အမေရိကန် အကူအညီလိုချင်တဲ့အတွက် မြန်မာ့ပြုပြင်ရေးအကြောင်း ရှင်းပြရတာဟာ ဦးသိန်းစိန်အစိုးရရဲ့ တာဝန်ဝတ္တရားတခုလို ဖြစ်နေပါတယ်။ ပြုပြင်ရေးမန္တန်ကို ရွတ်ဆိုလိုက်ရင် မြန်မာပြည်မှာ ရင်းနှီးမြုပ်နံှလာလိမ့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးကလည်း မျှော်လင့်တာမို့ အမေရိကန်ကုမ္ပဏီတွေ အမြန်ဆုံးလာရောက် ရင်းနှီးမြုပ်နံှကြဖို့ စက်တင်ဘာ (၂၄) ရက်ကေ နယူးရောက်မှာ ပြောသွားပါတယ်။ မြန်မာပြည်မှာ ရင်းနှီးဖို့ အမေရိကန်ကုမ္ပဏီတွေ တုံ့ဆိုင်းနေတာကို အားမလိုအားမရ ဖြစ်နေပုံရပါတယ်။ မြန်မာပြည်ဟာ တရုတ်ရဲ့ စီးပွားရေးမှာ အရေးပါသလို အမေရိကန်စီးပွားရေးအတွက် အရေးပါတာ မဟုတ်ပါဘူး။
အာရှရေးရာမှာ ပေါ့လျော့နေတဲ့ အမေရိကန်လမ်းစဉ်ကို ဟန်ချက်ညီအောင် ပြန်လည်ချင့်ချိန်တဲ့ မူဝါဒအရ မြန်မာအစိုးရနဲ့ ပြန်လည်ဆက်ဆံလာတာ ဖြစ်ပါတယ်။ အရင်အစိုးရအဆက်ဆက်က ဒဏ်ခတ်အရေးယူခဲ့တဲ့ ဗမာအစိုးရကို လက်တွဲခေါ်ယူနိုင်တာဟာ အိုဘားမားအစိုးရရဲ့ အာရှရေးရာလမ်းစဉ်မှာ ထင်ရှားတဲ့အောင်မြင်မှုတခုလို့ ယူဆကြပါတယ်။ ဗမာအစိုးရကတော့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ လက်ထက်ကရန်သူလို့ သတ်မှတ်ခဲ့တဲ့ အမေရိကန်ဆီက အကူအညီလိုချင်လို့ ပြန်လည်မိတ်ဖွဲ့ရပါတယ်။ အမေရိကန်အစိုးရဟာ မြန်မာနဲ့ ဆက်ဆံရာမှာ မူဝါဒသဘောတရားကိုသာ ဦးစားပေးပါတယ်။
နှစ်ပေါင်းများစွာ စစ်အစိုးရကြီးစိုးစဉ်က ယိုယွင်းပျက်စီးသွားတဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ပြန်လည်တည်ဆောက်ဖို့သာ အမေရိကန်အစိုးရက စိတ်ဝင်စားပုံ ရပါတယ်။ သိသာမြင်သာတဲ့ တာဝန်သိအစိုးရအဖွဲ့အစည်း ပေါ်ပေါက်ရေး၊ အရပ်သားအဖွဲ့အစည်း ရှင်သန်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မြှင့်တင်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး စတာတွေမှာ ၂၀၁၃ နဲ့ ၂၀၁၄ အတွက် ဒေါ်လာသန်း (၁၇၀) ကူညီဖို့ အမေရိကန်က ကတိပေးထားပါတယ်။ ကမ္ဘာ့စီးပွားရေးရေစီးကြောင်းမှာ ပြန်လည်ဝင်ဆံ့နိုင်ဖို့အတွက် အမေရိကန်က ကူညီထောက်ပံ့နေတာ (၂) နှစ် ရှိနေပါပြီ။ ဒဏ်ခတ်အရေးယူမှုအချို့ ရုတ်သိမ်းလိုက်လို့ အစိုးရစည်းကမ်း သတ်မှတ်တဲ့အတိုင်း အမေရိကန်ကုမ္မဏီတွေ မြန်မာပြည်မှာ ရင်းနှီးမြုပ်နံှဖို့ အခွင့်အလမ်း ပွင့်သွားပါတယ်။
ဒါပေမဲ့ အမေရိကန်ကုမ္ပဏီတွေဟာ အာရှကုမ္ပဏီတွေလို မြန်မာပြည်မှာ စိတ်ရှိလက်ရှိ လုပ်ကိုင်နိုင်ကြတာ မဟုတ်ပါဘူး။ မြန်မာ့ရေနံဓါတ်ငွေ့လုပ်ငန်းနဲ့ ပတ်သက်သူနဲ့ ဒေါ်လာ (၅) သိန်းကျော် ရင်းနှီးသူဟာ တာဝန်သိရင်းနှီးမြုပ်နံှမှု အစီရင်ခံစာ အမေရိကန်အစိုးရကို တင်ပြရမယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရဌာနကို ဒေါ်လာတသောင်းကျော် ပေးရရင်လည်း အသေးစိတ်ဖော်ပြရမယ်လို့ ဆိုပါတယ်။ အစီရင်ခံစာရေးဖို့ ညွှန်ကြားချက် (၆) မျက်နှာ ထုတ်ထားပါတယ်။ လူ့အခွင့်အရေး ချိုဖျက်မှုရှိလို့ မြန်မာပြည်မှာ ရင်းနှီးမြုပ်နံှမှုမလုပ်ဖို့ ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ အခုလို ရင်းနှီးမြုပ်နံှခွင့်ပြုတော့လည်း လူ့အခွင့်အရေး ချိုးဖျက်မှုနဲ့ လာဘ်စားမှုတွေ ရှိနေတုန်းမို့ လူ့အဖွဲ့အစည်းကို မထိခိုက်ရအောင် အမေရိကန်ကုမ္မဏီတွေကို တာဝန်သိရင်းနှီးမြုပ်နံှမှု အစီရင်ခံစာ ရေးခိုင်တာဖြစ်ပါတယ်။
အမေရိကန်ကုမ္ပဏီတွေကို ခြေချုပ်မိသလို ဖြစ်စေတဲ့ဥပဒေကို ၁၉၇၇ မှာ ကွန်ဂရက်လွှတ်တော်က ပြဌာန်းထားပါတယ်။ The Foreign Corrupt Practices Act နိုင်ငံခြားအဂတိလိုက်စားမှုဥပဒေ ဖြစ်ပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ အမေရိကန်ကုမ္ပဏီ (၄၀၀) ကျော်က နိုင်ငံခြားအစိုးရအရာထမ်းတွေကို ဒေါ်လာသန်း (၃၀၀) ကျော် လာဘ်ထိုးခဲ့တဲ့တာကြောင့် ၁၉၇၇ သမ္မတ ကားတား လက်ထက်မှာ ဥပဒေပြဌာန်းပြီး ဟန့်တားရတာ ဖြစ်ပါတယ်။ နိုင်ငံခြားအဂတိလိုက်စားမှု ဥပဒေကို မချိုးဖောက်မိအောင် ကုမ္ပဏီတိုင်း အထူးသတိထားကြရပါတယ်။ မက်ဆီကိုနိုင်ငံမှာ လုပ်ငန်းတိုးချဲ့ဖို့အတွက် Walmart ကုမ္ပဏီက အစိုးရအရာထမ်းတွေကို ၂၀၀၅ မှာ လာဘ်ထိုးတဲ့အမှုဟာ အမေရိကန်မှာ လူသိများပါတယ်။ သတင်းလွတ်လပ်မှုရှိတဲ့တိုင်းပြည်မှာ အဂတိလိုက်စားမှုကို ထုတ်ဖော်နိုင်ကြတာများပါတယ်။
နေပြည်တော်ကို တည်ဆောက်တဲ့ အခွင့်ထူးခံခရိုနီတွေကို အမေရိကန်အစိုးရက အရေးယူထားဆဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အမေရိကန်ရင်းနှီးမြုပ်နံှမှုဟာ စစ်အုပ်စုရဲ့ အခွင့်ထူးခံစနစ်ကို အားပေးသလို မဖြစ်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ စီးပွားရေးအခြေခံ အဆောက်အအုံညံ့ဖျင်းမှု၊ ဘဏ္ဍာရေးဆိုင်ရာ ဥပဒေခေတ်နောက်ကျမှု၊ အိမ်ခြံမြေ အဆမတန်ဈေးကြီးမှု စတာတွေ ရှိလာတာကြောင့် အမေရိကန်ကုမ္ပဏီတွေဟာ မြန်မာပြည်မှာ ရင်းနှီးမြုပ်နံှဖို့ တုံ့ဆိုင်းနေကြတာ ဖြစ်ပါတယ်။
မြန်မာပြည်မှာ အမေရိကန်ကုမ္ပဏီ ကျူးလွန်တဲ့အမှုကို အမေရိကန်မှာ တရားစွဲနိုင်တာဟာလည်း သတိထားကြတဲ့ အချက်တခု ဖြစ်နိုင်ပါတယ်။ တနင်္သာရီတိုင်း ရတနာဓါတ်ငွေ့ စီမံကိန်းမှာ ပါဝင်ခဲ့တဲ့ ယူနီကယ်ကုမ္ပဏီကို လူ့အခွင့်အရေးချိုးဖျက်မှုနဲ့ အမေရကန်မှာ တရားစွဲတဲ့အတွက် လျော်ကြေးဒေါ်လာသန်းချီပြီး ပေးလိုက်ရပါတယ်။ ယူနီကယ်ကုမ္ပဏီကို ၁၉၉၆ မှာ တရားစွဲပြီး ၂၀၀၅ မှာ အမှုပြီးဆုံးပါတယ်။ ဒေသခံ (၁၆) ဦးကိုယ်စား အမေရိကန်ရှေ့နေတွေက တရားစွဲတာ ဖြစ်ပါတယ်။ ၂၀၀၅ မှာ ယူနီကယ် ပိုင်တဲ့ အစုရှယ်ယာကို ရှဲဗရွန် Chevron ကုမ္ပဏီက ဝယ်ယူလိုက်ပါတယ်။ လူ့အခွင့်အရေးချိုးဖျက်မှုမှာ ပါဝင်ပတ်သက်လို့ လျော်ကြေးပေးရတာဟာ အမေရိကန်ကုမ္ပဏီအတွက် သင်ခန်းစာကောင်းတခု ဖြစ်ပါတယ်။