လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ပတ်ဝန်းကျင် ထိခိုက်လာမယ်ဆိုရင် ရင်းနှီးမြုပ်နံှမှုကို ရုတ်သိမ်းနိုင်ဖွယ်ရှိကြောင်း မြန်မာ့ရင်းနှီးမြုပ်နံှမှု ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက နယူးရောက်မြို့မှာ ပြုလုပ်တဲ့ တွေ့ဆုံဆွေးနွေးပွဲတခုမှာ စက်တင်ဘာလကုန်က ပြောသွားပါတယ်။ ဒီအတိုင်းသာဆိုရင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းရမလို ဖြစ်နေပါတယ်။ အကြောင်းကတော့ ခေတ်မီအတတ်ပညာနဲ့ ပစ္စည်းကိရိယာ ဘယ်လောက်ပဲသုံးသုံး ကြေးနီထုတ်ယူမှုဟာ အလွန်ရှုပ်ပွပြီး ညစ်ပတ်တဲ့လုပ်ငန်း ဖြစ်လို့ပါပဲ။
မုံရွာကြေးနီတောင်မှာ သုံးတဲ့နည်းဟာ သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ပျက်စီးစေပါတယ်။ မြေပေါ်ကတူးယူတဲ့ ကြေးနီအရိုင်းတုံးမှာရှိတဲ့ ကြေးနီအရည်ပျော်သွားလို့ရရှိတဲ့ ကြေးနီရည်ထဲကို လျှပ်စစ်ဓါတ်စီးဆင်းစေတဲ့အခါမှာ ရာခိုင်နှုန်းပြည့်ကြေးနီအစစ်ကို ရရှိပါတယ်။ ဒီလို ထုတ်ယူတဲ့နည်းမှာ အက်ဆစ်အဆိပ်အတောက်နဲ့ အညစ်အကြေးတွေ အများကြီးကျန်ရစ်ခဲ့ပြီး ပတ်ဝန်းကျင် မြစ်ချောင်းနဲ့ မြေဆီလွှာတွေကို အန္တရာယ်ပေးတာကြောင့် ဒေသခံတွေ ဒုက္ခရောက်ကြပါတယ်။
သတ္တုတွင်းလုပ်ငန်းကို အကြီးစားနဲ့ အသေးစားဆိုပြီး နှစ်ပိုင်းခွဲနိုင်ပါတယ်။ မုံရွာမြို့နယ်က ကြေးနီကုမ္မဏီတွေဟာ အကြီးစားမိုင်းလုပ်ငန်းဖြစ်ပြီး နိုင်ငံခြားအရင်းအနှီးနဲ့ လုပ်နေတာဖြစ်ပါတယ်။ ခေတ်မီအတတ်ပညာ ပစ္စည်းကိရိယာသုံးပြီး တန်ချိန်အမြောက်အများ ထုတ်လုပ်ပါတယ်။ သတ္တုတွင်းအကြီးစား (၅၀) လောက်ရှိပြီး အသေးစား (၁၀၀၀) ကျော်ရှိပါတယ်။ သတ္တုတွင်းဝန်ကြီးရဲ့ ခွင့်ပြုချက်နဲ့ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ အကြီးစားကုမ္မဏီကြီးတွေဟာ သူတို့လုပ်ငန်းအကြောင်း ထုတ်ဖော်ပြောဆိုတာမျိုး မလုပ်ဘဲ တိုးတိုးတတိတ်တိတ် လုပ်လေ့ရှိပါတယ်။ မိုင်းလုပ်ငန်း အသေးစားတွေကလည်း သတင်းထုတ်ပြန်တာမျိုး မရှိကြပါဘူး။ ဒါကြောင့် မိုင်းလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင် ဘယ်လိုထိခိုက်တယ်ဆိုတာကို မိုင်းလုပ်ငန်းမှာ ကိုယ်ကျိုးစီးပွားမရှိတဲ့ ကြားလူက ခန့်မှန်းရပါလိမ့်မယ်။
အိုင်ဗင်ဟိုကြေးနီမိုင်းမှာ အသုံးပြုတဲ့ အက်ဆစ်ရည်တွေ မြေအောက်ကို စိမ့်ဝင်သွားတဲ့အတွက် မိုင်းတဝိုက်မှာ သစ်ပင်မရှိတော့ပါဘူး။ ကြေးနီအရိုင်းကီလို တစ်ထောင်လောက်မှာ ကြေးနီအစစ် နှစ်ကီလိုသာ ရနိုင်တာမို့ နေရာအများအပြား တူးယူရပါတယ်။ ရေကောင်းရေသန့် ရဖို့အတွက် ဒေသခံတွေ အခက်အခဲ ဖြစ်ရပါတယ်။ မိုင်းလုပ်ငန်းဟာ ဒေသခံ လူ့အဖွဲ့အစည်းနဲ့ ပတ်ဝန်းကျင်ကို ဘယ်လို ထိခိုက်နိုင်တယ်ဆိုတာကို အရင်ဆုံး လေ့လာဆန်းစစ်တာဟာ ကမ္ဘာမှာ လုပ်ရိုးလုပ်စဉ် ဖြစ်ပေမယ့် မြန်မာပြည်မှာတော့ မိုင်းလုပ်ငန်းရှင်ဟာ ဒီလို ကြိုတင်လေ့လာဆန်းစစ်တာမျိုး လုပ်စရာမလိုပါဘူး။ ဒေသခံလူထုကို အသိပေးဖို့နဲ့ ပါဝင်လုပ်ကိုင်ခွင့်ပေးဖို့ ပြဋ္ဌာန်းတာကို စစ်အစိုးရရဲ့ ၁၉၉၄ မိုင်းဥပဒေမှာ မတွေ့ရပါဘူး။ စစ်အုပ်စုဟာ ငွေရဖို့သာ အာရုံစိုက်ပုံရပါတယ်။ ဒါပေမဲ့ မိုင်းလုပ်ငန်းဥပဒေ အခန်း (၂) မှာ ဖော်ပြပါတယ်။
စစ်အစိုးရရဲ့ ၁၉၉၄ မိုင်း ဥပဒေဟာ မိုင်းကုမ္မဏီကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေသာ ဖြစ်တယ် ဝေဖန်ကြပါတယ်။ ဒါကြောင့် မြန်မာအိုင်ဗင်ဟို ကြေးနီကုမ္မဏီဟာ လွတ်လပ်စွာ လုပ်ကိုင်နိုင်ပြီး လူထုနစ်နာဆုံးရှုံးတာကို တာဝန်ယူစရာ မလိုပါဘူး။ ကုမ္မဏီရဲ့ လုပ်ပုံကိုင်ပုံကို စောင့်ကြည့်တာမျိုးလည်း မရှိပါဘူး။ ကြေးနီထုတ်လုပ်ပြီးလို့ ကျန်ရှိတဲ့ အကြွင်းအကျန် အညစ်အကြေးက ဒုတ္ထာထုတ်ယူတာလည်း သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပါတယ်။ ဒေသခံ ဆင်းရဲသားတွေဟာ ကြေးနီအကြွင်းအကျန်ကို ကြိုချက်ပြီး ဒုတ္ထာထုတ်ယူကြပါတယ်။ ဒုတ္ထာဆိုတာ စိမ်းပြာပြာအရောင်ရှိတဲ့ ပစ္စည်းဖြစ်ပြီး အထည်ဆေးဆိုးရာမှာ ဆေးခိုင်အောင်သုံးတဲ့ပစ္စည်း ဖြစ်ပါတယ်။ ဆေးရောင်ဖော်စပ်ရာမှာလည်း ဒုတ္ထာကို သုံးပါတယ်။ ဒါပေမဲ့ ထုတ်လုပ်တဲ့နည်းဟာ ပြည်သူ့ကျန်းမာရေးကို အန္တရာယ် ဖြစ်စေပါတယ်။
ဦးသိန်းစိန်အစိုးရခေတ်မှာ ကန့်ကွက်ဆန္ဒပြတာကို ခွင့်ပြုတာကြောင့် ကြေးနီထုတ်ယူမှုကို လူသိများလာပါတယ်။ ကြေးနီစီမံကိန်းရဲ့ ပတ်ဝန်းကျင် အကျိုးသက်ရောက်မှုကို လေ့လာတာ တွေ့ရှိလာပါတယ်။ လေ့လာချက်အစီရင်ခံစာကို ၂၀၁၃ မတ်လမှာပြီးစီးလိမ့်မယ်လို့ မျှော်လင့်ရကြောင်း အောက်တိုဘာ (၂၈) ရက်ထုတ် Weekly Eleven သတင်းစာစောင်မှာ ဖော်ပြထားပါတယ်။ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နဲ့ တရုတ်ဝမ်ပေါင်ကုမ္မဏီတို့ဟာ ကြေးနီစီမံကိန်းကို မဖြစ်မနေ အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားပုံ ရပါတယ်။ ကြေးနီထုတ်ယူလို့ ပျက်စီးသွားတဲ့ ပတ်ဝန်းကျင်ကို ပြန်လည်ထိန်းသိမ်းဖို့ နှစ်စဉ်ဒေါ်လာ တသန်းကျော်သုံးသွားမယ်လို့ ဆိုပါတယ်။ မြေယာနစ်နာကြေးကို တိုးမြှင့်ပေးပြီး စီမံကိန်းကို ဆက်လက်အကောင်အထည် ဖော်မယ်လို့ သိရပါတယ်။
ကြေးနီထုတ်ယူတဲ့ တရုတ်ကုမ္မဏီတွေ ပြီးစလွယ်လုပ်တဲ့အတွက် တရုတ်ပြည်နဲ့ အာဖရိကမှာ ထိခိုက်ပျက်စီးတာတွေ အများအပြား ရှိပါတယ်။ လက်ပံတောင်းတောင်နဲ့ ချင်းတွင်းမြစ် ကာကွယ်ထိန်းသိမ်းရေး နှီနှောဖလှယ်ပွဲကို ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က စက်တင်ဘာလကုန်က ကျင်းပပြီး စီမံကိန်း ရပ်ဆိုင်းရေးအတွက် ကြိုးပမ်းနေပါတယ်။ ဒီကိစ္စဟာ လက်ရှိအစိုးရကို သိက္ခာတက်စေနိုင်သလို အယုံအကြည်လည်း ကင်းမဲ့စေနိုင်တာမို့ အထူးစောင့်ကြည့်ဖို့လိုအပ်ပါတယ်။