အနှစ် (၂၀) ကျော် အခြေခံဥပဒေမရှိဘဲ စစ်တပ်ကထင်သလို အုပ်ချုပ်ခဲ့တဲ့နိုင်ငံမှာ ဒီမိုကရေစီပြုပြင်ရေးလုပ်ဖို့ ကြိုးပမ်းနေတာကြောင့် တရားဥပဒေ စိုးမိုးနိုင်ဖို့ အလားအလာရှိရဲ့လားဆိုတာကို လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရှေ့နေအသင်း International Bar Association က လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ အကဲဖြတ်စာတမ်းတစောင် ထုတ်ဝေခဲ့ပါတယ်။ ဒီ စာတမ်းအကြောင်း ကျနော်တို့ တင်ပြပြီး ဖြစ်ပါတယ်။ မရှေးမနှောင်းမှာ အင်္ဂလိပ်-အမေရိကန် ဥပဒေလုပ်ငန်းတွေဖြစ်တဲ့ New Perimeter, Perseus Strategies (ပါးစူးစ်) နဲ့ ဂျေးကော့ဗ်ဗလပ်စ်တိန်း (Jacob Blaustein) က ဥပဒေပညာရှင်တစု မြန်မာပြည်ကို သွားကြပါတယ်။ နောက်တော့ သူူတို့ရဲ့ လေ့လာအဲဖြတ်ချက်တွေကို လွန်ခဲ့တဲ့ မတ်လက ထုတ်ပြန်ပါတယ်။
နေပြည်တော်အစိုးရဟာ နယ်ပယ်အတော်များများမှာ ပြုပြင်ရေးလုပ်ဖို့ စတင်ကြိုးပမ်းတာကြောင့် မျှော်လင့်ချက်အမျိုးမျိုး ထွက်ပေါ်နေပါတယ်။ စစ်တပ်၊ လုံခြုံရေးတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ အကျဉ်းဌာန စတာတွေကိုပြုပြင်ဖို့ တရားဥပဒေ စိုးမိုးရေးမှာ အရေးကြီးပေမယ့် လေ့လာချက်မှာ အကြုံးမဝင်ဘူးလို့ ဆိုပါတယ်။ လေ့လာရမှာတွေများတာမို့ မူဝါဒလမ်းစဉ်လောက်ကိုပဲ ဆန်းစစ်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
သမ္မတဦးသိန်းစိန်နဲ့အဖွဲ့ဟာ ပြုပြင်ရေးလုပ်ငန်းတွေကို တကယ်လုပ်နေတာ ဖြစ်ပေမယ့် အစိုးရအဖွဲ့အစည်းအများအပြားဟာ အခြေခိုင်သေးတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ စစ်တပ်အခန်းကဏ္ဍဟာ မသဲကွဲသေးဘဲ ဖြစ်နေပါတယ်။ ဦးသိန်းစိန်တို့အဖွဲ့ရဲ့ ရည်ရွယ်ချက်ဟာ ချီးမွမ်းစရာ ဖြစ်ပေမယ့် လုပ်နေတာတွေဟာ မြန်းလွန်း၊ များလွန်းပါတယ်။ ဥပမာ ပြည်ထောင်စုရှေ့နေချုပ်ရုံးဟာ ဥပဒေ (၄၀၀) ကျော်ကို ပြင်ဆင်ရေးဆွဲ ပြုပြင်နေတာ တွေ့ရပါတယ်။ ဥပမာဆိုင်ရာ ပြုပြင်ရေးကို အထက်က စလုပ်နေတာဖြစ်လို့ အစိုးရဗျူရိုကရေစီ ယန္တရားနဲ့ အောက်ခြေအထိရောက်သွားအောင် ကြိုးပမ်းဖို့ လိုနေပါတယ်။ ဒါပေမဲ့ ဥပဒေကို ဂရုမစိုက်တာကြာပြီဖြစ်လို့ အစိုးရဌာန၊ အရပ်သားအဖွဲ့အစည်းနဲ့ အတိုက်အခံတွေထဲမှာ ဥပဒေနားလည်သူ အလွန်ရှားပါးနေပါတယ်။ ဒါကြောင့် ဘာကိုဦးစားပေးရမှန်း မသိဖြစ်နေကြပါတယ်။
ပြည်သူလူထုရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး နားလည်းသဘောပေါက်လာအောင် ပညာပေးဖို့လိုပါတယ်။ လောလောဆယ်မှာ ဥပဒေဆိုင်ရာ ပြုပြင်ရေးရဲ့ အကျိုးသက်ရောက်မှုကို ပြည်သူလူထုမခံစားရသေးပါဘူး။ ဒါကြောင့် ပြုပြင်ရေးရဲ့ အကျိုးအာနိသင်ကို ပြည်သူပြည်သားတွေ အမြန်ဆုံးခံစားနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ ဥပဒေကို လိုသလိုဆွဲသုံးပြီး ဖိနှိပ်တဲ့အစဉ်အလာကြောင့် မြန်မာပြည်သားတွေဟာ ဥပဒေနဲ့ မယဉ်ပါးကြပါဘူး။ ဒါကြောင့် ဥပဒေဟာ တိုင်းသူပြည်သားကို အကာအကွယ်ပေးတာဖြစ်ပြီး အန္တရာယ်ပေးတာ မဟုတ်ကြောင်း သက်သေပြဖို့ လိုအပ်နေပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ဥပဒေပြုပြင်ရေးအကြောင်း အကြီးအကျယ် ပြောဆိုနေပေမယ့် တရားဥပဒေစိုးမိုးနိုင်အောင် လိုအပ်နေတဲ့ အခြေခံအချက်အလက်တွေကိုတော့ နားမလည်ကြတာ တွေ့ရပါတယ်။
ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတို့ကို ခွဲခြားထားဖို့ လိုအပ်ပါတယ်။ မြန်မာ့တရားစီရင်ရေးစနစ်ကို အကြီးအကျယ် ပြောင်းလဲရပါလိမ့်မယ်။ တရားစီရင်ရေးမှာ အဂတိလိုက်စားတာနဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေက ဝင်ရောက်စွက်ဖက်နေတာဟာ တရားဥပဒေစိုးမိုးရေးကို အဟန့်အတား ဖြစ်စေပါတယ်။ တရားဌာန၊ ဥပဒေပြုဌာနနဲ့ အုပ်ချုပ်ဌာနရဲ့ လုပ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဝိုးတိုးဝါးတား ဖြစ်နေတာကို ၂၀၁၂ က ဖြစ်ပွားတဲ့ လွှတ်တော်နဲ့ ခုံရုံးအငြင်းပွားမှုက သက်သေပြနေပါတယ်။ ဥပဒေပြုပြင်ရေးမှာ လွှတ်တော်ဟာ အရေးကြီးတဲ့အခန်းက ပါဝင်ရမှာဖြစ်ပေမယ့် လုပ်နိုင်စွမ်းရှိအောင် အများကြီးရင်းနှီးဖို့ လိုပါတယ်။ လွှတ်တော်မှာ ကော်မတီအနည်းငယ်နဲ့ အမှုထမ်းအနည်းငယ်သာ ရှိပါတယ်။ ကိုယ်စားလှယ်အများစုမှာ အထောက်အကူပေးမယ့် အမှုထမ်းမရှိကြတဲ့အတွက် ဥပဒေပြုလုပ်ငန်းမှာ ထိထိရောက်ရောက်ပါဝင်ဖို့ ခက်ခဲနေကြပါတယ်။
၂၀၀၈ အခြေခံဥပဒေကို မပြင်နိုင်ရင် ပြုပြင်ရေးမှာ ရေရှည်မခံနိုင်ဘူးလို့ တွေ့ဆုံမေးမြန်းခံရသူတိုင်းက ပြောပါတယ်တဲ့။ အခြေခံဥပဒေပြုပြင်ရေးမှာ အစိုးရနဲ့ အတိုက်အခံအငြင်းပွားနေရပါတယ်။ လွှတ်တော်သက်တမ်းကုန်ဆုံးမယ့် (၂၀၁၅) မတိုင်မီ အခြေခံဥပဒေ ပြဿနာဖြေရှင်းနိုင်မယ့် အလားအလာ မရှိဘူးလို့ဆိုပါတယ်။ စစ်တပ်ကိုယ်စားလှယ်အချို့က မထောက်ခံရင် အခြေခံဥပဒေပြင်ဆင်လို့ မရတာဟာလည်း အခက်အခဲဖြစ်ပါတယ်။ အခုလုပ်နေတဲ့ ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကို အများကထောက်ခံကြပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်နိုင်ရင် အခုလုပ်နေတဲ့ ပြုပြင်ရေးဟာ တည်မြဲမှာ မဟုတ်ဘူးလို့ အများက ယုံကြည်နေကြပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒမှော မသဲမကွဲ ဝိုးတိုးဝါး ဖြစ်နေတာတွေ ရှိပါတယ်။ ဖယ်ဒရယ်စနစ် တည်ထောင်တဲ့ အခြေခံဥပဒေလို့ အစိုးရကပြောပေမယ့် ဗဟိုအစိုးရအာဏာစက် ကြီးမားနေပါတယ်။ ပြည်နယ်တိုင်းဒေသကြီးက အစိုးရနဲ့ လွှတ်တော်တွေနဲ့ နေပြည်တော်က အစိုးရနဲ့ လွှတ်တော်တွေ ဘယ်လိုစခန်းသွားမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတာ မဟုတ်ပါဘူး။ လူနည်းစု အခွင့်အရေးကာကွယ်ဖို့ ဥပဒေ ပြဌာန်းထားပေမယ့် တိုင်းရင်းသားအခွင့်အရေးကို အခြေခံဥပဒေက ဘယ်လိုကာကွယ်မယ်ဆိုတာ မရှင်းမလင်းဖြစ်နေကြောင်း အင်္ဂလိပ်-အမေရိကန် ဥပဒေပညာရှင်အဖွဲ့က သုံးသပ်ထားပါတယ်။