နိုင်ငံခြားအကူအညီ ရယူရာမှာ ပြဿနာဖြစ်နိုင်တာကို ဆန်းစစ်တဲ့ စာတမ်းတစောင် လွန်ခဲ့တဲ့ မတ်လက ထွက်လာပါတယ်။ ဝါရှင်တန်အခြေစိုက် Brooking Institution က ပညာရှင်တွေဖြစ်တဲ့ Lex Rieffel နဲ့ James Fox တို့ ရေးထားတဲ့ Too Much Too Soon ဆိုတဲ့ လေ့လာချက်ဖြစ်ပါတယ်။ အစိုးရသက်တမ်း (၂) နှစ်အတွင်းမှာ နိုင်ငံခြားအဖွဲ့အစည်း တရာကျော် နေပြည်တော်ကိုသွားပြီး ဆွေးနွေးကြပါတယ်။
အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေဟာ မြန်မာပြည်မှာ လုပ်ငန်းတိုးချဲ့လိုပါတယ်။ ကမ္ဘာဘဏ် အမှုထမ်းထဲမှာ (၈၀) ရာခိုင်နှုန်းဟာ မြန်မာပြည်မှာ အမှုထမ်းချင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ နိုင်ငံခြားအကူအညီရတိုင်း ကောင်းတယ်လို့ မပြောနိုင်ပါဘူး။ ကမ္ဘောဒီယားနဲ့ နီပေါလ်မှာ နိုင်ငံခြား အကူအညီအများအပြား အလျင်အမြန် ဝင်ရောက်လာလို့ အလေ့အလွင် ပြုန်းတီးပျက်စီးမှုတွေ မြန်မာပြည်မှာလည်း ဖြစ်နိုင်တာမို့ မတိုးတက်ဘဲ ဆုတ်ယုတ်သွားနိုင်ပါတယ်။ ဒါကြောင့် ထုတ်ပြန်ကြေညာထားတဲ့ နိုင်ငံခြားအကူအညီ ထိရောက်ရေးဆိုင်ရာ မူဝါဒတွေကို သက်ဆိုင်သူအားလုံး သိသင့်ပါတယ်။ ဒါပေမဲ့ မြန်မြန်ကူညီတာနဲ့ တဖြည်းဖြည်းကူညီတာ ဘယ်ဟာပိုကောင်းသလားဆိုတာမှာ အငြင်းပွားနေဆဲ ဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ မြန်ဆန်တဲ့ အပြုအမှုကို ပြည်တွင်းပြည်ပမှာ အံ့သြကြရပါတယ်။ ငြိမ်းချမ်းရေးရရှိရေး၊ ကောင်းမွန်တဲ့ နိုင်ငံရေးစနစ် တည်ဆောက်ရေး၊ မက်ခရို စီးပွားရေးလမ်းစဉ်မှန်ကန်ရေး၊ ပုဂ္ဂလိက ငွေရင်းမှန်ကန်စွာ အသုံးပြုရေး၊ သယံဇာတလမ်းစဉ် မှန်ကန်ရေး၊ မြေယာသိမ်းယူမှု ပြဿနာဖြေရှင်းရေး၊ လယ်ယာကဏ္ဍ တိုးတက်ရေး၊ ပညာရည်တိုးမြှင့်ရေး စတဲ့ စိန်ခေါ်မှုကြီးတွေကို အစိုးရရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ အစိုးရသစ်တက်လာတဲ့အခါမှာ အရင် အစိုးရဟောင်းလုပ်ခဲ့တာကို တာဝန်မယူတာမျိုး ရှိနိုင်တာကြောင့် ပုဂ္ဂလိကနဲ့ အရပ်သားအဖွဲ့အစည်းတွေပါ စီမံကိန်းမှာ ပါဝင်ဖို့ဆိုတဲ့မူကို လက်ခံလာကြပါတယ်။
မြန်မာအစိုးရအရာထမ်းတွေဟာ နိုင်ငံခြားကိုယ်စားလှယ်တွေနဲ့ အစည်းအဝေးထိုင်ရလွန်းလို့ ကိုယ့်အလုပ်ကိုယ်လုပ်ဖို့တောင် အချိန်မရကြဘူးလို့ ဆိုပါတယ်။ နှစ်ပေါင်းများစွာ အပယ်ခံဘဝမှာ နေခဲ့ရတာမို့ နိုင်ငံခြားသားကို ဧည်မခံနိုင်ကြောင်းပြောရမှာ သိပ်အားနားနေပုံရပါတယ်။ ဒါကြောင့် နေပြည်တော်ဟာ နိုင်ငံခြားဧည့်သည်တွေနဲ့ အချိန်ကုန်တာများတယ်လို့ ဆိုပါတယ်။ မလွှဲရှောင်သာလို့ ဧည့်ထောက်ခံနေရတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းရမှန်း မသိသေးပါဘူး။ ပြဿနာဖြစ်တဲ့နေရာကို ငွေထုပ်ချပေးတဲ့ အလှူရှင်ရဲ့ လုပ်ရပ်ဟာ အနာတခြား ဆေးတခြား ဖြစ်စေပါတယ်။ ရှိပြီးသား NGO ထဲက လူကိုပဲ ထပ်သုံးမှု၊ ကျွမ်းကျင်သူအမှုထမ်းကို လခအများကြီးပေးပြီး ဆွဲဆောင်မှု စတာတွေဟာ ရှုပ်ထွေးစေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒေသခံလူ့အဖွဲ့အစည်းရဲ့ အစဉ်အလာဓလေ့ကို နားမလည်တာဟာ အားနည်းချက် ဖြစ်ပါတယ်။
လူမျိုးကွဲပြားမှုဟာလည်း နိုင်ငံခြားအလှူရှင်တွေ ရင်ဆိုင်နေရတဲ့ ပြဿနာတခု ဖြစ်ပါတယ်။ သာတူညီမျှဆက်ဆံကြောင်း တိုင်းရင်းသားတွေ ယုံကြည်လာအောင်လုပ်ပြီး ကူညီထောက်ပံ့ရတာဟာ လက်ဝင်တဲ့ကိစ္စ ဖြစ်ပါတယ်။ လူများစုဖြစ်တဲ့ ဗမာအဖွဲ့အစည်းကို ထောက်ပံ့ရတာ နိုင်ငံခြားအလှူရှင်အတွက် ပိုပြီးလွယ်ကူသလို ဖြစ်နေပါတယ်။ အလုပ်ရုံဆွေးနွေးပွဲ၊ နှီးနှောဖလှယ်ပွဲနဲ့ ညီလာခံအများအပြား ကျင်းပတာဟာ ဆရာများသားသေ ဖြစ်နိုင်တယ်ဆိုတာကို နားလည်တဲ့ အလှူရှင်တွေလည်း ရှိပါတယ်။ ဒီလို စည်းဝေးပွဲမျိုးကို ကန်ထရိုက်ယူပြီး ကျင်းပတာဟာ စင်္ကာပူမှာ ခေတ်စားတဲ့ စီးပွားရေးလုပ်ငန်းတခု ဖြစ်ပါတယ်။ နိုင်ငံခြားမှာ ပညာသင်နိုင်အောင် ထောက်ပံ့တာနဲ့ နိုင်ငံခြားရောက် မြန်မာတွေ ပြန်လာပြီး အလုပ်လုပ်နိုင်အောင် စီစဉ်တာဟာ နိုင်ငံခြားအလှူရှင်အတွက် စိတ်အချရဆုံး စီမံချက်ဖြစ်ပါတယ်။
အစိုးရရဲ့ ပြပြင်ရေးစီမံကိန်းမှုကြမ်းကို လွန်ခဲ့တဲ့ ဒီဇင်ဘာလကမှ နိုင်ငံခြားအလှူရှင်တွေ မြင်တွေ့ရတာကြောင့် အဲဒီမတိုင်မီကဆိုရင် အစိုးရအစီအစဉ်ကို သိဖို့မလွယ်ပါဘူး။ ဒါကြောင့် အချိန်တိုလေးမှာ အပြန်အလှန် ယုံကြည်ဖို့နဲ့ တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်နိုင်ဖို့ဟာ ခက်ခဲပါတယ်။ ဥပမာ အစိုးရစီမံကိန်းမှာ ဦးစားမပေးတဲ့ နို့ထွက်ပစ္စည်းလုပ်ငန်းမှာ နယူးဇီလန်ရဲ့ အရင်းအနှီး (၈၅) ရာခိုင်နှုန်း မြုပ်နံှဖို့ စီစဉ်တာဟာ လွဲချော်မှုတခု ဖြစ်ပါတယ်။ အလှူရှင်အချင်းချင်း ပြိုင်ဆိုင်မှုနဲ့ ဗမာအစိုးရက အလှူငွေများများ ရလိုမှုကြောင့် သိသာမြင်သာပွင့်လင်းမှု ကင်းမဲ့နေမျိုးဟာလည်း အားနည်းချက်ဖြစ်ပါတယ်။ လက်တွေ့အခွင့်အလမ်းနဲ့ လိုအပ်ချက်ကို ဦးစားမပေးဘဲ အလှူရှင်ရဲ့ ရည်ရွယ်ချက်နဲ့ ငွေရဖို့ကိုသာ အဓိကထားတဲ့ သာဓကတွေပဲ ဖြစ်ပါတယ်။
အနောက်တိုင်းအလှူရှင်က ဒေသခံတွေ အကျိုးရှိရေးကို အဓိကထားပြီး အာရှအလှူရှင်ကတော့ နှစ်ဦးနှစ်ဘက် အကျိုးရှိရေးကို အဓိကထားပါတယ်။ အာရှအလှူရှင်ရဲ့ လုပ်နည်းကိုင်နည်းဟာ မြန်မာ့အခြေအနေနဲ့ပိုပြီး လိုက်ဖက်တယ်လို့ ပြောနိုင်ပါတယ်။ မြန်မာပြည်က စီမံကိန်းအကောင်အထည် မပေါ်မှာကို အလှူရှင်တွေက စိုးရိမ်နေပုံရပါတယ်။ ဒါကြောင့် အစိုးရရဲ့ ဦးတည်ချက်ကို အကောင်အထည်ဖော်ရာမှာ နိုင်ငံခြားအလှူရှင်တွေ ဘယ်လိုစခန်းသွားကြမလဲဆိုတာ စောင့်ကြည့်ဖို့သာ ရှိပါတယ်။