သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“အဟန့်အတားတွေကြုံရပေမယ့် တိုးတက်မှုရှိ” မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် 


ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်နဲ့မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn မြန်မာ့နိုင်ငံ လူသားချင်းစာနာမှုအကူအညီပေးရေး ဆွေးနွေးစဉ်။ (မေ ၆၊၂၀၂၂)
ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်နဲ့မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn မြန်မာ့နိုင်ငံ လူသားချင်းစာနာမှုအကူအညီပေးရေး ဆွေးနွေးစဉ်။ (မေ ၆၊၂၀၂၂)

[[Zawgyi/Unicode]]

မြန်မာနိုင်ငံတွင်း လူသားချင်းစာနာကူညီမှုအကူအညီပေးရေး အာဆီယံဒေသညှိနှိုင်းဆွေးနွေးပွဲကို ဒီကနေ့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ကျင်းပရာမှာ အကူအညီပေးရေးကိစ္စ အဟန့်အတားတွေအများကြီးကြုံနေရပေမယ့် တိုးတက်မှုတော့ရခဲ့ပါတယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်လည်းဖြစ်သူ Prak Sokhonn က ပြောပါတယ်။
အလှူရှင်နိုင်ငံတွေ၊ အဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံကြားမှာ အကူအညီပေးရေး သတ်မှတ်ချက်တွေဟာ တဘက်နဲ့တဘက် ကွဲလွဲမှုတွေရှိနေတယ်လို့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ အာဆီယံအထူးကိုယ်စားလှယ်က ပြောတာပါ။

အလှူရှင်တချို့က အကူအညီပေးရာမှာ အိမ်ရှင်မြန်မာနိုင်ငံနဲ့ ညှိနှိုင်းတိုင်ပင်ဖို့ တွန့်ဆုတ်မှုရှိတာကို သူက ထောက်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြည်တွင်းပို့မယ့် လူသားချင်းစာနာမှုအကူအညီအပေါ် အခွန်သက်သာခွင့်ပေးဖို့ မြန်မာဘက်က လိုက်လျောခဲ့တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံတွင်း လူသားချင်းစာနာကူညီမှုအထောက်အပံ့တွေကို နယ်မြေ ၆ ခုကို ပေးဖို့ ကနဦးလျာထားပြီး အဲဒီထဲက နယ်မြေနှစ်ခုကတော့ ဦးစားပေးအဆင့်သတ်မှတ်ထားတယ်လို့ အာဆီယံကိုယ်စားလှယ်က သတင်းထောက်တွေကို ပြောတယ်လို့ Phnom Penh Post သတင်းစာက ရေးပါတယ်။ ဘယ်နေရာတွေလဲဆိုတာ အသေးစိတ်ကိုတော့ မပြောပါဘူး။

ဒီအစည်းအဝေးကို မြန်မာစစ်ကောင်စီဘက်က ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တက်ရောက်ခဲ့ပါတယ်။ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ ဒီအစည်းအဝေးနဲ့ပတ်သက်လို့ အာဆီယံအထူးကိုယ်စားလှယ်ဘက်က သူတို့ကို ညှိနှိုင်းတိုင်ပင်တာမျိုးမရှိပေမယ့် ကုလသမဂ္ဂအေဂျင်စီတချို့က သူတို့ကို တွေ့ဆုံအသိပေးတာမျိုးရှိတယ်လို့ VOA ကို ပြောပါတယ်။ အစည်းအဝေးကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နဲ့ အာဆီယံအတွင်းရေးမှူးချုပ် Dato Lim Jock Hoi တို့က ဦးဆောင် ကမကထလုပ်ကျင်းပတာဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အရာရှိတွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ အွန်လိုင်းကရော၊ လူကိုယ်တိုင်ပါ တက်ရောက်ကြပါတယ်။

မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စဟာ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ချက်ပါ အချက်တချက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Noeleen Heyzer ကတော့ မြန်မာနိုင်ငံအတွင်း စာနာထောက် ထားမှု အကူအညီပေးရေး ပါဝင်ဆောင်ရွက်နေသူအားလုံး လုံခြုံစိတ်ချပြီး အဟန့်အတားမရှိ ဆောင်ရွက်နိုင်ဖို့ အရေးကြီးတဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]






================

XS
SM
MD
LG