(Zawgyi/(Unicode)
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးအဖြစ် ဆက်ပြီး အသိအမှတ်ပြုဖို့ ကမ္ဘာတဝန်းမှာရှိတဲ့ မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေက ဒီရက်ပိုင်းတွေအတွင်း တောင်းဆို လှုပ်ရှားနေကြပါတယ်။ ဒီထဲမှာ အမေရိကန်က မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေလည် းပါဝင်ကြပါတယ်။
သူတို့ရဲ့မျှော်လင့်ချက်၊ လုပ်ဆောင်ချက် စတာတွေနဲ့ပတ်သက်ပြီး နယူးယောက်အခြေစိုက် NYCBC-NYC Burmese Community က မရှင်မင်း၊ ဗာဂျီးနီးယားအခြေစိုက် Freedom, Justice, Equality for Myanmar အဖွဲ့က ကိုမျိုးဇော်ဦးတို့နဲ့ ကိုကျော်ကျော်သိန်းက ဆက်သွယ် မေးမြန်း ဆွေးနွေးထားပါတယ်။
.........................
.........................
(Unicode)