မကြာခင်က ဖြစ်ပွားခဲ့တဲ့ ရခိုင်၊ မိတ္ထီလာ နဲ့ ဥက္ကံ ပဋိပက္ခတွေမှာ ရဲတပ်ဖွဲ့လုပ်ရည်ကိုင်ရည် ညံ့ဖျင်းတဲ့အတွက် ပဋိပက္ခကျယ်ပြန့်လာပြီး မထိန်းနိုင်မသိမ်းနိုင် ဖြစ်ခဲ့ရတယ်လို့ ဝေဖန်ကြပါတယ်။ လက်ပံတောင်းတောင် ဆန္ဒပြပွဲကို ဖြိုခွဲဖို့ကြိုးပမ်းရာမှာ မီးစုန်းဖြူပါတဲ့ ဓါတ်ငွေ့ဗုံးသုံးတဲ့အတွက် သံဃာတွေပါ မီးလောင်ကုန်တဲ့ အဖြစ်ဆိုးဟာ ရဲတပ်ဖွဲ့ကို နာမည်ပျက်စေပြန်ပါတယ်။ ဒါကြောင့် သံဃာတွေကို ရဲတပ်ဖွဲ့က တောင်ပန်းတဲ့ ကန့်တော့ပွဲကြီးကျင်းပပြီး အဖက်ဆယ်ဖို့ ကြိုးစားတာတွေ့ရပါတယ်။
လူအင်အား၊ အထောက်အကူပစ္စည်း၊ တက်ကျွမ်းမှုနဲ့ နည်းပညာချို့တဲ့နေတယ်လို့ ရဲအဖွဲ့ဘက်က ဆင်ခြေပေးပါတယ်။ ရဲဝန်ထမ်း ကိုးသောင်းကျော်သာရှိတာမို့ နောက်ထပ်လေးသောင်းလောက် လိုတယ်လို့ ဆိုပါတယ်။ လူဦးရေတထောင်မှာ ရဲသား (၃) ယောက် ထိုင်းနိုင်ငံမှာရှိပြီး မလေးရှားမှာ (၄) ယောက်၊ စင်္ကာပူမှာ (၈) ယောက် ရှိပါတယ်။ မြန်မာပြည်မှာ လူဦးရေတထောင်မှာ ရဲသား (၁) ယောက်သာ ရှိပါတယ်။ မြန်မာ့ရဲတပ်ဖွဲ့ဟာ ဝါအရင့်ဆုံးတပ်ဖွဲ့ ဖြစ်ပါတယ်။ အင်္ဂလိပ်ကိုလိုနီခေတ်မှာ ရဲတပ်ဖွဲ့ကို ပုလိပ်အဖွဲ့လို့ခေါ်ပြီး ၁၈၆၁ မှာ တည်ထောင်တာဖြစ်လို့ နှစ်ပေါင်း (၁၅၀) ကျော် သက်တမ်းရှိတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။ နောက်တော့ စစ်ပုလိပ်၊ ရထားပုလိပ်တို့ကို တိုးချဲ့ဖွဲ့စည်းပြီး အာဏာစက်ထိရောက်အောင် ကြိုးပမ်းပါတယ်။
ကိုလိုနီခေတ်မြန်မာပြည်ရဲ့ ပထမဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၂၃ မှာ ပြဌာန်းတဲ့အခါ အဂတိလိုက်စားတဲ့ ပုလိပ်တွေကို အလုပ်ဖြုတ်ပစ်ပါတယ်။ ဒါပေမဲ့ မှုခင်းများလာလို့ မနိုင်မနင်းဖြစ်လာတဲ့အခါ ဖြုတ်ပစ်တဲ့ပုလိပ်ကို ပြန်ခန့်ရတဲ့အဖြစ်ကို ရောက်သွားပါတယ်။ ဒါကြောင့်မို့ ပုလိပ်အဖွဲ့ သန့်ရှင်းအောင်လုပ်တဲ့ ကိုလိုနီခေတ် စီမံချက်ဟာ မအောင်မြင်တာ ထင်ရှားပါတယ်။ ၁၉၂၀ လောက်ကစပြီး အလုပ်သမားရေးနဲ့ အမျိုးသားရေး အုံကြွမှုတွေကို ပုလိပ်နဲ့ စစ်တပ်ပူးပေါင်းပြီး နှိမ်နင်းလေ့ ရှိပါတယ်။ ဒီအထဲမှာ ဆရာစံလယ်သမားသူပုန်ဟာ အထင်ရှားဆုံး ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တာတွေကို ကိုင်တွယ်ဖို့အတွက် ပုလိပ်ထောက်လှမ်းရေးဌာနကို (၁၉) ရာစုနှောင်းပိုင်းမှာ ဖွဲ့စည်းပြီး နိုင်ငံရေးလုပ်သူကို စောင့်ကြည့်ပါတယ်။ လွတ်လပ်ရေးရတော့ ပုလိပ်အဖွဲ့ဟာ ရဲအဖွဲ့ ဖြစ်သွားပါတယ်။
ဝန်ကြီးချုပ်ဦးနု ခေါင်းဆောင်တဲ့ ပါလီမန်ဒီမိုကရေစီ အစိုးရခေတ် (၁၄) နှစ်မှာ တရားဥပဒေစိုးမိုးရေးနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ရဲအဖွဲ့နဲ့ UMP (ခေါ်) ပြည်ထောင်စုစစ်ရဲအဖွဲ့ကို အဓိက အသုံးပြုပါတယ်။ ဒါပေမဲ့ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ လက်နက်ကိုင် ပုန်ကန်မှုကို နှိမ်နှင်းတဲ့နေရာမှာ အရပ်သား ဒီမိုကရေစီအစိုးရဟာ စစ်တပ်ကို အားကိုရပါတယ်။ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ဟာ သီးခြားလွတ်လပ်စွာတည်ရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဟာ တရားစီရင်ရေးဌာနနဲ့ ပူးတွဲလုပ်ကိုင်ရတာမို့ အထိုက်အလျှောက် လွတ်လပ်စွာ လုပ်ကိုင်နေပုံရပါတယ်။ ၁၉၆၂ စစ်အာဏာသိမ်းချိန်ကစပြီး ရဲအဖွဲ့ဟာ စစ်တပ်လက်အောက်ခံ ဖြစ်သွားပြီး ပြည်သူ့ရဲတပ်ဖွဲ့အမည်နဲ့ ရပ်တည်ပါတယ်။ ရဲတပ်ဖွဲ့ မတတ်နိုင်တဲ့အလုပ်ကို စစ်တပ်က ဝင်လုပ်တဲ့ခေတ် ဖြစ်ပါတယ်။
မဆလခေတ် ပြည်သူ့ရဲတပ်ဖွဲ့ကို နာမည်ဖျက်သူဟာ လုံထိန်းတပ်ဖွဲ့ ဖြစ်ပါတယ်။ ကျောင်းသားနဲ့ ပြည်သူ့အုံကြွမှုတွေကို လုံထိန်းအဖွဲ့နဲ့ အရင်ဆုံး နှိမ်နှင်းလေ့ရှိပါတယ်။ လုံထိန်းမနိုင်တဲ့အခါမှာ စစ်တပ်ပါဝင်လာတာဖြစ်လို့ လုံထိန်းနဲ့ စစ်တပ်ဟာ အကြမ်းဖက်ပြီး ဖိနှိပ်ညှဉ်းပမ်းတဲ့ တပ်ဖွဲ့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့လို့ နာမည်ပြောင်းလိုက်ပြန်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရရဲ့ ဖိနှိပ်ရေးတပ်ဖွဲ့အဖြစ် အသုံးခံနေရပြီး အဂတိလိုက်စားမှုများလွန်းတာမို့ ပြည်သူ့ယုံကြည်လေးစားမှုမရတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ စစ်အစိုးရလက်ထက်မှာ ရဲတပ်ဖွဲ့နဲ့ တရားစီရင်ရေးဌာန ဝေစားမျှစားလုပ်ပြီး ကိုယ်ကျိုးစီးပွားအတွက် လုပ်ကိုင်ကြပုံတွေဟာ အထင်ရှားဆုံးသော အဂတိလိုက်စားမှုတွေ ဖြစ်လာပါတယ်။
၂၀၀၇ က မူးယစ်ဆေးမှောင်ခိုတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရားခံအတွက် ရှေ့နေရှာပေးပုံ၊ နောက်တော့ တရားခံရှေ့နေက တရားသူကြီး၊ အစိုးရရှေ့နေ နဲ့ ရဲတပ်ဖွဲ့အကြား ပွဲစားလုပ်ပေးပုံ စတာတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို အာရှလူ့အခွင့်အရေးဌာနက ၂၀၁၀ မှာ တင်ပြပါတယ်။ တရားဥပဒေ လုပ်ထုံးလုပ်နည်းကို လိုသလိုသုံးပြီး ရဲတပ်ဖွဲ့နဲ့ တရားရုံး စီးပွားရှာတဲ့ သာဓက ဖြစ်ပါတယ်။
ဦးသိန်းစိန်အစိုးရ တက်လာပြီးမှ ထုတ်ဝေတဲ့ ၂၀၁၁ ရဲတပ်ဖွဲ့ နှစ်ပတ်လည် မှတ်တမ်းမှာ ကျောသားရင်သားမခွဲခြားဘဲ ဥပဒေအတိုင်း တိကျမှန်ကန်စွာ ရပ်တည်မယ်လို့ ဆိုပါတယ်။ ဒီနှစ်လည်မှတ်တမ်းမှာပဲ 'ထူးခြားမူခင်း ဖော်ထုတ်မှုများ' ဆိုပြီး ၂၀၀၆ မှာ ဖြစ်ပွားခဲ့တဲ့ ရွှေပြည်သား သုံးလောင်းပြိုင် လူသတ်မှုကို ခရေစေ့တွင်းကျ အသေးစိတ်ဖော်ပြထားပါတယ်။ ဒါပေမဲ့ ၂၀၀၈ မှာ ဖြစ်ပွားတဲ့ တက္ကသိုလ်ရိပ်သာလမ်း၊ စိမ်းလဲ့ကန်သာ က ငါးလောင်းပြိုင် လူသတ်ဓပြတိုက်မှုကိုတော့ ထိန်ချန်ထားပါတယ်။ အသံတိတ်သေနတ်နဲ့ ပစ်ခတ်သွားလို့ ကျန်ရှိတဲ့ ကျည်ခွံတွေမှာ (ကပစ) တံဆိပ်ပါတယ်လို့ သိရပါတယ်။ စစ်မှုထမ်းပါဝင်တဲ့ မှုခင်းအများအပြား ရှိပေမယ့် ရဲတပ်ဖွဲ့ဟာ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသေးတာ တွေ့ရပါတယ်။ ဒါကြောင့် စစ်အစိုးရရဲ့ ဖိနှိပ်ရေးကိရိယာဘဝက ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်တဲ့ အဖွဲ့အစည်းအဖြစ် ဘယ်လိုအသွင်ပြောင်းမှာလဲဆိုတာ စောင့်ကြည့်ဖို့သာ ရှိပါတော့တယ်။