပ်တဲ့ ၁၉၈၈ ခုနှစ်အထိ ပုဂ္ဂလိကကျောင်းတွေကို ပိတ်ပစ်တဲ့အတွက် အစိုးရကျောင်းပဲကျန်ပါတယ်။ ဒါပေမဲ့ အစိုးရကျောင်းကို အားမရသူတွေက အလွတ်ပညာရေးကို အားကိုးကြပါတယ်။ ဘာသာရပ်အလိုက် ကျူရှင်ပေးတာကို ၁၉၆၄ အလွတ်ပညာသင် ဥပဒေက ခွင့်ပြုတာမို့ အလွတ်ပညာသင်ကျောင်းတွေ မဆလ ဆိုရှယ်လစ်ခေတ်မှာလည်း ရှိခဲ့ပါတယ်။ ၁၉၈၈ နောက်ပိုင်း ဈေးကွက်စနစ်ကျင့်သုံးတဲ့အခါ ပုဂ္ဂလိကကျောင်းတွေ ပြန်လည်ခေတ်စားလာပါတယ်။
အင်္ဂလိပ်စာ၊ ကွန်ပြူတာ၊ စာရင်းကိုင်ပညာနဲ့ တခြားစီးပွားရေးပညာကို ဆည်ပူးချင်သူဟာ ပုဂ္ဂလိကကျောင်းကို အားကိုးကြပါတယ်။ နိုင်ငံခြားမှာ ပညာဆက်သင်ချင်သူတွေအတွက် ပြင်ဆင်ပေးတဲ့ကျောင်းတွေလည်း ပေါ်လာပါတယ်။ ငွေကြေးတတ်နိုင်သူဟာ နံမည်ကြီး အလွတ်ပညာသင်ကျောင်းတွေကို ရွေးကြတာများပါတယ်။ ရန်ကုန်မှာ ပုဂ္ဂလိကအလွတ်ပညာသင်ကျောင်း ၂၀၀ ကျော် ရှိပေမယ့် အများစုဟာ ခလေးတွေအတွက် ဖွင့်ထားတာ ဖြစ်ပါတယ်။ နံမည်ကြီး တက္ကသိုလ်နဲ့ ဆက်ထားတဲ့ကျောင်းလည်း ရှိပါတယ်။
ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ အစိုးရသစ်က ပြဌာန်းခဲ့ပါတယ်။ ပုဂ္ဂလိကကျောင်း (၁၀၀) ကျော်နဲ့ ဆရာ၊ ဆရာမ (၉၀၀) ကျော် မှတ်ပုံတင်လျှောက်ထားတဲ့အကြောင်း သိရပါတယ်။ အခုလောလောဆယ်မှာတော့ အခြေခံပညာရေး ဦးစီးဌာန (၃) ခုအောက်မှာ ကိုယ်ပိုင်ကျောင်း (၅၀) ကျော်ကို ဖွင့်ခွင့်ပေးဖို့ ပညာရေးဌာနက စီစဉ်နေကြောင်း သိရှိရပါတယ်။ အခြေခံပညာရေး အလယ်တန်းကနေ အထက်တန်းအထိ သင်ကြားပို့ချခွင့်နဲ့ စာမေးပွဲ စစ်ဆေးခွင့်ရမယ့်ကျောင်းတွေ ဖြစ်ပါတယ်။
နိုင်ငံခြားအကူအညီယူပြီး တည်ထောင်တဲ့ကျောင်းနဲ့ သာသနာပြုကျောင်းဟာ မှတ်ပုံတင်ခွင့်မရှိဘဲ မြန်မာနိုင်ငံသား တည်ထောင်တဲ့ ကျောင်းဖြစ်ရမယ်လို့ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် အခန်း (၃) ပြဆိုထားပါတယ်။ ဒါပေမဲ့ ဥပဒေမပြဌာန်းမည်ကတည်းက ကိုယ်ပိုင်ကျောင်းအားလုံး နိုင်ငံသားပိုင်အဖြစ် ရပ်တည်ကြပါတယ်။
နိုင်ငံသားအမည်ခံတဲ့ နိုင်ငံခြားသားကျောင်းနဲ့ ဒေသခံနဲ့ နိုင်ငံခြားသားရောပြီး တည်ထောင်ထားတဲ့ကျောင်းတွေလည်း ရှိပါတယ်။ တချို့ကလည်း အမေရိကန်နဲ့ ဗြိတိန်က သင်ရိုးညွှန်းတမ်းအတိုင်း သင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ နံမည်ကြီးနိုင်ငံခြားသားကျောင်းနဲ့ ဆက်ထားတဲ့ကျောင်းရှိသလို၊ နိုင်ငံခြားနဲ့ ဆက်ထားတယ်ဆိုပြီး လူခေါ်တဲ့ကျောင်းတွေလည်း ရှိပါတယ်။ အများစုဟာ ရန်ကုန်၊ မန္တလေး နဲ့ ပြင်ဦးလွင်မှာ ရှိကြပါတယ်။
တကယ်တော့ ကိုယ်ပိုင်ကျောင်းဟာ လူနည်းစုအတွက်သာဖြစ်လို့ ထောင်ချီနေတဲ့ အစိုးရကျောင်းတွေကို အစားထိုးနိုင်တဲ့ အခြေအနေမရှိပါဘူး။ အစိုးရကျောင်းဟာ လူတိုင်းအတွက် ဖြစ်ပေမယ့် စားဝတ်နေရေး အခက်အခဲကြောင့် အစိုးရကြားကျောင်းကိုတောင် ဆုံးအောင်မတတ်နိုင်သူတွေ များလာပါတယ်။ သူငယ်တန်းခလေး (၁၀၀) မှာ (၃၀) ပဲ ဆယ်တန်းအထိ ဆက်လက် သင်ကြားနိုင်ကြောင်း သိရပါတယ်။ ကျောင်းမရှိလို့ စာမသင်နိုင်သူနဲ့ ဆရာမရှိလို့ စာမသင်နိုင်သူတွေလည်း ရှိပါတယ်။
တိုင်းပြည်စီးပွားရေး ခြွတ်ခြုံကျတဲ့အတွက် နိုင်ငံတော်ပညာရေးစနစ် ယိုးယွင်းပျက်စီးလာရတာ ဖြစ်ပါတယ်။ မြို့ကြီးပြကြီး အထူးသဖြင့် ရန်ကုန်လို နေရာမျိုးမှာ အစိုးရကျောင်းကို ဂရုမစိုက်တော့ဘဲ ပုဂ္ဂလိက အလွတ်ပညာသင်ကျောင်းတွေကို
အားကိုးလာကြပါတယ်။ အစိုးရကျောင်းတက်သူတွေဟာ ကျောင်းပညာရေးကို အားဖြည့်တဲ့အနေနဲ့ ဆရာ၊ ဆရာမတွေဆီမှာ ကျူရှင်ယူကြရပါတယ်။ ဆရာ၊ ဆရာမကလည်း စားဝတ်နေရေး ပြေလည်အောင် ကျူရှင်ပေးပြီး ငွေပိုရှာကြရပါတယ်။
နိုင်ငံခြားမှာ ပညာသင်နိုင်အောင် ပြင်ဆင်ပေးတဲ့ ကိုယ်ပိုင်ကျောင်းနဲ့ အစိုးရကျောင်းဟာ ရည်ရွယ်ချက်ခြင်း ကွဲပြားခြားနားကြပါတယ်။ ကိုယ်ပိုင်ကျောင်းဟာ ကြေးရေးတတ် လူနည်းစုအတွက်သာဖြစ်ပြီး အစိုးရကျောင်းကတော့နိုင်ငံသားတိုင်းအတွက် ဖြစ်ပါတယ်။ အစိုးရကျောင်း အဆင့်အတန်းမီအောင်လုပ်ဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။
အထက်တန်းပညာရေးမှာတော့ အစိုးရကျောင်းပဲ ရှိပါတယ်။ ဗိုလ်ချုပ်နေဝင်း ဦးဆောင်ပြီး ၁၉၆၂ မှာ စစ်အာဏာသိမ်းနောက်ပိုင်း တက္ကသိုလ်ပညာရေး အဆင့်အတန်း တဖြည်းဖြည်းကျဆင်းလာပါတယ်။ တက္ကသိုလ်မှာ မြန်မာဘာသာနဲ့ သင်ကြားဖို့ ဆုံးဖြတ်လိုက်ပေမယ့် မြန်မာလိုရေးတဲ့ စာအုပ်စာတမ်း မလုံလောက်တဲ့ ပြဿနာကြောင့် ပညာရေးအဆင့်အတန်း နှိမ့်ကျလာရတယ်လို့ မြင်ကြပါတယ်။ ရန်ကုန်တက္ကသိုလ်က ပေးတဲ့ဘွဲ့ကို နိုင်ငံခြားက အသိအမှတ်ပြုတဲ့ အစဉ်အလာလည်း ပျောက်ကွယ်သွားခဲ့ပါတယ်။ မြန်မာပြည်မှာရတဲ့ ဆေးတက္ကသိုလ်ဘွဲ့ကို ဗြိတိန်နိုင်ငံမှာ အသိအမှတ်မပြုတော့တာဟာ ထင်ရှားတဲ့ သာဓကတခုဖြစ်ပါတယ်။
ဦးသိန်းစိန်အစိုးရ တက်လာတဲ့နောက်ပိုင်းမှာ နိုင်ငံခြားအစိုးရတွေက မြန်မာကျောင်းသားကို ပညာသင်ဆု ချီးမြင့်တဲ့အစီအစဉ်တွေ ပေါ်လာတာတွေ့ရပါတယ်။ ဒါကလည်း ပညာထူးချွန်သူ လူတစုအတွက်သာ ဖြစ်ပါတယ်။ အများနဲ့ဆိုင်တဲ့ အစိုးရကျောင်းစနစ် အဆင့်မှီအောင်လုပ်ဖို့အတွက် အစိုးရအနေနဲ့ ငွေကြေးအများအပြား စိုက်ထုတ်ပြီး နိုင်ငံခြားအကူအညီ လက်ခံဖို့ လိုအပ်ပါတယ်။ ဒီလိုမလုပ်နိုင်ရင် အဆင့်မှီတဲ့ အစိုးရကျောင်း ရှားပါးပြီး ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းကို မှီခိုလာသူတွေ တိုးပွားလာဖို့ပဲ ရှိပါတယ်။ ပါလီမန်ခေတ်ကလည်း နံမည်ကြီးတဲ့ ကျောင်းတွေဟာ ပုဂ္ဂလိကနဲ့ သာသနာပြုကျောင်းသာ ဖြစ်ပါတယ်။