သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံကို NUG နဲ့ ဆက်ဆံဖို့ မလေးရှားအကြံပြုချက် စစ်ကောင်စီကန့်ကွက်


CORRECTION Cambodia ASEAN
CORRECTION Cambodia ASEAN

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အလွတ်သဘော ထိတွေ့ဆက်ဆံမှုမျိုး လုပ်ဆောင်သွားဖို့ အာဆီယံကို အဆိုပြုမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောတာကို ကိုးကားပြီး ကွာလာလမ်ပူ အခြေစိုက် မလေးမေးလ်သတင်းစာမှာ ဖော်ပြချက်ကို မြန်မာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကန့်ကွက်လိုက်ပါတယ်။

Zawgyi/Unicode

အာဆီယံကို NUG နဲ့ ဆက်ဆံဖို့ မလေးရှားအကြံပြုချက် စစ်ကောင်စီကန့်ကွက်

အာဏာမသိမ်းမီက လူထု ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်အမတ်တွေက ဖွဲ့စည်းလိုက်ကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အလွတ်သဘော ထိတွေ့ဆက်ဆံမှုမျိုး လုပ်ဆောင်သွားဖို့ အာဆီယံကို အဆိုပြုမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောတာကို ကိုးကားပြီး ကွာလာလမ်ပူ အခြေစိုက် မလေးမေးလ်သတင်းစာမှာ ဖော်ပြချက်ကို မြန်မာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကန့်ကွက်လိုက်ပါတယ်။

ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH၊ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ ပြည်သူ့ ကာကွယ်ရေး တပ် PDF နဲ့ အဖွဲ့ခွဲတွေကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့တွေ အဖြစ် ကြေညာထားတာကြောင့် မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ မှတ်ချက်နဲ့ အဆိုပြုချက်ဟာ မြန်မာနိုင်ငံတွင်း အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်မှုကို အားပေးရာ ရောက်နိုင်ကြောင်း ပြောဆိုကန့်ကွက်တာ ဖြစ်ပါတယ်။

မေလ ၅ ရက်နေ့မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးရှိပြီး NUG နဲ့ ဆက်ဆံလုပ်ကိုင်ရေးဟာ မလေးရှားက တင်သွင်းမယ့် အဆိုပြုချက် ၃ ခုထဲက တခုဖြစ်ပါတယ်။ ဒုတိယအဆိုပြုချက်ကတော့ မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားရေး အကူအညီကို ၂ ဆတိုးပေးဖို့ ဖြစ်ပြီး တတိယ အဆိုပြုချက်ကတော့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ အနေအထားနဲ့ လုပ်ငန်းတွေ ပိုမိုခိုင်မာအောင် နည်းလမ်းများ ရှာဖွေရေးပဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

##

Unicode





XS
SM
MD
LG