သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

9/11 နှစ်ပတ်လည်အောက်မေ့ဖွယ်များ အမေရိကန်တဝှမ်း ကျင်းပ


အမေရိကန်သမ္မတ Joe Biden စက်တင်ဘာ ၉ ရက် အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ အောက်မေ့ဖွယ် ၂၂ နှစ်ပြည့် အခမ်းအနားကို အလက်စကားပည်နယ် Anchorage အခြေစိုက် စစ်စခန်းမှာတက်ရောက်စဥ်။
အမေရိကန်သမ္မတ Joe Biden စက်တင်ဘာ ၉ ရက် အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ အောက်မေ့ဖွယ် ၂၂ နှစ်ပြည့် အခမ်းအနားကို အလက်စကားပည်နယ် Anchorage အခြေစိုက် စစ်စခန်းမှာတက်ရောက်စဥ်။

တတိုင်းပြည်လုံးညီညွတ်မှု စိတ်ဓါတ်ခွန်အားကို အမှတ်ရဖို့နဲ့ နိုင်ငံရေးအရအစွန်းရောက်မှုတွေမဖြစ်စေဖို့ အမေရိကန်ပြည်ထောင်စုအကြမ်းဖက်တိုက်ခိုက်ခံရတဲ့ ၂၂ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတခုမှာ သမ္မတ Joe Biden က ပြောလိုက်ပါတယ်။

အမေရိကန်သမ္မတ Joe Biden ဟာ Alaska ပြည်နယ် Anchorage အခြေစိုက် စစ်စခန်းမှာလုပ်တဲ့ 9/11 အကြမ်းဖက်တိုက်ခိုက်ခံရမှု ၂၂ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်ခဲ့တာဖြစ်ပြီး စစ်မှုထမ်းတွေ၊ အရေးပေါ် ကယ်ဆယ်ကူညီရေးဝန်ထမ်းတွေ၊ စစ်တပ်မိသားစုဝင်တွေကို တွေ့ဆုံခဲ့ပါတယ်။ သမ္မတဘိုင်ဒန်ဟာ G 20 ထိပ်သီးညီလာခံနဲ့ ဗီယက်နမ်နိုင်ငံ ပြည်ပခရီးစဉ်တွေကနေ တိုက်ရိုက်ဝင်ရောက်လာတာဖြစ်ပါတယ်။

တနင်္လာနေ့ကျရောက်တဲ့ 9/11 အကြမ်းဖက်တိုက်ခိုက်ခံရမှု ၂၂ နှစ်ပြည့် နှစ်ပတ်လည်အောက်မေ့ဖွယ်အခမ်းအနားတွေကို အမေရိကန်ပြည်ထောင်စုတဝှမ်းက မြို့တွေ၊ မီးသတ်ဌာနတွေ၊ ကျောင်းတွေမှာ လူစုလူဝေးနဲ့ အမှတ်တရ ပြုလုပ်ကြပါတယ်။ လွန်ခဲ့တဲ့ ၂၂ နှစ်မှာ အကြမ်းဖက်သမားတွေက လေယာဉ်သုံးစင်းကို စီးနင်းပြီး အမေရိကန်ပြည်ထောင်စုကို အကြမ်းဖက်တိုက်ခိုက်ရာမှာ နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦး၊ ပင်တဂွန်စစ်ဌာနချုပ်နေရာနဲ့ နောက်ဆုံးတစင်းကတော့ Pennsylvania ပြည်နယ်အနီး ကျေးလက်ဒေသကို ထိုးကျသွားပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် လူပေါင်း သုံးထောင်ကျော်သေဆုံးခဲ့ရတာပါ။ နယူးယောက် ကုန်သွယ်ရေးစင်တာမှာလုပ်တဲ့ အခမ်းအနားကိုတော့ ဒုသမ္မတ Kamala Harris တက်ရောက်ပါတယ်။ အဲဒီမှာတော့ သေဆုံးခဲ့ကြသူတွေရဲဥ အမည်ကို မိသားစုဆွေမျိုးတွေက ဂုဏ်ပြုရွတ်ဆို ဖတ်ကြားခဲ့ကြပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးတဲ့ လူ ၁၈၄ ဦီးကို ဂုဏ်ပြုတဲ့ 9/11 ပင်တဂွန်အောက်မေ့ဖွယ်နေရာမှာတော့ သမ္မတကတော် Jill Biden က ပန်းခွေသွားချပြီး အဲဒီမှာ ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ ပူးတွဲစစ်ဦီးစီးအဖွဲ့ ဥက္ကဋ္ဌ Mark Mille လည်း တက်ရောက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG